မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေး.

တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထားရမယ်။.

ငါတို့လဲ လှပါသေးတယ်ဟ...!! title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ဒီအစီအစဉ်ပြီးရင် ဆွဲရေးရှိတယ်နော် . မပြန်ကြနဲ့ ဦး 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရေတွေကလဲ ကြီးလို့ ကို မပြီးတတ်တော့ဘူး စိတ်ညစ်တယ်သိလ 5ား

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Welcome to Dawna Thar.
Showing posts with label Free Call Software. Show all posts
Showing posts with label Free Call Software. Show all posts

Jun 10, 2013

Facebook အသုံးပြုသူတိုင်း Free Call (အလကား)ဖုန်းးခေါ်ဆိုနိုင်ပါသည်.

Facebook အသုံးပြုသူတိုင်း Free Call မိတ်ဆွေအချင်းချင်း ဖုန်း (အလကား) ခေါ်ဆိုနိုင်ပါသည်.အသုံးပြုတဲ့ Application ကတော့
 SAYTYA facebook Caller လို့ ခေါ်ပါတယ်..

 **facebook account ရှိ သူငယ်ချင်းမှန်သမျှ ဘယ်နေရာ/ဘယ်ဒေသဖြစ်ဖြစ် ခေါ်ဆိုနိုင်ပါတယ် 
Credit မလိုပါ.**

May 29, 2013

Viber သုံးပြီး free call ခေါ်မည်

 
Viber ချစ်သူများအတွက် Viber ရဲ့ ချစ်စရာကောင်းတဲ့ တခြား App လေးများထက် အားသာတဲ့ အချက်လေးတွေကို သိပြီးသားဖြစ်ပါလိမ့်မယ်။ တော်ရုံကွန်နက်ရှင် ရှိနေယုံနဲ့တင် Phone Call & SMS တွေကို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည် ကွန်နက်ရှင်နဲ့ကတော့ ဟလို ဟလို ဟလို နဲ့တင် ရှေ့ဆက်စကားပြော မရတာကိုတော့ သတိပြုစေလိုပါတယ် :P အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးနဲ့ ဂျပန်နိုင်ငံက နည်းပညာ အကူညီတွေ ပေးတော့မယ် စတဲ့ သတင်းကောင်းတွေ ဘယ်ပျောက်သွားလဲဆိုတာ လက်ရှိ ကွန်နက်ရှင် အသုံးပြုနေကျသူတွေ အသိပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ရတဲ့အခွင့်ရေးကို အသုံးချရမှာ Viber ချစ်သူတို့ရဲ့ တာဝန်ပဲလေ :) နဲနဲရလဲ နဲနဲအသုံးချတာပေါ့။ Viber နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နဲနဲပြောမယ်။

Nov 16, 2010

နိုင်ငံခြားကို Unlmited call ခေါ်နိုင်မယ့် Skype

နိုင်ငံခြားကို Unlmited call ခေါ်နိုင်မယ့် Skype


ကမ္ဘာကျော် Skype ဖုန်းကို ၂၀၀၃ ခုနှစ်တွင် eBay ပိုင်ဆိုင်သော စီးပွားရေးအုပ်စုကြီးမှ လူဇင်ဘတ်နိုင်ငံတွင် တည်ထောင်ခဲ့ပြီး ယခု အခါ ကမ္ဘာတဝန်း user သန်းပေါင်း ၂၀၀ ကျော် ရှိပြီး VOIP များထဲတွင် အမြင့်မားဆုံး နှုန်းဖြင့် ရပ်တည်နေပါတယ်။ Voip service တစ်ခုအနေဖြင့် user သန်း ၂၀၀ ကျော် ရှိတာဟာ Social Networking ဆိုက်တွေကို ကောင်းကောင်းယှဉ်နိုင်တဲ့ပမာဏပါ။ Social Networking site တွေထဲမှာ user အများဆုံး Facebook ကတော့ လက်ရှိ သန်း ၅၀၀ ကျော်နဲ့ရပ်တည်နေပါတယ်။ Skype ကို peak time တွေမှာဆိုရင် user ၂၃ သန်းလောက် တစ်ပြိုင်နက် အသုံးပြုနေကြတဲ့အတွက် server ရပ်ဆိုင်းသွားခြင်းမရှိအောင် အထူးစီစဉ်ဆောင်ရွက်ထားတဲ့အတွက် Reliable အရဆုံးနဲ့ delay အနည်းဆုံးဖြစ်ပါတယ်။ ယခုအခါ Google မှာ Call Phone service ဖြင့် ယှဉ်ပြိုင်လာသော်လည်း ကမ္ဘာတဝန်း လွယ်ကူစွာ ဝယ်ယူနိုင်စွမ်း (မြန်မာပြည်တွင်လည်းဝယ်ယူနိုင်ပါသည်)၊ device အမျိုးမျိုးအတွက် Software အလွယ်တကူရရှိနိုင်စွမ်း၊ Image ကောင်းမွန်မှု နဲ့ အဓိက ကျတဲ့ အသံအရည်အသွေး၊ တစ်မိနစ်ခေါ်ဆိုခနှုန်းတွေမှာတော့ Google မှ သိသာစွာယှဉ်ပြိုင်နိုင်ခြင်း မရှိသေးတဲ့အတွက် Voip လောကမှာတော့ ပန်းပန်လျက်ပါပဲ။

စင်္ကာပူအခြေစိုက် Star Hub မှ Pfingo service ဖြင့် စင်္ကာပူဈေးကွက်နှင့် အရှေ့တောင်အာရှ ဈေးကွက်တွေမှာ နေရာယူဖို့ ကြိုးစားနေပေမယ့် Unlimited plan များ ရွေးချယ်နိုင်စွမ်းမှာတော့ ဥရောပက Skype ကိုကောင်းကောင်းမယှဉ်နိုင်သေးပါဘူး။ ( ပီဖင်းဂိုးတွင် Singapore တစ်ခုသာ unlimited call ဝယ်ယူနိုင်ပါသည်)
Skype ကို အရှေ့အာရှ နိုင်ငံတွေမှာတော့ ဈေးကွက် အထူးစိုးမိုးမှုရှိနေပြီး ဂျပန် တွင်မူ Convenience Stores တွေမှာ လွယ်ကူစွာဝယ်ယူနိုင်ပါတယ်။

Skype မှာ ကမ္ဘာ့နိုင်ငံ အတော်များများကို Unlimited Call (အကန့်အသတ်မရှိ ခေါ်ဆိုနိုင်ခြင်း) ရှိတဲ့အတွက် ပြည်ပနှင့် ဆက်သွယ်အလုပ်လုပ်ကိုင်နေတဲ့ ပြည်တွင်းကုမဏီတစ်ချို့တွင် အသုံးချလာတာကို တွေ့ရပါတယ်။ အထူးအသုံးချနေတာကတော့ "ပီဖင်းဂိုး ဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပါသည်" လို့ အသိပေးထားတဲ့ အင်တာနက်ဆိုင်တော်တော်များများတွင် အသုံးချလာတာပါပဲ။ တစ်လောက ပြည်တွင်းနာမည်ကြီး ဂျာနယ်တစ်စောင်ရဲ့ ဖော်ပြချက်အရ ပီဖင်းဂိုးဈေးကွက်ရဲ့ ၂၅% ကို ၃ လအတွင်း Skype မှ ရယူသွားနိုင်တယ်လို့ သိရပါတယ်။

Skype နဲ့ ပက်သက်ပြီး အသေးစိတ် သိလို့ပါက www.skype.com တွင် လေ့လာနိုင်ပြီး များပြားလှတဲ့ ယနေ့ကမ္ဘာရဲ့ Mobile Devices အမျိုးမျိုးအတွက် Skype Softwares များကိုလည်း ရွေးချယ်ပြီး အခမဲ့ ရယူနိုင်ပါတယ်။ ယခုအခါ Skype ကို ipad, ipod touch နှင့် Sony PSP ကဲ့သို့သော ဖုန်း မဟုတ်တဲ့ device တွေမှာပါ အသုံးချလာနိုင်တဲ့အတွက် wifi ဧရိယာထဲ ရောက်လို့ လက်ကိုင်ဖုန်း မပါလာရင်တောင် လွယ်လင့်တကူ နိုင်ငံတကာကို ဆက်သွယ်နိုင်လာပါတယ်။

ပြည်တွင်းကုမ္ပဏီများအနေဖြင့် ရုံးပိုင်းဆန်ဆန် အသုံးပြုနိုင်ဖို့အတွက် ဥရောပ အခြေစိုက် Belkin မှ ထုတ်လုပ်တဲ့ Desktop Skype ဖုန်းများကိုလည်း ပြည်တွင်းရှိ ကွန်ပျူတာ အရောင်းဆိုင်ကြီးတွေမှာ ဒေါ်လာ ၁၅၀ ခန့်ဖြင့်ဝယ်ယူနိုင်နေပါပြီ။ အဆိုပါဖုန်းကို ကွန်ပျူတာအတွက် အင်တာနက် LAN 8 pin ကို တပ်ဆင်လိုက်ပြီး Account ထည့်သွင်းလိုက်ပါက သာမာန် (PSTN) ဖုန်းတွေလိုပဲ အသုံးပြုနိုင်ပါမယ်။ (အဲ..သာမာန်ဖုန်းဆိုလို့ ပြည်တွင်းတော့ မခေါ်လိုက်ပါနဲ့...မြန်မာပြည်ကို တစ်မိနစ်ကို ဒေါ်လာဝက်လောက်ကျသင့်တဲ့အတွက်ကြောင့်ပါ...နိုင်ငံခြားကို ခေါ်ရင်တော့ သက်သာပါတယ်)


Skype မှာ Unlimited ခေါ်ဆိုနိုင်မယ့် နိုင်ငံများကတော့ ၄၂ နိုင်ငံဖြစ်တဲ့အတွက် မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ အဆိုပါ ၄၂ နိုင်ငံမှာ မြန်မာပြည်နှင့် ကူးသန်းရောင်းဝယ်မှုပြုနေကြတဲ့ အဆက်အဆံရှိတဲ့ နိုင်ငံတွေ ပါဝင်နေတဲ့အတွက် ဝမ်းသာစရာပါပဲ။ ( အာဖရိက နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကတော့ မပါဝင်သေးကြောင်းပါ...)

Skype တွင် unlmited ခေါ်ဆိုနိုင်တဲ့နိုင်ငံများကတော့

ထိုင်း(မိုဘိုင်းအပါအဝင်)
စင်္ကာပူ (မိုဘိုင်းအပါအဝင်)
အမေရိကား (မိုဘိုင်းအပါအဝင်)
ဟောင်ကောင် (မိုဘိုင်းအပါအဝင်)
ကနေဒါ (မိုဘိုင်းအပါအဝင်)
တရုတ်(မိုဘိုင်းအပါအဝင်)
ပေါ်တိုရီကို(မိုဘိုင်းအပါအဝင်)
ဂူအမ်(မိုဘိုင်းအပါအဝင်)
အာဂျင်တီးနား
ၾသဇီ (ၾသစေၾတးလ်)
ၾသစႀတီးယား
ဘယ္ဂ်ီယံ
ခ်ီလီ
ချက်
ခရိုအေးရှား
ဒိန်းမက်
အက်စတိုးနီးယား
ဖင်လန်
ပြင်သစ်
ဂျာမနီ
ဂရိ
ဟန်ဂေရီ
အိုင်ယာလန်
အစ္စရေး
အီတလီ
ဂျပန်
တောင်ကိုရီးယား
လူဇင်ဘတ်
မလေးရှား
နယ်သာလန်
နယူးဇီလန်
နော်ဝေး
ပိုလန်
ပေါ်တူဂီ
ရုရှ
စလိုဗားကီးယား
စပိန်
ဆွီဒင်
ဆွစ်ဇာလန်
ထိုင်ဝမ်
ဗြိတိန် စတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင်တော့ တစ်နိုင်ငံတည်းဆိုရင် တစ်လကို ၇၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး နိုင်ငံ ၄၂ နိုင်ငံလုံးဆိုရင်တော့ တစ်လကို ၁၅၀၀၀ ကျပ်သာ ကျသင့်ပါမယ်။

အထက်ပါနိုင်ငံများထဲမှာ မြန်မာတွေအသွားများတဲ့ မလေးရှားကတော့ ကြိုးဖုန်းကိုပဲ unlimited ရတဲ့အတွက် ကုမ္ပဏီတွေအနေဖြင့် ကြိုးဖုန်းသို့ ခေါ်ဆိုမှုများသော်လည်း အင်တာနက်ဆိုင်များနှင့် personal call ခေါ်ဆိုလူများအနေဖြင့်
Skype ရဲ့ credit plan ( ကြိုက်သလောက်ပြော ကျသလောက်ရှင်း plan)နဲ့
Skype ရဲ့ Limited Minutes plan ( မိနစ် ပုတ်ပြတ်plan) တွေကို ထပ်မံရွေးချယ်ခွင့်ရှိပါသေးတယ်။

Credit plan ဆိုတာကတော့ ပီဖင်းဂိုး Credit ကဲ့သို့ပဲ ငွေထည့်ထားပြီး ခေါ်ဆိုသလောက် နှုန်းသွားတာပါ။ မလေးရှားကို တစ်မိနစ်ကို ၆၀ ကျပ်လောက်ကျပါမယ်။ Credit ၅ ဒေါ်လာ ကို ၆၀၀၀ ကျပ်။ Credit ၁၀ ဒေါ်လာကို ၁၁၅၀၀ ကျပ် နှုန်းဖြင့်ဝယ်ယူနိုင်ပါတယ်။

Limited Minutes plan (မိနစ် ပုတ်ပြတ် plan) မှာတော့ မိမိ ခေါ်ဆိုလိုတဲ့ နိုင်ငံကို တစ်လအတွင်း မိနစ် ၆၀၊ မိနစ် ၁၂၀၊ မိနစ် ၄၀၀ စသဖြင့် အပြတ်ဝယ်ယူထားတာပါ။ အင်တာနက်ဆိုင်တွေ ဝယ်ယူမှုအများဆုံး plan ပါပဲ။
အင်တာနက်ဆိုင်တွေ အယူများတာတွေကတော့
မလေး မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
ကိုရီးယား မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
ရုရှ မိနစ် ၄၀၀ - ၁၇၀၀၀ ကျပ်
အိန္ဒိယ မိနစ် ၄၀၀ - ၁၂၀၀၀ ကျပ်

မလေး မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
ကိုရိးယား မိနစ် ၁၂၀ - ၆၀၀၀ ကျပ်
တို့ပဲဖြစ်ပါတယ်။

Skype ဝယ်ယူမယ်ဆိုရင် ရွေးချယ်စရာသုံးမျိုး
(၁) Unlmited Call (တစ်လ ၇၅၀၀ (သို့) ၁၅၀၀၀ ကျပ် ၄၂နိုင်ငံသာ)
(၂) မိနစ်ပုတ်ပြတ် (Limited Minute)
(၃)Credit တို့ပဲဖြစ်ပါတယ်။

ထာဝရချစ်သူများမှ ကူးယူသည်..

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!