မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေး.

တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထားရမယ်။.

ငါတို့လဲ လှပါသေးတယ်ဟ...!! title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ဒီအစီအစဉ်ပြီးရင် ဆွဲရေးရှိတယ်နော် . မပြန်ကြနဲ့ ဦး 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရေတွေကလဲ ကြီးလို့ ကို မပြီးတတ်တော့ဘူး စိတ်ညစ်တယ်သိလ 5ား

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Welcome to Dawna Thar.

Nov 30, 2010

BeeBe

Read More..

BeeBe

. Read More..

Zawgyi-One Keyboard ရှိပြီး မြန်မာစာ ရိုက်လို့မရရင်

မကြာမကြာတွေရတဲ့မေးခွန်လေးတခုပါ။ online ပေါ်ကို တတ်လာလိုက်ရင် မကြာခဏအမေးခံရတဲ့ မေးခွန်ပါ။ ကိုယ်ရဲ့ ကွန်ပျူတာမှာ Zawgyi Keyboard ကို Install လုပ်ထားပေမယ် မြန်မာစာရိုက်လို့မရဘူး ဆိုတာကို မကြာခဏဆိုသလိုတွေ့နေရပါမယ်။ ကဲဗျာ ဖြေရှင်းနည်းကို ဒီနေ့ ကျနော်တင်ပေးလိုက်ပါမယ်။.
Gtalk မှာဆိုရင်  Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် General tab အောက်က Change Fonts အောက်မှာ Zawgyi-One ကို ရွေးပြီးတော့ OK ပေးလိုက်ပါ။


Internet Explorer (IE) မှာ ဆိုရင်တော့  Internet Options ထဲကို ၀င်လိုက်ပါ။ အဲဒီအထဲမှာပဲ Fonts ကိုလိုက်ရှာပြီးတော့ Zawgyi-One လို့ပြောင်းလိုက်ပါ။
Mozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။
ဒီလောက်ဆိုရင်တော့ အဲဒီပြသာလေးကို ဖြေရှင်းပြီးလောက်ပြီထင်ပါရဲ့။
ကဲဗျာ Zawgyi က ဆေးကြိမ်လုံးနဲ့ လာပြီးတော့ ဥုံဖွလုပ်ပေးပါစေဗျာ။
Post by: ဝေဟင်အောင်
.

ကွန်ပျူတာကို မြန်ဆန်စေမယ် နည်းလမ်း (၅)မျိုး

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။. ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ. 






၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

ကဲ ကွန်ပျူတာကို ဘာပြသာနာမှ မပေးပါကြောင်းအာမခံပါတယ်ဗျာ။ လုပ်လေ့လုပ်ထကို သာအကျင့်လုပ်ထားလိုက်ပါ။ အဆင်ပြေကြပါစေ။

Post by: ဝေဟင်အောင်

Nov 29, 2010

*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*

*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*
Posted by sonesiyar.blogspot.com on 5:17 PM in ဖတ်မိကူးမိသမျှ, ၀ိပဿနာရှုနည်းများ | 0 comments
နိဗ္ဗာန်အကြောင်းနှင့် တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ပေါင်းတည်းဖြစ်ကြောင်း ပြပုံ
ကာယပသာဒမှာ ပေါ်သော ခန္ဓာငါးပါးပြပုံ
ခန္ဓာငါးပါး ဒုက္ခသစ္စာ တစ်ပေါင်းတည်းဖြစ်ပုံ
ပညာရကြောင်းနှစ်ချက် (အပြင်တစ်ချက်၊ အတွင်းတစ်ချက်)
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။.

ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ (ဖြောင့်စင်းဖို့ ပြောတာပါပဲ)

စကားလုံးနဲ့ တရားသား ကွဲအောင်သိပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးရမယ်။ ကွဲပြားအောင် ကိုယ့်သန္တာန်မှာ သိမှ ကျင့်လို့ရမှာ။

တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။

တရားနာတဲ့အခါမှာ အဓိကက မာန မခံရဘူး။ ငါသိပြီးသားလို့ မလုပ်ရဘူး။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာရက်ဆက်၊ ဆင်ခြင်အပ်၏။

သာသနာမှာ လာဘ်လာဘ အပူဇော် ဆိုတာက အခက်အရွက်၊ သီလမှာ သောင်တင်တယ် ဆိုတာက အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက အခေါက်၊ အဘိဉာဉ်တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့ အကာပဲ ရှိသေးတယ်တဲ့ နားလည်မလား၊ ဒါဖြင့် အဓိက အနှစ်က ဘာကိုခေါ်လဲ ဆိုတော့ အချိန်မရွေးနော် လွတ်မြောက်ဖို့ ကြိုးစားတဲ့.. လွတ်မြောက်ဖို့ကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး ကာလမရွေးမှာ ဉာဏ်တည့် လွတ်မြောက်ဖို့ သဘောတရား ရဖို့သာ အနှစ်သာရ..

ကိုယ်လိုချင်တာကို တကယ်ပေးနေ၊ ကျွေးနေတာက ကုသိုလ်ဓါတ်၊ ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်။
*မိုးကုတ်ဆရာတော်ဘုရား*

တရားတွေ နားလည်လာတဲ့အခါ၊ သူတော်ကောင်း ဖြစ်လာတဲ့အခါ အားလုံးကို အရှုံးပေးရတော့တယ်။ *စွန်းလွန်း ဆရာတော်ဘုရား*
(ဒီအဆုံးအမလေး ကတော့ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း တရားတော်များကနေ မှတ်သားမိတာပါ။)

မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား ထူးခြားမြတ်ဒါန။ *ယောဆရာတော်ဘုရား*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။ *ပိုင်းလော့ ဆရာတော်ဘုရား*

နိဗ္ဗာန်လိုချင်ရင် သူများအတင်း မပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်း မပြောနဲ့။ *ထွဋ်ခေါင်ဆရာတော်ဘုရား*

အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။

သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန် ပျက်ပြန် လောကဓံအရှိကို သဘောဥာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။
(ဒီအဆုံးအမလေးကိုတော့ ဓမ္မစေတီ ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်ကနေ မှတ်သားဖြစ်ခဲ့ တာပါ။)

အဆင်မပြေဘူးဆိုတာ စေတနာအထား မှားနေလို့ပါ၊ ပြင်လိုက်ပါ။

ဝီရိယအား လျော့လာတဲ့အခါ သဒ္ဓါတရားနဲ့ လွှမ်းမိုးပါ။

သီလမှာ ဣန္ဒြိယသံဝရ သီလက အမြတ်ဆုံး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို စောင့်ရှောက်တာ..။

အိုနာသေသို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား၊ ခိုကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား၊ ကိုယ်ပိုင်ဥစ္စာမရှိပါ ထားကာသွားရ မှာပါတကား၊ လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။

တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင်ခဏ တွေ့ကြရတာ၊ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ၊ ရင်ထဲအေးကြပါစေ။

တွေးချင်တာတွေးခွင့် ရှိပါတယ်။ ဒါပေမယ့် တွေးပြီးကြံပြီးတိုင်း အချိန်နဲ့အမျှ ပြီးဆုံးသွားတယ် ဆိုသော်လည်းပဲ အသွေးအသား၊ ရိုးတွင်းချဉ်ဆီအထိ ကိန်းသွားပြီး တစ်ချိန်မှာ အကျိုးပေးတော့မယ် ဆိုတာတော့ သိထားသင့်ပါတယ်။

လောကမှာ မြင်သမျှ၊ တွေ့သမျှအားလုံးသည် ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေချည်းပဲ။ သို့သော် ဉာဏ်ဓာတ်မီးနဲ့ ထိုးယူမှရမှာ..။ *ယောဆရာတော်ဘုရား*

အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက် မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့။
(မောဃရာဇ ပုဏ္ဏားကို ဟောသောတရား)

မှတ်ပါ. မနက်မိုးလင်းတိုင်း နေရမယ့်သက်တမ်း တစ်ရက်လျော့သွားတာကို နှလုံးသွင်းရပါတယ်၊ ဘုရားရှင်ဟောကြားတဲ့ သံသရာ ရှည်ပုံကိုလည်း ဆင်ခြင်ရပါတယ်။.

ဗုဒ္ဒဘာသာ အမျိုးအစား

ဗုဒ္ဓဘာသာ အမျိုးအစား ( ပေတံ )



သူငယ်ချင်းတွေ အားလုံးဖတ် နိုင်အောင် တင်ပေး၇ ပေမဲ ကျွှန်တော့ စာမဟုတ်ပါဘူး ။
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ထိခြင်း ၅ပါးဆိုတာ က အလင်္ကာ လေးနဲ မှတ်၇င် ခြေ ၊လက် ၊နဖူး ၊တံတောင် ။ ဒူး -ငါးဦးညီညွတ် စေ ပါ ။
မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့.......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။
မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့
ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့
ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား
ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။

ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့လာဘ်ရွှင်နေတာလဲ။
အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ
ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေနတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး
ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊
ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ
ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက်
သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊
သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ ---သမ္မာသဒ္ဓါ နဲ့မှားမှားယွင်းယွင်း ယုံကြည်တဲ့
----မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို
ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏"
ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကိုကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်းမဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ
ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။
ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို
သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ
တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊
အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက
ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက
ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု
ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက
မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို
ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို
ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်
ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည်
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယနယ်လှည့်ဓမ္မကထိက
ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုးနှင့် သစာလေးပါး တရားတော်
စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကိုသိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာ
နိုင်ပါကြောင်း။ အားလုံးပဲ
ကျန်းမာပျော်ရွှင် ကြပါစေ….. ) ..

Scroll Bar/ Boxဖြင့် Bloggerတွင် Postတင်မယ်

Scroll Bar/ Boxသည် မိမိ၏ Webpageအား နေရာယူမှု နည်းပါးပြီး တစ်ချိန်တည်းဖြင့် Postတစ်ခုကို Scrollလုပ်ရုံဖြင့် အလွယ်တကူ ဖတ်နိုင်ပါသည်။ ဤအကြောင်းအရာကိုတင်ဖို့ တောင်းဆိုလာသောကြောင့် တမျိုးတဖုံ အကျိုးရှိမလားဆိုပြီး တင်ဖြစ်လိုက်ပါတယ်။ အမှန်တကယ်လည်း အသုံးဝင်ပါတယ်။

ဒါဆို ထည့်ကြရအောင်... ၁။ Blogger ထဲသို့ Sign In၀င်ပါ။
၂။ Dashboard > New Postကို ခေါ်ပါ။
၃။ အောက်ပါ Codeကို Post boxတွင် သွင်းလိုက်ပါ။

1 <div style="border: 1px solid rgb(238, 238, 238); height: 200px; overflow: auto; padding: 10px; width: 300px;">
Your Text Here Here! </div>

၎။ Your Text Hereနေရာတွင် မိမိထည့်လိုသော အကြောင်းအရာများအား အပြည့်အစုံထည့်လိုက်ပါ။
၅။ Publish Postလုပ်လိုက်ပါ။ ပြီးပါပြီ။..
သင့်အတွက်မနက်ဖြန်မှ

အင်္ဂလိပ် - ဗမာ - ကရင် အဘိဓါန်

တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသားများ သွေးစည်းညီညွတ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသား Bloggerများစွာ ထွက်ရှိခဲ့ပါတယ်။ အားရစရာကောင်းပါတယ်။ ကျွန်တော်လည်း ထိုထဲက တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်က ပညာရေးနဲ့ ဘ၀ကို ဖြတ်သန်းနေပါသောကြောင့် I will apply my knowledge to my people whatever I have right now and whatever I will get in the futre. ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ် ဖြစ်ပါတယ်။.
ယခုတင်ပြမယ့် Postက ဆရာ Ogreမှ တင်ပြပြီးသား Postဖြစ်ပါတယ်။ သူရေးသားထားတဲ့
စာသားအတိုင်း တင်ပြသွားပါမယ်။

Eglish-ဗမာ-ကရင် Dictionary လေးပါ ။
Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .. :-P
ကရင် font အတွက်တော့
knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ..
.NET
Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့ ဒါလေးကို download ချပြီး install
လုပ်ဖို့တော့လိုပါတယ်ဗျာ ..
အဆင်ပြေပါစေ ... :-)

Size : 2.86 MB

Download
http://ifile.it/i4k3f08
-------------------------------------------------
OR
Download
http://www.zshare.net/download/63988837a4bc792b/
-------------------------------------------------
OR
Download
http://www.megaupload.com/?d=X8IY5LWZ
-------------------------------------------------
OR
Download
http://www.mediafire.com/?2fkou03mzor
------------------------------------------------- ..
သင့်အတွက်မနက်ဖြန်မှကူးယူသည်

ထိုင်းမှာကျင်းပခဲ.တဲ.မြန်မာ.အလှမယ်ပွဲ

ပုံစာ - ပထမဆုရရှိသူ မသဇင်မြင့် (အလယ်) နှင့် ဆုရရှိသူများ

ထိုင်းရိုးရာ တန်ဆောင်တိုင်မီးမျှောပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာအလှ မယ်ရွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ချစ်ကြည်ရေးတံတားထိပ်တွင် ယမန်နေ့ညက ကျင်းပရာ မြန် မာပရိသတ် (၅၀၀၀) ကျော်သွားရောက် အားပေးခဲ့ကြသည်။
1









အဆိုပါ မယ်ရွေးပွဲကို မဲဆောက်မြို့နယ် (ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်အဖွဲ့က ကျင်းပခြင်းဖြစ်ပြီး မဲဆောက် ဒေသတွင်းရှိ မြန်မာအလုပ်သမများ၊ မြန်မာကျောင်းသူများနှင့် မြ၀တီမြို့မှ လာရောက်ယှဉ်ပြိုင်သူတဦး အပါအ ၀င် (၁၀) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။.
မယ်ရွေးပွဲ အကဲဖြတ် ထိုင်းဒိုင်လူကြီး (၅) ဦးက မသဇင်မြင့် (ပထမ)၊ မစုမွန် (ဒုတိယ) နှင့် မစုမြတ်လှိုင် (တ တိယ) တို့ကို ရွေးချယ်ခဲ့ကြပြီး ပထမဆုရရှိသူကို သရဖူနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပထမဆု ရရှိသည့် မြ၀တီမှ မသဇင်မြင့်က “သမီးတို့ကို လာရောက်အားပေးကြတဲ့ မဲဆောက်ရောက် မြန်မာ တွေနဲ့ မြ၀တီက လာပြီး အားပေးကြတဲ့ မြန်မာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ၀တ်စုံနဲ့ ထိုင်းမှာ လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” ဟု ပြောသည်။

မယ်ရွေးပွဲ လာရောက်ကြည့်ရှုကြသည့် ဒေသခံများနှင့် မြန်မာများ သောင်းသောင်းဖြဖြ အားပေးကြသည့် ပြ ကွက်မှာ မြန်မာနိုင်ငံမယ်ရွေးပွဲစတိုင် မြန်မာ့ရိုးရာဝတ်စုံဖြင့် ကိုယ်ဟန်ပြသည့်ပြကွက်ကို သရုပ်ဖော်သွားသည့် မသဇင်မြင့်၏ ပြကွက်ဖြစ်သည်။

ပြိုင်ပွဲဝင် မြန်မာမယ် (၁၀) ဦးသည် ဒိုင်အဖွဲ့၏ ဉာဏ်စမ်းမေးခွန်းများကို ဖြေကြားရာတွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာပြောတတ်သူများ ပါရှိပြီး ပြိုင်ပွဲဝင် မြန်မာအလုပ်သမအချို့မှာ မြန်မာနိုင်မှ ဘွဲ့ရရှိ ထားသူများဖြစ်သည်။

(ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်ဥက္ကဌ နိုင်ဘွန်ချော့ဆူဝေ့ က “နှစ်နိုင်ငံချစ်ကြည်ရေးပိုမို ခိုင်မြဲစေဖို့အတွက် မီးမျှောပွဲ (လွိုင်းကထုံး) အထိမ်းအမှတ်အနေနဲ့ မြန်မာအလှမယ်ရွေးပွဲကို ထည့်သွင်းကျင်းပပေးတာဖြစ်တယ် မကြာခင်မှာလည်း မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကုန် သွယ်ရေးလုပ်ငန်းတွေနဲ့အတူ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုပြီး တိုးတက်လာမှာဖြစ်တယ်” ဟု ပြောသည်။

ထိုင်းဘက်ခြမ်းတွင် ပြုလုပ်သည့် ထိုင်းမီးမျှောပွဲတွင် ယခင်နှစ်များက မြ၀တီဘက်မှ လူများ လာရောက်ကြည့် ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ချစ်ကြည်ရေးတံတားကို ည (၁၂) နာရီအထိ အကန့်အသတ်ဖြင့် ဖွင့်ထား ပေးသော်လည်း ယခုနှစ်တွင် ဖွင့်လှစ်ပေးခြင်းမရှိဟု သိရသည်။

နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာ ရှိ လှေဆိပ်များကို မြန်မာဘက်မှ ပိတ်ထားသည်မှာ (၃) လကျော် ရှိပြီဖြစ်သည့်အတွက် ထိုင်းဘက်ခြမ်းတွင် ကျင်းပသည့် မီးမျှောပွဲကိုလာရောက်ရန် လှေဆိပ်များရှိ မြန်မာလုံခြုံရေးများနှင့် နားလည်မှုယူကာ လာရောက် ကြရသည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မဲဆောက်တွင် ပြုလုပ်သည့် မီးမျှောပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေး အလှမယ်ရွေးပွဲတွင် ယခင်က ထိုင်းနှင့်မြန်မာအလှမယ်များကို အတူတွဲ၍ ယှဉ်ပြိုင်စေခဲ့သော်လည်း လွန်ခဲ့သည့် (၂) နှစ်မှ စတင်ကာ မြန် မာမယ်ရွေးပွဲကို သီးသန့် စတင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
Posted by နှင်းဆွေဇင်ခိုင်



..

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!