မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေး.

တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထားရမယ်။.

ငါတို့လဲ လှပါသေးတယ်ဟ...!! title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ဒီအစီအစဉ်ပြီးရင် ဆွဲရေးရှိတယ်နော် . မပြန်ကြနဲ့ ဦး 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရေတွေကလဲ ကြီးလို့ ကို မပြီးတတ်တော့ဘူး စိတ်ညစ်တယ်သိလ 5ား

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Welcome to Dawna Thar.

Nov 30, 2010

BeeBe

Read More..

BeeBe

. Read More..

Zawgyi-One Keyboard ရှိပြီး မြန်မာစာ ရိုက်လို့မရရင်

မကြာမကြာတွေရတဲ့မေးခွန်လေးတခုပါ။ online ပေါ်ကို တတ်လာလိုက်ရင် မကြာခဏအမေးခံရတဲ့ မေးခွန်ပါ။ ကိုယ်ရဲ့ ကွန်ပျူတာမှာ Zawgyi Keyboard ကို Install လုပ်ထားပေမယ် မြန်မာစာရိုက်လို့မရဘူး ဆိုတာကို မကြာခဏဆိုသလိုတွေ့နေရပါမယ်။ ကဲဗျာ ဖြေရှင်းနည်းကို ဒီနေ့ ကျနော်တင်ပေးလိုက်ပါမယ်။.
Gtalk မှာဆိုရင်  Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် General tab အောက်က Change Fonts အောက်မှာ Zawgyi-One ကို ရွေးပြီးတော့ OK ပေးလိုက်ပါ။


Internet Explorer (IE) မှာ ဆိုရင်တော့  Internet Options ထဲကို ၀င်လိုက်ပါ။ အဲဒီအထဲမှာပဲ Fonts ကိုလိုက်ရှာပြီးတော့ Zawgyi-One လို့ပြောင်းလိုက်ပါ။
Mozilla Firefox မှာ ဆိုရင်တော့ Tools အောက်က Options ထဲကို ၀င်လိုက်ပါ။ Content tab ကို နှိပ်ပြီးတော့ Default font မှာ Zawgyi-One လို့ပဲ ပြောင်းပေးလိုက်ပါ။
ဒီလောက်ဆိုရင်တော့ အဲဒီပြသာလေးကို ဖြေရှင်းပြီးလောက်ပြီထင်ပါရဲ့။
ကဲဗျာ Zawgyi က ဆေးကြိမ်လုံးနဲ့ လာပြီးတော့ ဥုံဖွလုပ်ပေးပါစေဗျာ။
Post by: ဝေဟင်အောင်
.

ကွန်ပျူတာကို မြန်ဆန်စေမယ် နည်းလမ်း (၅)မျိုး

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။. ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ. 






၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

ကဲ ကွန်ပျူတာကို ဘာပြသာနာမှ မပေးပါကြောင်းအာမခံပါတယ်ဗျာ။ လုပ်လေ့လုပ်ထကို သာအကျင့်လုပ်ထားလိုက်ပါ။ အဆင်ပြေကြပါစေ။

Post by: ဝေဟင်အောင်

Nov 29, 2010

*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*

*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*
Posted by sonesiyar.blogspot.com on 5:17 PM in ဖတ်မိကူးမိသမျှ, ၀ိပဿနာရှုနည်းများ | 0 comments
နိဗ္ဗာန်အကြောင်းနှင့် တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ပေါင်းတည်းဖြစ်ကြောင်း ပြပုံ
ကာယပသာဒမှာ ပေါ်သော ခန္ဓာငါးပါးပြပုံ
ခန္ဓာငါးပါး ဒုက္ခသစ္စာ တစ်ပေါင်းတည်းဖြစ်ပုံ
ပညာရကြောင်းနှစ်ချက် (အပြင်တစ်ချက်၊ အတွင်းတစ်ချက်)
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။.

ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ (ဖြောင့်စင်းဖို့ ပြောတာပါပဲ)

စကားလုံးနဲ့ တရားသား ကွဲအောင်သိပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးရမယ်။ ကွဲပြားအောင် ကိုယ့်သန္တာန်မှာ သိမှ ကျင့်လို့ရမှာ။

တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။

တရားနာတဲ့အခါမှာ အဓိကက မာန မခံရဘူး။ ငါသိပြီးသားလို့ မလုပ်ရဘူး။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာရက်ဆက်၊ ဆင်ခြင်အပ်၏။

သာသနာမှာ လာဘ်လာဘ အပူဇော် ဆိုတာက အခက်အရွက်၊ သီလမှာ သောင်တင်တယ် ဆိုတာက အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက အခေါက်၊ အဘိဉာဉ်တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့ အကာပဲ ရှိသေးတယ်တဲ့ နားလည်မလား၊ ဒါဖြင့် အဓိက အနှစ်က ဘာကိုခေါ်လဲ ဆိုတော့ အချိန်မရွေးနော် လွတ်မြောက်ဖို့ ကြိုးစားတဲ့.. လွတ်မြောက်ဖို့ကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး ကာလမရွေးမှာ ဉာဏ်တည့် လွတ်မြောက်ဖို့ သဘောတရား ရဖို့သာ အနှစ်သာရ..

ကိုယ်လိုချင်တာကို တကယ်ပေးနေ၊ ကျွေးနေတာက ကုသိုလ်ဓါတ်၊ ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်။
*မိုးကုတ်ဆရာတော်ဘုရား*

တရားတွေ နားလည်လာတဲ့အခါ၊ သူတော်ကောင်း ဖြစ်လာတဲ့အခါ အားလုံးကို အရှုံးပေးရတော့တယ်။ *စွန်းလွန်း ဆရာတော်ဘုရား*
(ဒီအဆုံးအမလေး ကတော့ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း တရားတော်များကနေ မှတ်သားမိတာပါ။)

မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား ထူးခြားမြတ်ဒါန။ *ယောဆရာတော်ဘုရား*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။ *ပိုင်းလော့ ဆရာတော်ဘုရား*

နိဗ္ဗာန်လိုချင်ရင် သူများအတင်း မပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်း မပြောနဲ့။ *ထွဋ်ခေါင်ဆရာတော်ဘုရား*

အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။

သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန် ပျက်ပြန် လောကဓံအရှိကို သဘောဥာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။
(ဒီအဆုံးအမလေးကိုတော့ ဓမ္မစေတီ ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်ကနေ မှတ်သားဖြစ်ခဲ့ တာပါ။)

အဆင်မပြေဘူးဆိုတာ စေတနာအထား မှားနေလို့ပါ၊ ပြင်လိုက်ပါ။

ဝီရိယအား လျော့လာတဲ့အခါ သဒ္ဓါတရားနဲ့ လွှမ်းမိုးပါ။

သီလမှာ ဣန္ဒြိယသံဝရ သီလက အမြတ်ဆုံး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို စောင့်ရှောက်တာ..။

အိုနာသေသို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား၊ ခိုကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား၊ ကိုယ်ပိုင်ဥစ္စာမရှိပါ ထားကာသွားရ မှာပါတကား၊ လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။

တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင်ခဏ တွေ့ကြရတာ၊ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ၊ ရင်ထဲအေးကြပါစေ။

တွေးချင်တာတွေးခွင့် ရှိပါတယ်။ ဒါပေမယ့် တွေးပြီးကြံပြီးတိုင်း အချိန်နဲ့အမျှ ပြီးဆုံးသွားတယ် ဆိုသော်လည်းပဲ အသွေးအသား၊ ရိုးတွင်းချဉ်ဆီအထိ ကိန်းသွားပြီး တစ်ချိန်မှာ အကျိုးပေးတော့မယ် ဆိုတာတော့ သိထားသင့်ပါတယ်။

လောကမှာ မြင်သမျှ၊ တွေ့သမျှအားလုံးသည် ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေချည်းပဲ။ သို့သော် ဉာဏ်ဓာတ်မီးနဲ့ ထိုးယူမှရမှာ..။ *ယောဆရာတော်ဘုရား*

အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက် မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့။
(မောဃရာဇ ပုဏ္ဏားကို ဟောသောတရား)

မှတ်ပါ. မနက်မိုးလင်းတိုင်း နေရမယ့်သက်တမ်း တစ်ရက်လျော့သွားတာကို နှလုံးသွင်းရပါတယ်၊ ဘုရားရှင်ဟောကြားတဲ့ သံသရာ ရှည်ပုံကိုလည်း ဆင်ခြင်ရပါတယ်။.

ဗုဒ္ဒဘာသာ အမျိုးအစား

ဗုဒ္ဓဘာသာ အမျိုးအစား ( ပေတံ )



သူငယ်ချင်းတွေ အားလုံးဖတ် နိုင်အောင် တင်ပေး၇ ပေမဲ ကျွှန်တော့ စာမဟုတ်ပါဘူး ။
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ထိခြင်း ၅ပါးဆိုတာ က အလင်္ကာ လေးနဲ မှတ်၇င် ခြေ ၊လက် ၊နဖူး ၊တံတောင် ။ ဒူး -ငါးဦးညီညွတ် စေ ပါ ။
မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့.......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။
မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့
ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့
ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား
ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။

ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့လာဘ်ရွှင်နေတာလဲ။
အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ
ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေနတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး
ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊
ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ
ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက်
သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊
သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ ---သမ္မာသဒ္ဓါ နဲ့မှားမှားယွင်းယွင်း ယုံကြည်တဲ့
----မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို
ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏"
ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကိုကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်းမဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ
ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။
ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို
သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ
တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊
အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက
ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက
ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု
ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက
မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို
ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို
ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်
ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည်
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယနယ်လှည့်ဓမ္မကထိက
ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုးနှင့် သစာလေးပါး တရားတော်
စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကိုသိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာ
နိုင်ပါကြောင်း။ အားလုံးပဲ
ကျန်းမာပျော်ရွှင် ကြပါစေ….. ) ..

Scroll Bar/ Boxဖြင့် Bloggerတွင် Postတင်မယ်

Scroll Bar/ Boxသည် မိမိ၏ Webpageအား နေရာယူမှု နည်းပါးပြီး တစ်ချိန်တည်းဖြင့် Postတစ်ခုကို Scrollလုပ်ရုံဖြင့် အလွယ်တကူ ဖတ်နိုင်ပါသည်။ ဤအကြောင်းအရာကိုတင်ဖို့ တောင်းဆိုလာသောကြောင့် တမျိုးတဖုံ အကျိုးရှိမလားဆိုပြီး တင်ဖြစ်လိုက်ပါတယ်။ အမှန်တကယ်လည်း အသုံးဝင်ပါတယ်။

ဒါဆို ထည့်ကြရအောင်... ၁။ Blogger ထဲသို့ Sign In၀င်ပါ။
၂။ Dashboard > New Postကို ခေါ်ပါ။
၃။ အောက်ပါ Codeကို Post boxတွင် သွင်းလိုက်ပါ။

1 <div style="border: 1px solid rgb(238, 238, 238); height: 200px; overflow: auto; padding: 10px; width: 300px;">
Your Text Here Here! </div>

၎။ Your Text Hereနေရာတွင် မိမိထည့်လိုသော အကြောင်းအရာများအား အပြည့်အစုံထည့်လိုက်ပါ။
၅။ Publish Postလုပ်လိုက်ပါ။ ပြီးပါပြီ။..
သင့်အတွက်မနက်ဖြန်မှ

အင်္ဂလိပ် - ဗမာ - ကရင် အဘိဓါန်

တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသားများ သွေးစည်းညီညွတ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသား Bloggerများစွာ ထွက်ရှိခဲ့ပါတယ်။ အားရစရာကောင်းပါတယ်။ ကျွန်တော်လည်း ထိုထဲက တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်က ပညာရေးနဲ့ ဘ၀ကို ဖြတ်သန်းနေပါသောကြောင့် I will apply my knowledge to my people whatever I have right now and whatever I will get in the futre. ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ် ဖြစ်ပါတယ်။.
ယခုတင်ပြမယ့် Postက ဆရာ Ogreမှ တင်ပြပြီးသား Postဖြစ်ပါတယ်။ သူရေးသားထားတဲ့
စာသားအတိုင်း တင်ပြသွားပါမယ်။

Eglish-ဗမာ-ကရင် Dictionary လေးပါ ။
Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .. :-P
ကရင် font အတွက်တော့
knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ..
.NET
Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့ ဒါလေးကို download ချပြီး install
လုပ်ဖို့တော့လိုပါတယ်ဗျာ ..
အဆင်ပြေပါစေ ... :-)

Size : 2.86 MB

Download
http://ifile.it/i4k3f08
-------------------------------------------------
OR
Download
http://www.zshare.net/download/63988837a4bc792b/
-------------------------------------------------
OR
Download
http://www.megaupload.com/?d=X8IY5LWZ
-------------------------------------------------
OR
Download
http://www.mediafire.com/?2fkou03mzor
------------------------------------------------- ..
သင့်အတွက်မနက်ဖြန်မှကူးယူသည်

ထိုင်းမှာကျင်းပခဲ.တဲ.မြန်မာ.အလှမယ်ပွဲ

ပုံစာ - ပထမဆုရရှိသူ မသဇင်မြင့် (အလယ်) နှင့် ဆုရရှိသူများ

ထိုင်းရိုးရာ တန်ဆောင်တိုင်မီးမျှောပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာအလှ မယ်ရွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ချစ်ကြည်ရေးတံတားထိပ်တွင် ယမန်နေ့ညက ကျင်းပရာ မြန် မာပရိသတ် (၅၀၀၀) ကျော်သွားရောက် အားပေးခဲ့ကြသည်။
1









အဆိုပါ မယ်ရွေးပွဲကို မဲဆောက်မြို့နယ် (ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်အဖွဲ့က ကျင်းပခြင်းဖြစ်ပြီး မဲဆောက် ဒေသတွင်းရှိ မြန်မာအလုပ်သမများ၊ မြန်မာကျောင်းသူများနှင့် မြ၀တီမြို့မှ လာရောက်ယှဉ်ပြိုင်သူတဦး အပါအ ၀င် (၁၀) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။.
မယ်ရွေးပွဲ အကဲဖြတ် ထိုင်းဒိုင်လူကြီး (၅) ဦးက မသဇင်မြင့် (ပထမ)၊ မစုမွန် (ဒုတိယ) နှင့် မစုမြတ်လှိုင် (တ တိယ) တို့ကို ရွေးချယ်ခဲ့ကြပြီး ပထမဆုရရှိသူကို သရဖူနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပထမဆု ရရှိသည့် မြ၀တီမှ မသဇင်မြင့်က “သမီးတို့ကို လာရောက်အားပေးကြတဲ့ မဲဆောက်ရောက် မြန်မာ တွေနဲ့ မြ၀တီက လာပြီး အားပေးကြတဲ့ မြန်မာတွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ၀တ်စုံနဲ့ ထိုင်းမှာ လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” ဟု ပြောသည်။

မယ်ရွေးပွဲ လာရောက်ကြည့်ရှုကြသည့် ဒေသခံများနှင့် မြန်မာများ သောင်းသောင်းဖြဖြ အားပေးကြသည့် ပြ ကွက်မှာ မြန်မာနိုင်ငံမယ်ရွေးပွဲစတိုင် မြန်မာ့ရိုးရာဝတ်စုံဖြင့် ကိုယ်ဟန်ပြသည့်ပြကွက်ကို သရုပ်ဖော်သွားသည့် မသဇင်မြင့်၏ ပြကွက်ဖြစ်သည်။

ပြိုင်ပွဲဝင် မြန်မာမယ် (၁၀) ဦးသည် ဒိုင်အဖွဲ့၏ ဉာဏ်စမ်းမေးခွန်းများကို ဖြေကြားရာတွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာပြောတတ်သူများ ပါရှိပြီး ပြိုင်ပွဲဝင် မြန်မာအလုပ်သမအချို့မှာ မြန်မာနိုင်မှ ဘွဲ့ရရှိ ထားသူများဖြစ်သည်။

(ထာ့စိုင်လို့ဝပ်) အပိုင် မြူနီစပယ်ဥက္ကဌ နိုင်ဘွန်ချော့ဆူဝေ့ က “နှစ်နိုင်ငံချစ်ကြည်ရေးပိုမို ခိုင်မြဲစေဖို့အတွက် မီးမျှောပွဲ (လွိုင်းကထုံး) အထိမ်းအမှတ်အနေနဲ့ မြန်မာအလှမယ်ရွေးပွဲကို ထည့်သွင်းကျင်းပပေးတာဖြစ်တယ် မကြာခင်မှာလည်း မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကုန် သွယ်ရေးလုပ်ငန်းတွေနဲ့အတူ နှစ်နိုင်ငံချစ်ကြည်ရေးဟာ ပိုပြီး တိုးတက်လာမှာဖြစ်တယ်” ဟု ပြောသည်။

ထိုင်းဘက်ခြမ်းတွင် ပြုလုပ်သည့် ထိုင်းမီးမျှောပွဲတွင် ယခင်နှစ်များက မြ၀တီဘက်မှ လူများ လာရောက်ကြည့် ရှုနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ချစ်ကြည်ရေးတံတားကို ည (၁၂) နာရီအထိ အကန့်အသတ်ဖြင့် ဖွင့်ထား ပေးသော်လည်း ယခုနှစ်တွင် ဖွင့်လှစ်ပေးခြင်းမရှိဟု သိရသည်။

နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် တံတားဘေးဝဲယာ ရှိ လှေဆိပ်များကို မြန်မာဘက်မှ ပိတ်ထားသည်မှာ (၃) လကျော် ရှိပြီဖြစ်သည့်အတွက် ထိုင်းဘက်ခြမ်းတွင် ကျင်းပသည့် မီးမျှောပွဲကိုလာရောက်ရန် လှေဆိပ်များရှိ မြန်မာလုံခြုံရေးများနှင့် နားလည်မှုယူကာ လာရောက် ကြရသည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မဲဆောက်တွင် ပြုလုပ်သည့် မီးမျှောပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေး အလှမယ်ရွေးပွဲတွင် ယခင်က ထိုင်းနှင့်မြန်မာအလှမယ်များကို အတူတွဲ၍ ယှဉ်ပြိုင်စေခဲ့သော်လည်း လွန်ခဲ့သည့် (၂) နှစ်မှ စတင်ကာ မြန် မာမယ်ရွေးပွဲကို သီးသန့် စတင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
Posted by နှင်းဆွေဇင်ခိုင်



..

Nov 24, 2010

Blog Page

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် ( ၅ )

မှတ်သားစရာနိုင်ငံအလံသင်္ကတများ

ကမ္ဘာပေါ်တွင် နေမင်းသင်္ကတကိုအသုံးပြုသော နိုင်ငံပေါင်း ( ၁၀ ) နိုင်ငံရှိသည်။ လ၀န်းပုံတံဆိပ်ကိုအသုံးပြုသော နိုင်ငံပေါင်း ( ၅ ) နိုင်ငံရှိသည်။ ငါးထောင့်ကြယ်၊ ခြောက်ထောင့်ကြယ် သင်္ကတကိုအသုံးပြုသောနိုင်ငံပေါင်း ( ၅၈ ) နိုင်ငံရှိသည်။ ကြက်ခြေခတ်အတည့်၊ အမြှောက်လက္ခဏာပုံစံကိုအသုံးပြုသောနိုင်ငံပေါင်း ( ၁၉ ) နိုင်ငံရှိသည်။ တြိဂံအမှတ်အသားကိုအသုံးပြုသောနိုင်ငံပေါင်း ( ၂၈ ) နိုင်ငံရှိသည်။ ထူးထူးခြားခြား သကြားပင်အရွက်ကို အမျိုးသားအမှတ်သင်္ကတအဖြစ်အသုံးပြုသည့် နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်သည်။.

အသက်ကို ကိုယ်ဝန်စရှိကတည်းကတွက်သည့်လူမျိုး

မြန်မာလူမျိုးတွေဟာ လူတစ်ယောက်ရဲ့အသက်ကိုရေတွက်ရင် မွေးဖွားပြီးမှအသက်ကို စတင်ရေတွက်ကြပါတယ်။ ဒါပေမယ့် ကိုရီးယား တရုတ်စတဲ့ အရှေ့အာရှနိုင်ငံတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ၀မ်းထဲမှာစတင်သန္ဓေတည်ကတည်းက အသက်ကိုရေတွက်ကြ ပါတယ်။

ပိရမစ်အများဆုံးရှိသည့်နိုင်ငံ

ပိရမစ်ကြီးတွေဟာ အီဂျစ်နိုင်ငံမှာပဲ အများဆုံးရှိတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ တောင်အမေရိကတိုက် ပီရူးနိုင်ငံမှာရှိတဲ့ ပိရမစ်တွေရဲ့ အရေအတွက်ဟာ အီဂျစ်နိုင်ငံက ပိရမစ်တွေထက်များတယ်လို့ဆိုပါတယ်။

(ကိုယ်တိုင်လုပ်ကြည့်ပါ ထူးဆန်းမှုကိုသိလိမ့်မည် )

တံတောင်ဆစ်ကိုလျှာနဲ့လျက်ကြည့်ပါ၊ လျက်လို့မရတာကိုတွေ့ရပါလိမ့်မယ်။

အီဖယ်မျှော်စင်ရဲ့အလေးချိန်

ပြင်သစ်နိုင်ငံမှာ ကမ္ဘာကျော်မျှော်စင်ကြီးတစ်ခုရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီမြို့မှာရှိပြီး အီဖယ်မျှော်စင်လို့ခေါ်ပါတယ်။ အဲဒီ မျှော်စင်ရဲ့အလေးချိန်ဟာ ဆင်အကောင်ရေတစ်ထောင်ကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

မြင်း၏မြင်နိုင်စွမ်း

မြင်း၏မျက်လုံးများသည် သူ့ခြေလေးချောင်းစလုံးကို တစ်ပြိုင်နက်မြင်နိုင်သည်ဟုဆိုပါသည်။

အရောင်နှစ်မျိုးစလုံးကိုမြင်သည့်ရွှေငါး

ရွှေငါးများသည်ထွင်းဖေါက်အပူပေးသည့် မမြင်ရသော ရောင်ခြည်နှင့်ခရမ်းလွန်ရောင်ခြည်နှစ်မျိုးစလုံးကို မြင်နိုင်သောသတ္တ၀ါ ဖြစ်သည်။

လိပ်ပြာ၏မူလအမည်

လိပ်ပြာ ( Butterfly ) ၏မူလအမည်မှာ ( Flutterby ) ဖြစ်သည်။

ဆပ်ပြာကိုစတင်အသုံးပြုသောလူမျိုး

ကမ္ဘာပေါ်တွင်ဆပ်ပြာကိုပထမဆုံးအသုံးပြုသူများမှာ ဘီစီ ၂၅၀၀ခန့်က ဆူမားရီးယန်းလူမျိုးများဖြစ်သည်ဟုဆိုသည်။ ဆပ်ပြာကို ရေ၊ အယ်ကာလီ ( အက်စစ်၏သတ္တိကိုပယ်စေသော အရာဝတ္ထုနှင့်ပွေးကိုင်းပါဝင်ကာပြုလုပ်ထားလေသည်။

ကမ္ဘာပေါ်တွင် ရဲ ( Police ) ပေါ်ပေါက်လာပုံ

ကမ္ဘာပေါ်တွင် ရဲသည် ခရစ်တော်မွေးဖွားသည့်အချိန်ကစတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ဆီဆာသြဂတ်စတပ်စ် (Caecar Augustue ) သည် ရောမမြို့တော်အတွက် အထူးရဲတပ်ဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။ အဆိုပါရဲသည် နှစ်ပေါင်း ၃၅၀ကျော်ကြာရှည်ခဲ့သည်။ သို့သော်အဆိုပါရဲတပ်ဖွဲ့သည် ဘုရင်အမိန့်အတိုင်းသာဆောင်ရွက်ရသည်။ ၈ရာစုတွင်ရဲအဖွဲ့သည် ဘုရင်အမိန့်အစား ဥပဒေကို လိုက်နာကြလေသည်။

ဆွီဒင်နိုင်ငံတွင်ဘုရင်ဖြစ်သွားသူ

ဆွီဒင်နိုင်ငံတွင်ဘုရင်ဖြစ်သွားသူမှာ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးနပိုလီယံ၏ စစ်သေနာပတိ ယန်းဘာနာဒက်တီ ဖြစ်ပါသည်။
....ရေးသူ ညီမင်းညို

အသက်ရှည်ဆေး(ပျားရည်)

ပျားရည် ကို မြန်မာမှုနယ်ပယ်မှာ အသက်ရှည်ဆေး လို့ တင်စားကြပါတယ်။ ပန်းပေါင်းတစ်ထောင်လို့လဲ တင်စား ခေါ်ဝေါ်ကြပါတယ်။ ပျားရည်ကို မြန်မာအမည် ပျားရည် ၊ ပါဠိအမည် မဓု ၊ သက္ကတအမည် မဓု Madhu, Makshika ၊ ဟိန္ဒီ အမည် Ben, Madha စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ မြန်မာ ဘယဆေးလောကမှာ သစ်ရွက်ပေါင်း တစ်ထောင်မှာ (ဆိတ်ချေး) ၊ အခိုးပေါင်းတစ်ထောင်မှာ (ကျပ်ခိုး) ၊ ပန်းပေါင်းတစ်ထောင်မှာ (ပျားရည်) လို့ ဆိုးရိုးရှိပါတယ်။.
ပျားရည်ရဲ့ ဂုဏ်နဲ့အစွမ်းကတော့ .....
ပျားရည်စစ်လျှင် ပြောင်းလဲဖောက်ပြန်မှု မရှိပေ။ တိုးလာခြင်း ၊ လျော့နည်းသွားခြင်းလည်း မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်မှ အီဂျစ်ရှိ ဖေရို ဘုရင်များ၏ ဂူသင်္ချိုင်းများကို တူးဖော်ရာတွင် ပျားရည်များကို တွေ့ရှိရသည်ဟု ဆိုသည်။ အဆိုပါ ပျားရည်များသည် နှစ်ပေါင်းများစွာကြာမြင့်သော်လည်းအရသာမပျက်ပေ။ သို့ရာတွင် အရောင်မှာ မည်းညစ်နေသည်ဟု ဆိုပေသည်။ ဤသည်မှာ ထူးခြားလှသော ပျားရည်၏ ၀ိသေသ လက္ခဏာ ရပ်ဖြစ်ပေသည်။
ဘုရားလက်ထက်
ဗုဒ္ဓရှင်တော်ဘုရားသည် ရဟန်းတော်များနှင့် သတ္တ၀ါတို့အား အသက်ရှည်ရာ အနာကင်းဝေးရေးအတွက် ပျားရည် အဓိကပါသည့် (စတုမဓူဆေး) တော်ကို မဟာဝါဘေသဇ္ဇခန္ဓ၀ဂ် တွင် ဟောတော်မူခဲ့သည်။ ထို့ကြောင့် ရှင်တော်ဗုဒ္ဓ ၏ ပထမဦးဆုံးသော အသက်ရှည်ရာအနာကင်းကြောင်းဆေးတော်ဟု ဆိုသင့်လှပေသည်။ ထို့ကြောင့် မြန်မာ့ရှေးသူဟောင်း တို့သည် စတုမဓူ အသက်ရှည်ဆေးကို အမြတ်တနိုးထားကာ မှီဝဲသုံးဆောင်ခဲ့ကြသည်။ သုံးဆောင်ဆဲလည်း ဖြစ်သည်။ ထို့ကြောင့် နောင်လာနောက်သားတို့ မှတ်သားလွယ်ကူစေရန် ကဗျာတို့ဖြင့် ဖွဲ့နွဲ့ သီကုံးခဲ့ကြသည်။ ယင်းတို့မှာ
(၁) နှမ်း ၊ ထော ၊ တင် ၊ ပျား ၊ ဤလေးပါး ၊ ယူငြားမဓူမှတ်။
(၂) ဧက် ၊ ဒွေး ၊ ပဉ္စ ၊ သတ္တရ ၊ ပေါင်း တစ်ဆယ့်ငါးကျပ်။
(၃) ရိပ်တွင်မွှေကာ ၊ ရောစပ်ပါ ၊ ရသာဂုဏ်ကြီးမြတ်
(၄) စတုမဓူ ၊ သုံးလိုသူ ၊ ဖော်ယူ ဤနည်းမှတ်။
(၅) သွေးသားဖွံ့ဖြိုး ၊ အားခွန်တိုး ၊ ကောင်းကျိုးဖြစ်စေတတ်
အထက်ပါ သံပေါက် ၅ ပိုဒ်အရ ရသာယန အာယုဝဍ္ဎန ဆေးမျိုးဖြစ်သော စတုမဓူ တွင် ပျားရည်ကို အများဆုံး ကဲထားသည်ကို တွေ့ရှိရပါသည်။
စတုမဓူ
ကျေးဇူးရှင် သဘာဝဓမ္မ ဆရာတော်ဘုရားကြီး၏ စတုမဓူဆေး ဖော်စပ်ပုံမှာ
(၁) ကြံသကြား ၂၅ ကျပ်
(၂) ပျားရည် ၂၅ ကျပ်
(၃) နှမ်းဆီ ၂၅ ကျပ်
(၄) ထောပတ် ၃၀ ကျပ်
ယင်းတို့ကို ကြွေရည်သုတ်ဇလုံတွင် ရေနွေးငွေ့ဖြင့် ၂ နာရီခန့်ချက်။ အရသာ (အေး ၊ ချို ၊ ဆိမ့်) ၊ အကျိုးသွား (သီတ၊ ပထ၀ီဖြစ် ၊ လေကြေ ၊ အာကာသရ) ။ ဆရာတော်ကြီးသည် သကြားကို အသုံးပြုထားသည်မှာ တင်လဲအစား အဋ္ဌကထာ များ၏ အဆိုအရ သုံးထားသည်ကို သတိပြုရမည်။

ဗိမ္ဗိသာရနှင့် စတုမဓူ
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါတစ်၌ ဒေ၀ဒတ်၏တိုက်တွန်းချက်အရ အဇာတသတ်မင်းသားသည် ဖခင်ဗိမ္ဗိသာရဘုရင်ကို အခိုးထွက်သော အကျဉ်းထောင်၌ သွင်းလှောင်၍ အစာအာဟာရဖြတ်တောက်ပြီး သေစေရန်ထားလေသည်။ ထိုအခါ မိဖုရားကြီးသည် မိမိတစ်ဦးတည်းသာ ၀င်ခွင့်ရသဖြင့် ရွှေခွက်၌ စားတော်ထမင်းကိုထည့် ပြီး ခါးပိုက်၌ ဖုံးအုပ်ယူဆောင် ကျွေးမွေးလေသည်။ ထိုအကြောင်းကို သားတော်ကြား၍ တားမြစ်သောကြောင့် ဆံထုံးထဲ ထည့်ဝှက် ယူဆောင်ကျွေးမွေးပြန်သည်။ တစ်ဖန် သားတော်က တားမြစ်သောကြောင့် မိဖုရားကြီးသည် မိမိကိုယ်ကို နံ့သာရည်ဖြင့် စင်ကြယ်စွာချိုးပြီး (စတုမဓူ) ဖြင့် ကိုယ်ကိုလိမ်း၍ အပေါ်ရုံဖုံးအုပ်ကာ ယူဆောင်၍သွား ပြန်သည်။ မင်းကြီးသည် ထိုစတုမဓူကိုလျက်၍ အာဟာရမျှတစေပြန်သည်။ ဤကား စတုမဓူ ဖြင့် ဗိမ္ဗိသာရဘုရင်၏ အသက်ကို ကယ်ဆယ်မျှတခဲ့ပုံတည်း
ဤ စတုမဓူ စပ်နည်းကို နှစ်နည်းရှိပါသည်။ ပထမနည်းမှာ
(၁) ထောပတ်
(၂) သကြား
(၃) ပျားရည်
(၄) အုန်းဆီ လေးမျိုးစပ်တည်း။
ဒုတိယနည်းမှာ -
(၁) ဒိန်
(၂) ပျားရည်
(၃) ထောပတ်
(၄) တင်လဲရည် လေးမျိုးစပ်တည်း။
မြန်မာတို့ အိမ်တိုင်းလိုလိုတွင် ပျားရည်ကို အသုံးပြုလိုက အသင့်ရရှိစေရေန် ဆောင် ထားတတ်ကြသည်မှာ ယခုမှမဟုတ်။ ရှေးအစဉ် အဆက်ဆက်မှပင် ဖြစ်သည်။


မွှေးကင်းစနှင့်ပျားရည်
မွေးကင်းစ ကလေးငယ်များအတွက် နို့ချိုမတိုက်ကျွေးမီ ပျားရည်တစ်ဇွန်းကို ရေကျက်ရေနွေး တစ်ဇွန်းဖြင့် ရောစပ်၍ ကလေးသူငယ်အား လျှာကိုပွတ်ပေးခြင်း ၊ ပါးစပ်ကို ဆေးကြောခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ခံတွင်း သန့်ရှင်းစေပြီး အခြားပိုးမွှားများကိုလည်း သေစေသည်။ ( ပျားရည်၏ တန်ခိုးသတ္တိသည် အခြားရောဂါနှင့် ပိုးမွှားများကိုလည်း သေစေ၍ ပျောက်ကင်းနိုင်သော စွမ်းပကားထူးရှိသည်။)
ထို့နောက် စောစောက ရောစပ်ထားသော ပျားရည်ကိုအစက်ချ၍ ကလေးငယ်အားတိုက်ကျွေးသည်။ ဤသို့
ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်၏ ပါးစပ်သန့်ရှင်းမှုနှင့် ၀မ်းတွင်းသို့ရောက်သွားသည့်အခါ ကလေး၏အစာအိမ်တွင်
မိခင်နို့ရည်အား အလွယ်တကူကြေညက်စေရန် ပျားရည်က ဦးစွာစောင့်နေခြင်းသဘောပင်ဖြစ်သည်။ ဤသည်တို့မှာ
မြန်မာ့ရိုးရာဆေးပညာ၌ ဦးစွာပထမ ပျားရည်ကို သုံးစွဲမှုပင်ဖြစ်သည်။

ရင်ကျပ်နှင့်ပျားရည်
ကလေးငယ်များ လသားအရွယ်၊ နှစ်သားအရွယ်သို့ရောက်ပြန်သောအခါ ချွဲကျပ် ရင်ကျပ်ဖြစ်နေပါက ပျားရည်နှင့် သံပရာရည် ဆတူရောစပ်၍ လသားဖြစ်လျှင်အစက်ချ၍လည်းကောင်း နှစ်သားဖြစ်လျှင်ကော်ဖီဇွန်းဖြင့်လည်းကောင်း တိုက်ကျွေးရသည်။ ထိုသို့ တိုက်ကျွေးပေးခြင်းဖြင့် ရင်ကျပ် ချောင်းဆိုးခြင်းဝေဒနာမှ ပျောက်ကင်းပေသည်။

ပျားရည်နှင့်သန်
ကလေးငယ်များ၌ သန်ထခြင်း၊ တုတ်ကောင်များထိုးခြင်း၊ ဗိုက်ပူနံကားဖြစ်နေခြင်း၊ အားနည်း အစားမစားခြင်း ဖြစ်နေပါကလည်း အုန်းနို့ ကြွေဇွန်းကြီးတစ်ခုကို ပျားရည်တစ်ဇွန်းဖြင့်ရောစပ်၍ မနက်စောစောတွင် တိုက်ကျွေး၍ ညပိုင်းတွင် ကလေးအပုပ်ချဆေးကို တိုက်ကျွေးပါက ကျန်းမာဝဖြိုး၍ သန်ကောင် တုတ်ကောင်များ ကင်းရှင်းသွား နိုင်ပါသည်။
ပျားရည်သည် မူလအားဆေးဖြစ်သည့်အတိုင်း ကျား/မ အရွယ်မရွေး လူလတ်ပိုင်းအတွင်းသို့ရောက်လာသည့် အခါ နေ့စဉ်ပျားရည်ကိုသုံးဆောင်သွားပါက မူလသဘာဝအားများ မယုတ်လျော့စေသည့်အပြင် ကုန်ဆုံးသွားသော အင်အားများကိုလည်း ပြန်လည်ပြည့်ဖြိုးစေနိုင်ပါသည်။
အောက်ပါ အလွယ်တကူဖော်စပ်နိုင်သော အသက်ရှည်၍အားအင်ပြည့်ဖြိုးစေသော နည်းများအတိုင်းဖော်စပ်၍ နေ့စဉ်စားသုံးပေးမည်ဆိုပါက ကျန်းမာဝဖြိုး အလှတိုးစေပြီး အသက်ရှည်စွာ လူ့လောကတွင် နေထိုင်နိုင်သော လူတစ်ယောက်ဖြစ်လာမည်မှာ မလွဲပေ။ ယင်းတို့မှာ .....
၁။ မြင်းခွာရွက် ပဉ္စငါးပါးမှုန့် ၅ ကျပ်သားကို ပျားရည် ၁၀ ကျပ်သားနှင့် ဖျော်စပ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ်
ကြွေဇွန်းကြီးနှင့် သုံးဆောင်ပါ။
၂။ မြင်းခွာရွက်သတ္ထုရည် (ထောင်း၍အရည်ညှစ်ထားသော အရွက်စိမ်းရည်) ကြွေဇွန်းကြီးတစ်ဇွန်းကို ပျားရည်
တစ်ဇွန်းဖြင့် ရောစပ်၍လည်း နေ့စဉ်သုံးဆောင်နိုင်သည်။
၃။ ကြစုမှုန့် ၅ ကျပ် ၊ ပျားရည် ၁၀ ကျပ်နှင့်ရောစပ်ပြီး နေ့စဉ်သုံးဆောင်ပါကလည်း ရောဂါကင်း၍ ကျန်းမာဝဖြိုး
အသက်ရှည်စေနိုင်ပါသည်။


မေ့တတ်သောရောဂါနှင့်ပျားရည်
အထူးသဖြင့် ကျောင်းသူကျောင်းသားများ နေ့ညမပြတ်ပညာကိုကြိုးစားနေသောအချိန်တွင် ဦးနှောက်မကြည်လင် ဘဲ ကျောင်းစာကိုမကြည့်ချင်ခြင်း ၊ ရရှိပြီးသောစာများကို အလွယ်တကူ မေ့ပျောက်သွားခြင်း ၊ မအီမသာဖြစ်နေခြင်း ၊ အားအင်ကုန်ခမ်း မောပန်းလွယ်ခြင်း ၊ စာကို စိတ်မ၀င်စားခြင်း စသည့် လက္ခဏာများဖြစ်ပေါ်နေပါက ပျားရည်ကို နေ့စဉ်စားသုံးပေးလျှင် ပျားရည်၏အစွမ်းသတ္တိများကြောင့် ဦးနှောက်ကြည်လင်၍ ပညာကိုတိုးပွားရရှိပြီး စာပေများကို မမေ့မပျောက်ရှိနေမည်ကို အံ့သြစွာ တွေ့ရမည်။

ပျားရည်နှင့်အားကစား
အားကစား မောင်/မယ်များအတွက်လည်း ပျားရည်သည် အဓိကအခန်းက ပါဝင်နေပြန်သည်။ အားကစားမောင်/ မယ်များသည် ကုန်ခမ်းသွားသည့်အားများကို ပျားရည်မှ ပြန်လည်၍ ရယူနိုင် ပါသည်။ အားကစားသမားများအတွက် ပျားရည်ထက်ကောင်းသော အားဆေးသည်မရှိသေးဟု ကမ္ဘာ့ဆေးဝါးပါရဂူများက မိန့်ဆိုကြသည်။ ပျားရည်ကိုစားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများသို့ ချက်ချင်းရောက်ရှိသွားပြီး လိုအပ်သည့် အားအင်သစ်များကို တစ်ဖန်ပြန်၍ ပေးပေသည်။ ထို့ကြောင့် အားကစားမောင်မယ်များ အားသစ်မွေးချိန်တွင် ပျားရည်ကိုနေ့စဉ်မှန်မှန် စား သုံးပေးရန်လိုသည်။ ထို့အပြင် ပြိုင်ပွဲမ၀င်မီ ပျားရည်ကို ကြွေဇွန်းတစ်ဇွန်းစားသုံးပေးခြင်းဖြင့် အောင်ပန်းကိုဆွတ်ခူး နိုင်မည်မှာ မလွဲပေ။
ပျားရည်သည် မသေဆေးရည်(သို့)ပန်းပေါင်းတစ်ထောင်ဟုတင်ပြခဲ့သည့်အတိုင်းအသက်ကြီး ၍ ကျားကန်ရ သည့်ဘ၀မျိုးသို့ ရောက်စေကာမူ ပျားရည်ကို နေ့စဉ်စားသုံးပေးပါက ရုပ်ပျို၍ လူငယ်များကဲ့သို့ ကိုယ်နုနေမည်ဖြစ် သည်။

ပျားရည်နှင့်သူတို့အမြင်
ပျားရည်ဓာတ် စွမ်းပကားသည် ပိန်သူကို ၀ စေ၍ ၀ သူကို ပိန်စေနိုင်သည်။ ပျားရည်သည် လူပိန်အဖို့ အာယုဗလ ဆေးတလက်ဖြစ်သလို လူအိုအဖို့ရာ တွင်လည်း အာယုဒီဃဆေးပင်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးတို့အဖို့မူ အာယု သိဒ္ဓိဆေးဖြစ်သည်ဟုဆိုက မမှားပေ။ ပျားရည်ကို တစ်သမတ်တည်းပင် တကယ်စွဲ ၍စားသုံးသွားပါလျှင် များစွာသော ဝေဒနာတို့ကို သွေခွာထွက်ပြေး သွားနိုင် ပေသည်။ ထို့ကြောင့် အာယုဗ္ဗေဒဆေးကျမ်းများ၌ Natures Elixir of Health သဘာဝနတ်ဆေးရည်ဟူ၍ တင်စားခေါ်ဝေါ်ထားခဲ့ပေသည်။
ပျားရည်နှင့်ပတ်သက်၍ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်းတွင် ပျားရည်၏ အကျိုးသတ္တိကို အောက်ပါအတိုင်း ဖော်ပြထားပေသည် ...
ပျားရည်ဟူသမျှသည်ချို၏။ စဉ်းငယ်ဖန်၏။ အဆီမရှိ၊ ကျေလွယ်၏ ၀မ်းမီးကိုတောက်စေ၏။ အနည်း ငယ်စားလျှင်ဝမ်းချုပ်၏။ ၀အောင်စားလျှင် ၀မ်းပျော့ပျော့သွား၏။ လူကိုပိန်စေတတ်၏။အသံကိုကောင်းစေတတ် ၏။ မျက်စိနှင့်သင့်၏။ ပေါက်သောအမာကို သုတ်သင်စေတတ်။ပေါက်သောအမာကို တင်အပ်၏။ ကိုယ်အပေါက် ငယ်တို့ကိုဝင်၍ ပျံ့နှံ့စေတတ်၏။အရွယ်ကိုပျိုစေတတ်၏။ သွေးလေအရသာတို့ သွားရောလမ်းကို သုတ်သင် ရှင်းလင်းစေတတ်၏။နှလုံးကို နှစ်သက်စေတတ်၏။ လွန်စွာ ကြည်လင်ခြင်းကိုပြုတတ်၏။ အဆင်းကိုကောင်းစေ တတ်၏။ဂုဏ်ပညာတိုးပွားစေတတ်၏။ သုတ်ကိုလည်း ပွားစေတတ်၏။ ခံတွင်းကိုရှင်းစေတတ်၏။နှုတ်ကိုမြိန်စေ တတ်၏။ နူနာ မြင်းစရိုက်နာ၊ ချောင်းဆိုးနာ၊ သွေး၊ သည်းခြေ၊ သလိပ်မောဟနာ၊ မောပန်းသောအနာ၊ ပိုးနာ၊ အဆီခဲနာ၊ ရေငတ်နာ၊ အော့အန်သောနာ၊ ပန်းနာ၊ရှူရှိုက်နာ၊ ၀မ်းသွန်ဝမ်းပျက်နာ၊ ၀မ်းချုပ်နာ၊ ကိုယ်ပူနာ၊ ထိခိုက် ရှနာသောအနာ၊ဓာတ်အားခွန်အားကုန်ခန်းသော အနာတို့ကိုနိုင်၏။ စဉ်းငယ် လေကိုပျက်စေတတ်၏။ မေထုန်ကို များစွာမှီဝဲစေနိုင်၏။ အဆိပ်ကိုနိုင်၏ ဟူ၍ ဖော်ပြထားပါသည်။


အနောက်တိုင်းဆေးပညာနှင့်ပျားရည်
ပျားရည်သည် ပတ်ဝန်းကျင်အခြေအနေ(အထူးသဖြင့် စိုထိုင်းမှု) ၀တ်ရည်ရယူသောပန်းများ၊ ပျားရည် ထုတ်ယူစဉ် ၀တ်ရည်၏ရင့်မှည့်မှု၊ ပျားရည်ထုတ်ယူသည့် နည်းစနစ်နှင့် ထားသိုမှုအခြေအနေ စသည်တို့ကိုလိုက် ၍ပျားရည်တွင် ပေါင်းစုပါဝင်သော အဟာရဓာတ်များ ကွဲလွဲမှုရှိပေသည်။
အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာနမှ ပျားရည်ကို ဓာတ်ခွဲထားသည်မှာ အောက်ပါအတိုင်းဖြစ်သည် ရေ - ၁၇.၇ %
ဒက်စ်တြို့စ် - ၃၄.၀၂ %
လီဗျူလို့စ် - ၄၀.၅ %
ဆူးကရို့စ် - ၁.၉ %
ဒက်စ်တြင်း - ၁.၅၁ %
ပြာဓာတ်(သတ္တု) - ၀.၁၈ %
အက်ဆစ် - ၀.၀၈ %
ပရိုတိန်း - ၀.၄ %
စသဖြင့် ပါဝင်ပေသည်။ အဆီမှာအနည်းငယ်၊ သို့မဟုတ် လုံးဝမပါရှိပေ။

သတ္တုပြာဓာတ် ၀.၁၈ % ပါဝင်သည်တွင်ကယ်လ်စီယမ် ၅ မီလီဂရမ် ၊ ဖော့စ်ဖရပ်စ် ၁၅.၁၇ မီလီဂရမ်၊ သံဓာတ် ၀.၄ - ၁ မီလီဂရမ်အသီးသီးပါရှိပြီး ကြေးနီ ၊ မင်းဂနီးစ် ၊ မဂ္ဂနီဆီယမ် ၊ ဆိုဒီယမ် ၊ ပိုတက်ဆီယမ် ၊အလူမီနီယမ်ကလိုရင်း ၊ စီလီကာနှင့် ဆယ်ဖာစသည်တို့ အနည်းငယ်ပါကြသည်။ယင်းသတ္တုပြာဓာတ်သည် အရောင်ရင့်သော ပျားရည်များထက် ဖြူဖျော့သည့် ပျားရည်တွင်ပိုမိုပါရှိလေသည်။
ဗီတာမင်ပါဝင်နှုန်း
ဗီတာမင် စီ ၁.၀ - ၆.ဝ
ဗီတာမင် ဘီ - ၁ ၀.၀၀၂၁ - ၀.၀၀၉၁
ဗီတာမင် ဘီ - ၂ ၀.၀၃၅ - ၀.၁၄၅
ဗီတာမင် ဘီ - ၆ ၀.၀၂၁၀ - ၀.၄၄၀
ပင်တိုသင်းနစ်အက်ဆက် ၀.၀၄၇ - ၀.၁၉၂ နှင့် ဗီတာမင် အေအနည်းငယ်တို့ ပါဝင်ကြသည်။အခြားပါဝင်ျားမှာအင်ကိုင်းများ၊ အရောင်အသွေးကို ဖြစ်စေသော ကဲရော့တင်၊ ဒင်သိုဖီးလ် နှင့်ကရိုလိုဖီးလ်၊ မော်တို့စ်၊ သကြားဓာတ်၊ တဆေးနှင့် ပျားဖယောင်းတို့ ဖြစ်ကြသည်။ပျားရည် ဂရမ် ၁၀၀ ၏ ကယ်လိုရီတန်ဖိုးမှာ ၂၈၀ မှ ၃၃၀ ကယ်လိုရီဖြစ်သည်။
ပျားရည်တွင် ရေပါဝင်မှုနှုန်း ၂၁.၅ရာခိုင်နှုန်း အထက်တွင်ရှိလျှင် ၎င်းတွင်ပါရှိသော တဆေးများတိုးပွား လာပြီးပျားရည်အချဉ်ပေါက်တတ်သည်။ ထိုသို့မဖြစ်အောင် ပျားရည်ကို ၁၄၅ ဒီဂရီ ဖာရင်းဟိုက်အထိမိနစ် ၃၀ ကြာ အပူပေးရသည်။ ယင်းသို့ ပြုလုပ်ပေးလိုက်ခြင်းအားဖြင့်အပွင့်အခဲဖြစ်ခြင်းကိုပါ ကာကွယ်ရာရောက်ပေ သည်။ လီဗျူရိုစ် နှင့် ဒက်စ်တြို့စ်အချိုးအစားနည်းသော ၊ တနည်းအားဖြင့် အခဲမြန်သည့်ပျားရည်ကိုမူ ၁၅၅ မှ ၁၆၀ဒီဂရီဖာရင်းဟိုက်အထိ အပူပေးရသည်။ အပူပေးလွန်းပါကလည်းပျားရည်အရောင်ရင့်လာသည်နှင့် အမျှ မူလအနံ့ပါ ပျောက်သွားတတ်သည်။ ထို့အပြင်အပူချိန်မြင့်သော နေရာတွင်လည်းကောင်း၊ အပူလှောင်သော အခန်းများတွင်လည်းကောင်းရှည်ကြာစွာ သိုလှောင်နေသော အခန်းများတွင်လည်းကောင်း ရှည်ကြာစွာသိုလှောင်ထား ပါလျှင် ယင်းပြောင်းလဲခြင်းများ ဖြစ်လာနိုင်သည်။
ပျားရည်နှင့်အဟာရညီမျှကိန်း ပျားရည် ၁၂ ပိုင်း ၁ပိုင်းကျပ်သား စားသုံးခြင်းသည် နို့ ၇၂ ကျပ်သား (သို့) မလိုင်ဒိန်ခဲ တစ်ပိဿာ(သို့) အသား ၂၂ ကျပ်သား (သို့) အရိုးမဲ့ ပင်လယ်ငါး ၂၇ ကျပ်သား (သို့) လိမ္မော်သီးရှစ်လုံး (သို့) ကြက်ဥ ၁၀ လုံး စားသောက်ခြင်းနှင့် ညီမျှသော အာဟာရကို ဖြစ်စေသည်။ ၎င်းအပြင်ပျားရည် ၇၂ ကျပ်သားသည် နေ့စဉ်လိုအပ် သော ကယ်လိုရီတန်ဖိုးကို ရစေနိုင်ပေသည်။

( မှတ်ချက်။ မောင်ယဉ်နွယ် ပြုစုရေးသားသည့် အသက်ရှည်ဆေးဖက်ဝင် နွယ်မြက်သစ်ပင် စာအုပ်မှ မှတ်သားထား သည်အား ပြန်လည်တင်ပြခြင်းဖြစ်ပါသည် ) ..
မြန်မာချစ်သူများမှ

မျက်စိနာခြင်း

မျက်စိနာခြင်းဆိုသည်မှာ Conjunctiva ဟုခေါ်သည့် မျက်စိ၏ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ဆေးပညာအရ Conjunctivitis ဟုခေါ်သည်။ မျက်စိနာခြင်းသည် များသောအားဖြင့် ကူးစက်ရောဂါပိုးများကြောင့် အဖြစ်များပြီး ဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်တတ်ကြသည်။.
အမျိုးအစားများ

ဖြစ်စေသောအကြောင်းအရာအပေါ်မူတည်၍ အမျိုးအစားခွဲခြင်း

* ဓာတ်မတည့်မှုကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Allergic conjunctivitis)
* ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော မျက်စိ အပေါ်ယံလွှာရောင်ရမ်းခြင်း(Bacterial conjunctivitis)
* ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း(Viral conjunctivitis)
* ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Chemical conjunctivitis)
* အသက် တစ်လအောက် မွေးကင်းစကလေးများတွင်ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း(Neonatal conjunctivitis)

ရောဂါပျံ့နှံ့မှုအပေါ် မူတည်၍ အမျိုးအစားခွဲခြင်း

* Blepharoconjunctivitis – မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Conjuctivitis) နှင့် မျက်ခွံရောင်ရမ်းခြင်း (Blepharitis)
* Keratoconjunctivitis – မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Conjuctivitis) နှင့် မျက်ကြည်လွှာရောင်ရမ်းခြင်း (Keratitis)

ရောဂါလက္ခဏာများ

မျက်စိသည် နီနေခြင်း (Red eye)
မျက်စိ ခိုးလိုးခုလုဖြစ်နေခြင်း (Irritation)
မျက်စိမှ ပြည် (သို့) မျက်ရည်များကျခြင်း (Discharge)

အထက်ပါ လက္ခဏာများကို မျက်စိအပေါ်ယံလွှာရောင်ရမ်းသည့် အခြေအနေအားလုံးတွင် တွေ့ရသည်။ သို့သော် မျက်စိသူငယ်အိမ်သည် ဓာတ်မီးနှင့် ထိုးလိုက်ပါက ကောင်းစွာ တုံ့ပြန်မှုရှိရမည်ဖြစ်ပြီး မျက်စိမှုံခြင်း ၀ါးခြင်းများကို မဖြစ်စေပါ။

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း(Viral conjunctivitis)

ဗိုင်းရပ်စ်ပိုးကြောင့် မျက်စိနာပါက သူတစ်ခုတည်းဖြစ်တတ်သလို အအေးမိခြင်း၊ လည်ခေါင်းနာခြင်း တို့နှင့်လည်း တွဲဖက်၍ ဖြစ်တတ်သည်။ ၎င်း၏ လက္ခဏာများမှာ မျက်ရည်များကျခြင်းနှင့် မျက်စိယားယံခြင်း(သို့) ခိုးလိုးခုလုဖြစ်ခြင်းတို့ ဖြစ်သည်။ မျက်စိတစ်ဖက်တွင် စတင်၍ဖြစ်ပွားတတ်ပြီး အခြားတစ်ဖက်သို့ လျင်မြန်စွာ ကူးစက်သွားတတ်သည်။ အဖြစ်များသော virus များမှာ adenovirus နှင့် herpes simplex(ရေယုန်) တို့ဖြစ်ကြသည်။

ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော မျက်စိ အပေါ်ယံလွှာရောင်ရမ်းခြင်း(Bacterial conjunctivitis)

လူတွေကြားထဲတွင် အတွေ့ရများသော ပြည်ကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ(common pus-producing bacteria) များကြောင့် အဖြစ်များသည်။ Chlamydiae trachomatis ပိုးကြောင့် ဖြစ်ပါက မျက်ခမ်းစပ်ရောဂါဟု ခေါ်သည်။ ၎င်း၏ လက္ခဏာများမှာ အလွန်အမင်း မျက်စိယားယံခြင်းနှင့် အစိမ်းရောင် (သို့) အ၀ါရောင်ရှိသော ပြည်များ ထွက်ခြင်းဖြစ်သည်။ ထိုပြည်များကြောင့် မျက်ခွံများသည် ကောင်းစွာ ဖွင့်လို့မရဘဲ ကပ်နေတတ်သည်။ သို့သော် ပြည်မထွက်ခြင်းကြောင့် ဘက်တီးရီးယားပိုးကြောင့် မဖြစ်နိုင်ဟု ပုံသေမယူဆနိုင်ပါ။ မျက်ခမ်းစပ်ရောဂါတွင် မျက်လုံးက သိပ်ပြီးမနီဘဲ ပြည်မထွက်သည့်အခါများလည်း ရှိသည်။ အခြားလက္ခဏာတစ်ခုမှာ မျက်လုံးတစ်ဝိုက်တွင် အရေပြားများ ခြောက်သွေ့ကာ အဖတ်များအဖြစ် ကွာခြင်း (severe crusting) ဖြစ်သည်။ မျက်လုံးအတွင်း ပြည်များစုလာပါက ခိုးလိုးခုလုဖြစ်ကာ ပြင်ပမှ အမှုန်အမွှားတစ်ခုခု မျက်စိထဲဝင်နေသည်ဟုပင် ထင်ရတတ်သည်။ ရောဂါပြင်းထန်ပါက မျက်စိက နာကျင်လာတတ်ပါသည်။ virus ကြောင့် ဖြစ်သော ရောဂါကဲ့သို့ပင် မျက်လုံးတစ်ဖက်တွင် အရင်ဖြစ်ပြီး အခြားတစ်ဖက်သို့ ကူးသွားတတ်သည်။

ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်း (Chemical conjunctivitis)

အားပြင်းသည့် ဓာတုဗေဒပစ္စည်းများ မျက်လုံးအတွင်းသို့ ၀င်သွားပါက မျက်စိအပေါ်ယံလွှာကို အရင်ဆုံးရောင်ရမ်းစေမည်ဖြစ်သည်။ မည်သည့် ဓာတုဗေဒပစ္စည်းမဆို ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံတွင် အက်ဆစ်ကြောင့် ရောင်ရမ်းခြင်းနှင့် အယ်ကာလီ တို့ကြောင့်ရောင်ရမ်းခြင်းတို့က အဖြစ်များသည်။ ထိုအခါမျက်စိသည် အလွန်အမင်းနာကျင်တတ်ပြီး မျက်ရည်ကျခြင်းနှင့် ယားယံခြင်းများ မရှိတတ်ပေ။ မျက်စိသည် အရမ်းနီနေတတ်သည်။ အရောင်ချွတ်ဆေးများတွင် ပါဝင်သော အယ်ကာလီတစ်မျိုးဖြစ်သည့် sodium hydroxide ၀င်ပါက မျက်စိ အပေါ်ယံလွှာတစ်ခုလုံး ပျက်စီးသွားတတ်ပြီး မျက်စိအပေါ်ယံလွှာသည် ကြည်မနေတော့ဘဲ ဖြူသွားတတ်သည်။ ဖြူသွားပြီးနောက်တွင် အရေပြားလန်လာတတ်သည်။

ကူးစက်ပုံ (Transmission)

ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်းသည် လေထုထဲမှတဆင့် မျက်စိထဲဝင်ကာ ကူးစက်နိုင်သည်။ မြန်မာနိုင်ငံတွင် ရေရှားပါးပြီး ဖုန်ထူသော အရပ်များ၌ နွေအခါနှင့် ဆောင်းအခါတို့တွင် အဖြစ်များသည်။ ပူအိုက်ခြောက်သွေ့သော ရာသီဥတုတွင် ဗိုင်းရပ်စ်ပိုးများ အပွားလွယ်သောကြောင့်ဖြစ်သည်။ အတူနေ လူပုဂ္ဂိုလ်တစ်ယောက်မှ တဆင့် အခြားတစ်ယောက်ဆီသို့ လျှင်မြန်စွာ ကူးစက်နိုင်သည်။ ရောဂါရှင်၏ အသုံးအဆောင်များကို ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ခြင်းဖြင့်လည်း ကူးစက်နိုင်သည်။

ဓာတ်ခွဲစစ်ဆေးခြင်း (Laboratory Investigation)

များသောအားဖြင့် မလိုတတ်ပါ။ နေရာဒေသအပေါ်မူတည်၍ ရာသီအလိုက် အဖြစ်များသောကြောင့် မျက်စဉ်းခပ်ဆေးများနှင့် သောက်ဆေးများပေးလိုက်ပါက သက်သာပျေက်ကင်းသွားတတ်ကြသည်။ သို့သော် ဆေးပေးသော်လည်း မသက်သာပါက အချိန်မနှောင်းမီ ကုသရန်အတွက် ပိုးနမူနာ ရယူရန်လိုအပ်ပါသည်။ မျက်စိအပေါ်ယံလွှာမှ ထွက်သော အရည်ကို sample ရယူပြီး ဓာတ်ခွဲခန်းတွင် ရောဂါပိုးရှာဖွေရမည်ဖြစ်သည်။

စီမံခန့်ခွဲခြင်း(Management)

မျက်စိနာခြင်း၏ ၆၅ % သည် ကုသမှုမခံယူဘဲ ၂-၅ ရက်အတွင်း သက်သာသွားတတ်သည်။ ထို့ကြောင့် ပဋိဇီဝဆေးများ (Antibiotics) သည် အမြဲတမ်း မလိုအပ်ပေ။

ဓာတ်မတည့်မှုကြောင့် ဖြစ်ပါက ကုသပုံ

ရောင်ရမ်းမှုကို လျော့ချရန်အတွက် အေးသောရေဖြင့် ရောင်တဲ့အခြမ်းကို ဆေးပေးရမည်။ ပဋိဇီဝဆေးများ မပါဝင်သည့် မျက်စဉ်းဆေးများကို အသုံးပြုနိုင်သည်။ နာကျင်ပါက အကိုက်အခဲပျောက်ဆေးနှင့် allergy သက်သာစေရန် burmeton သို့မဟုတ် cetrizine အစရှိသော anti-histimine ဆေးများ သောက်သုံးနိုင်သည်။ ထိုသို့ပြုလုပ်၍ မသက်သာမှသာ steroid ပါဝင်သော မျက်စဉ်းဆေးများကို သုံးရမည်ဖြစ်သည်။

ဘက်တီးရီးယားကြောင့် ဖြစ်ပါက ကုသပုံ

ဘက်တီးရီးယားကြောင့် ဖြစ်သော်လည်း ပဋိဇီဝ ဆေးများ ချက်ချင်းမလိုအပ်ပါ။ အလိုလိုပျောက်ကင်းသွားတတ်သည်။ ၃ရက်ခန့်စောင့်ကြည့်ပြီး မသက်သာမှသာ အဆိုပါဆေးများပေးသင့်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လူနာများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမှုကြောင့် ဆရာဝန်များက မျက်စိနာတယ် ဆိုသည်နှင့် ပဋိဇီဝ ဆေးများပေးတတ်သည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါက ကုသပုံ

ဗိုင်းရပ်စ်ကြောင့် ဖြစ်လျှင်လည်း ပဋိဇီဝ ဆေးများမလိုအပ်ပါ။ မျက်စဉ်းဆေးဖြင့်ပင် ပျောက်ပါသည်။ သို့သော် သန့်ရှင်းရေးအားနည်းမှုကြောင့် ဗိုင်းရပ်စ်ပိုးဝင်ပြီး ဘက်တီးရီးယားပိုးလည်း ထပ်ဝင်နေတတ်သည်။ ထို့ကြောင့် ဆရာဝန်များသည် ပဋိဇီဝ ဆေးများ ပေးတတ်ကြသည်။ ဗိုင်းရပ်စ်ကို ပဋိဇီဝ ဆေးများက နိုင်သောကြောင့် မဟုတ်ပါ။ ၎င်းနောက်မှ လိုက်ဝင်လာသော ဘက်တီးရီးယားပိုးများ (secondary bacterial infection) ကို သတ်ဖို့သာ ဖြစ်ပါသည်။

ဓာတုဗေဒပစ္စည်းများကြောင့် ဖြစ်ပါက ကုသပုံ

ထိခိုက်သွားသော မျက်လုံးကို သန့်ရှင်းသောရေဖြင့် နိုင်နိုင်ဆေးရမည်။ အတတ်နိုင်ဆုံး သိလျှင် သိချင်းဆေးရမည်။ ဓာတုဗေဒ ဆေးရည်များဝင်ခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ အခန့်မသင့်ပါက မျက်စိကန်းတတ်သည်။ ထို့ကြောင့် ရေဆေးပြီးနောက် ဆေးရုံသို့ ချက်ချင်းသွားကာ ကုသမှုခံယူရမည်။
နွေကြိုးသျှင်

ဘုရားရှင်အဆူဆူတို့၏ စကားတော်သုံးခွန်း

လောကမှာ လူရယ်လို့ဖြစ်လာရင်တော့ ကိုးကွယ်သည့် ဘာသာသည် ရှိစမြဲပါ၊ ဘာသာခြားလည်း ရှိနိုင်ပါသည်။

သို့သော် အနည်းစုသာဖြစ်သည်။ ဘာသာတရားကို အဘယ်ကြောင့်ကိုးကွယ်နေကြပါသနည်း၊ ကြောက်၍ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။

မှန်ပါသည်အပါယ်ကျမည်ကို ကြောက်၍ကိုးကွယ်သည်။ အကျိုးကိုလိုလား၍ ကိုးကွယ်သည် စသည်ဖြင့်

ကိုယ်ယုံကြည်သည့်အတိုင်း သစ်ပင်၊ တောတောင်၊ မီး၊ ရေ၊ လေစသည်ဖြင့်ရှေးခေတ်က မိမိတို့ယုံကြည်သည့် အတိုင်းကိုးကွယ်ခဲ့ကြသည်။

ထို့နောက် ဘာသာရေးခေါင်းဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်လာပြီးနောက်ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများကို ယုံကြည်၍ ထိုပုဂ္ဂိုလ်တို့၏ဘာသာတရားများကို ကိုးကွယ်ခဲ့ကြသည်။. ကျွန်ုပ်တို့သည် ဗုဒ္ဓရှင်တော်ဘုရား ဟောပြောချက်များကို အကြွင်းမဲ့ယုံကြည်၍ ဗုဒ္ဓ္ဓကိုကိုးကွယ်ခဲ့ကြသည်။

ဗုဒ္ဓ္ဓကိုကိုးကွယ်ကြသော သူများကို “ဗုဒ္ဓ္ဓဘာသာဝင်” ဟူ၍ခေါ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည်၊ “ဗုဒ္ဓ္ဓ” အကြောင်း “ဘာသာ” အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သည့်တိုင် အတန်အသင့် သိထားဖို့လိုအပ်ပါသည်။

“ဗုဒ္ဓ” ဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို ဆရာမရှိ ကိုယ်တော်တိုင်သိမြင်တော်မူသော ပုဂ္ဂိုလ်၊ ကိလေသာတရားများကို ၀ါသနာနှင့်တကွ ပယ်သတ်ပြီးသောပုဂ္ဂိုလ်၊ ဆိတ်ငြိမ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော ပုဂ္ဂိုလ်၊ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူဖြစ်တဲ့ ပုဂ္ဂိုလ်၊ ထိုသတ္တ၀ါအပေါင်းတို့၏ ပူဇော်မှုကိုလည်း ခံယူထိုက်သော ပုဂ္ဂိုလ်မျိုးကို “ဗုဒ္ဓ္ဓ” ဟုခေါ်သည်။
“ဘာသာ” ဆိုသည်မှာ ထိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော် စကားတော် များဖြစ်၏။

“ဗုဒ္ဓ္ဓဘာသာဝင်” ဆိုသည်မှာ ဗုဒ္ဓ္ဓရဲ့တရားတော်အတိုင်း လိုက်နာကျင့်သုံး သူများတွင်ပါဝင်သော (၀ါ) ဗုဒ္ဓဘာသာအနွယ်ဝင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓ္ဓဘာသာဝင် မှန်ပါက ဗုဒ္ဓ္ဓတရားတော် များစွာရှိသည့်အနက် အခြားတရားတော်များကို မသိရှိစေကာမူ အောက်ပါတရားတော် စကားတော်သုံးခွန်းကိုမူ နားလည်သိရှိသင့်၏။

၁။ သဗ္ဗပါပဿ အကရဏံ၊ မကောင်းမှုကို ရှောင်ကြည်ပါ။ Not to do all evil,

၂။ ကုသလဿ ဥပသမ္ပါ၊ ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ။ To do what is good,

၃။ သစိတ္တပရိယေဒ ပနံ၊ မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ To purity one’s mind, this is the teaching of the Buddha. ဟူ၍ပင်ဖြစ်သည်။

ထိုစကားတော်သုံးခွန်းကို အလွတ်ကျက်မှန်နိုင်ရန်
ဆရာတော်ကြီးများက အောက်ပါအတိုင်း လင်္ကာစီးခဲ့ပါသည်။
မကောင်းမှုရှောင် ကောင်းမှုဆောင်။

ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓ္ဓတိုင်းသာ မိန့်ခဲ့တာ၊ သုံး ဖြာဤစကား။

ခုလဲချမ်းသာ၊ နောင်ချမ်းသာ။ မြတ်စွာ ဟောမိန့်ကြား။

ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓရဲ့တရားတော်များကို သဘောပေါက် နားလည်၍ နားလည်သည့်အတိုင်း ကျင့်ကြံကြိုးစားနိုင်ကြပါစေ..
မြန်မာချစ်သူများမှ

Nov 23, 2010

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ထူးခြားချက်များ

ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။. သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး

သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။

မှတ်ဥာဏ်ကောင်းသည့် ဧကရာဇ်

ရောမဧကရာဇ် ဟာဒြီယန်(၇၆-၁၃၈) သည် မှတ်ဥာဏ်အလွန်ကောင်းသူဖြစ်သည်။ သူသည် ရောမတပ်မတော်ရှိတပ်သားမှသည် ဗိုလ်ချုပ်ကြီးအထိ တပ်မတော်သားအားလုံး၏ အမည်နှင့် ရုပ်ကိုပါမှတ်မိသိရှိသည်။

လခ နှစ်(၅၀) အတွက် ကြိုပေးခြင်းခံရသူ

ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် ဒဲနစ်စ်ဒီဒီရော့(တ်)(၁၇၁၃-၁၇၈၄) အားရုရှားဘုရင်မကြီး မဟာကတ်သရင်း (၁၇၂၉-၁၇၉၆) က စာကြည်တိုက်မှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊ နှစ်(၅၀)အတွက် လခ ကိုကြိုပေးထားခဲ့သည်။ သို့သော် ဒီဒီရော့(တ်) သည် လုပ်သက် (၁၉)နှစ်အကြာ၌ ကွယ် လွန်အနိစ္စရောက်ခဲ့သည်။

မှတ်ဥာဏ်ကောင်းသည့် အင်္ဂလိပ်ဘုရင်

တတိယမြောက် ဂျော့ဘုရင်(၁၇၃၈-၁၈၂၀)သည် အလွန်မှတ်ဥာဏ်ကောင်းသူဖြစ်သည်။ သူသည် ဗြိတိသျှရေတပ်မတော်မှ အရာရှိ(၄ ၅၀၀)၏ တစ်ဦးချင်းအား အမည်ရောမျက်နှာပါ မှတ်မိနေခဲ့ပြီး၊မည်သည့် အရာရှိအား မည်သည် သင်္ဘော၌ တာဝန်ချထားပေးသည်ဆိုသည် ကိုပါ မှတ်မိနေသည်။ .
အိမ်မက်သခင်

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 4

ကျောက်တုံးတဲ

အီတလီနိုင်ငံ၊ ဘာရီဒေသတွင် အီတလီယာသမားများသည် နားနေခိုနားရန် ရွက်ဖျင်ထည်အစားကျောက်ဖြူတုံးများဖြင့် ထူးထူးခြားခြား ရွက်ထည်တဲ့ပုံစံဆောက်လုပ်နေထိုင်ကြသည်ဟုသိရသည်။

ရွှေတွင်းရှိရာနားသည့်ငှက်

အူယာနာဒေသရှိ ရွှေငှက် ( Gold Bird ) အမည်ရှိရှားပါးနေပြီဖြစ်သောငှက်သည် ငှက်ဝါသနာရှင်များနှင့် သုတေသီများရှာဖွေနေသော ငှက်ဖြစ်သည်။ အဆိုပါငှက်သည် ရွှေတွင်းတည်နေရာ အနီးအနားသို့ရောက်ရှိတတ်ပြီး ရွှေတွင်းတူးသူများအတွက်လည်း ရွှေရှာဖွေရာ တွင် များစွာအထောက်အကူပြုသည့် ငှက်လည်းဖြစ်သည်။
. ပုလင်းထဲကကြက်

အမေရိကန်နိုင်ငံပြည်ထောင်စု၊ တက်ခ်ဆက်ပြည်နယ် ဗင်မီတာဒေသတွင် ပြင်းထန်သောလေဆင်နှာမောင်း တိုက်ခတ်စဉ်က အရွယ် ရောက် ကြက်ဖတစ်ကောင်သည် ထူးဆန်းစွာ နှစ်ဂါလံဆန့် ဖန်ပုလင်းထဲသို့ ၀င်သွားသည်ဟု ဆိုသည်။

သန်းချီဥသည့်ငါး

အလေးချိန် ၇ပေါင်ရှိပင်လယ်ငါးတစ်ကောင်သည် တစ်ကြိမ်လျှင် ငါးဥပေါင်း ၇သန်းဥနိုင်ကြလေသည်။

သဘာဝကျောက်ရုပ်

ဂျာမနီနိုင်ငံရှိ ( အာဘာတောင် ) Mount Arber ရှိ တောင်ကမ်းပါးစွန်းသည် ဂျာမန်တေးဂီတပညာရှင်ကြီး ( ရစ်ချတ်ဝါဂနာ ) Richard Wagner ၏ ရုပ်ထုကိုထုလုပ်ထားသကဲ့သို့ သဘာဝအတိုင်းတည်ရှိလျှက်ရှိနေသည်ဟုဆိုသည်။

ထူးခြားသည့်သက်သေပြမှု

နီပေါနိုင်ငံ၊ မျိုးနွယ်စုတစ်ချို့တွင် သတို့သမီးလောင်းတစ်ယောက်သည် လက်ထပ်ရန် အဆင်သင့်ဖြစ်ကြောင်းကိုပြသသည့်အနေဖြင့် ဟိမ၀န္တာတောင်ကိုဖြတ်ကျော်ပြီး မိုင်၂၀ကျော်ကွာဝေးသည့် တောင်ကုန်းပေါ်တွင်သူများဆီမှခေတ္တငှားလာသည့်ကလေးကို ကျောပိုးကာ ခြေလျှင်လျှောက်ပြခဲ့ရသည်ဟုသိရသည်။

အရှည်ကြာဆုံးခေါင်းလောင်းထိုးတာဝန်ထမ်းဆောင်သူ

အမေရိကန်နိုင်ငံ ချားလ်စတန်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ (၀ါရှင်တန်မက်လန်ဂက်စဒန် ) ဆိုသူသည် နှစ်ပေါင်း ၆၁နှစ်တိုင် ဘုရားရှိခိုးကျောင်း၏ ခေါင်းလောင်းထိုးတာဝန်ကို မပျက်မကွက်ထမ်းဆောင်နိုင်ခဲ့သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့လေသည်။

ထူးခြားသည့်အိမ်များ

ဂျာမနီနိုင်ငံ၊ ဂရော့ဘော့စားမြို့ရှိအိမ်များသည် တစ်ခြားအိမ်များနှင့်မတူ တစ်မူထူးခြားစွာတွေ့မြင်ရပေသည်။ အဆိုပါအိမ်များကို မြို့၏ အုတ်တံတိုင်းများပေါ်တွင် တန်းစီဆောက်လုပ်ထားခြင်းဖြစ်သည်။

နိမိတ်ဖတ်မှန်သည့်ပန်းပုဆရာ

အီဂျစ်ပန်းပုဆရာ အမီနိုသီးစ် ( Amenothes ) သည် သူနိမိတ်ဖတ်ထားသည့်အတိုင်း မှန်ကန်သူအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ သူသည်သူ့အသက်၈၀အရွယ်တွင် သူ့ပုံတူကိုထုထွင်းခဲ့ရာ ပန်းပုရုပ်ထု၏အောက်တွင် ( ယခုကျွန်ုပ်အသက်၈၀အရွယ်ရှိခဲ့ပြီ အသက် ၁၁၀တိုင်အောင်နေထိုင်သွားရမည်ဖြစ်သည်။ ) ဟု ရေးထွင်းထားခဲ့ရာ သူနိမိတ်ဖတ်ရေးထိုးထားခဲ့ရာ သူနိမိတ်ဖတ်ရေးထိုး သွားခဲ့သည့်အတိုင်း အသက် ၁၁၀ရောက်ရှိမှသာ ကွယ်လွန်သွားခဲ့သည်။.. ရေးသူ ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 3

ပထမဆုံး မိုးပျံဘောလုံးပြိုင်ပွဲ

ပထမဆုံးမိုးပျံဘောလုံးပြိုင်ပွဲကို ၁၉၀၆ခုနှစ်က ပြင်သစ်နိုင်ငံတွင်ကျင်းပခဲ့ရာ နိုင်ငံ ၇နိုင်ငံမှ ပြိုင်ပွဲဝင် ၁၅ဦးယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသားတစ်ဦးက ၂၂နာရီ ၂၈မိနစ် ၁၀စက္ကန့်ြ့ဖင့် ၃၉၅မိုင်အကွာအဝေးထိရောက်အောင် မိုးပျံဘောလုံးကိုစီးပြနိုင် ခဲ့ကာ အနိုင်ရရှိသွားခဲ့သည်။
. ကမ္ဘာအကြီးဆုံး ရေငုပ်သဘောင်္ကြီး

ကမ္ဘာအကြီးဆုံး ရေငုပ်သဘောင်္ကြီးမှာ ၁၉၈၀ခုက ရေချခဲ့သော ( Ussohio ) အမည်ရရေငုပ်သဘောင်္ကြီးဖြစ်သည်။ သဘောင်္ကြီးသည် တန်ချိန် ၁၈.၇၀၀ရှိကာ ၅၆၀ပေ ( ၁၇၀.၆ ) မီတာ ရှည်လျားသည်။

ကလေးအမည်များမှည့်ထားသောကားများ

အမေရိကန်ပြည်ထောင်စု၊ နီဘရာဆကာက ကားထုတ်လုပ်သူတစ်ဦးသည် သူထုတ်လုပ်လိုက်သောကားများကို သူ့သားသမီးသုံးယောက် ၏ အမည်များဖြစ်သော (ဂျာဂွာဖာရာရီ )၊ ( လန်စီရာလီမန်စ် ) နှင့် အက်စတန်မာတင်အမည်များ ပေးထားလေသည်။

သဘာဝက အကာအကွယ်ပေးထားသောမျောက်

မျောက်မောင်းမ (Sloths ) များသည် ရန်သူကိုရှောင်ပုန်းရာတွင် သဘာဝကပေးထားသော ကိုယ်ပေါ်ရှိအမွေးများက များစွားအကူအညီ ပေးလေသည်။ သူတို့ကိုယ်ပေါ်တွင် အစိမ်းရောင်အရိအချွဲများရှိနေသောကြောင့် နောက်ခံသစ်ရွက် သစ်ကိုင်းများ နှင့် အရောင်ချင်းရောနှောနေသောကြောင့် ရန်သူက သူတို့ကိုအလွယ်တစ်ကူ မမြင်တွေ့နိုင်တော့ပေ။

အစာမစားပဲအသက်ရှင်နိုင်သောပင့်ကူ

အချိန်ကာလနှစ်နှစ်ခွဲအထိ အစားမစားပဲ အသက်ရှင်ရပ်တည်နေနိုင်သော ပင့်ကူမှာ အမွေးရှည်ပင့်ကူကြီး ( Tarantulas ) မျိုးဖြစ်သည်။

တိရစ္ဆာန်ရုံထဲကျတဲ့ဗုံး

ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်များက ဘာလင်မြို့ ( ဂျာမနီနိုင်ငံ ) ပေါ်ကို ဗုံးများကျဲချသောအခါ ပထမဆုံးကြဲချသောဗုံးမှာ ဘာလင်မြို့
တိရစ္ဆာန်ဥယျာဉ်ထဲကို ကျသွားခဲပါတယ်။ အခြားဘာထိခိုက်မှုမှမရှိပဲ ဆင်တစ်ကောင်တည်းသာ သေသွားခဲ့ပါတယ်။

လက်ဖြင့်တူးဖော် တည်ဆောက်ခဲ့သည့် အရှည်လျားဆုံးတူးမြောင်းကြီး

ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဆုံးနှင့် ရှေးအကျဆုံးတူးမြောင်း (Canal ) ကြီးမှာ တရုတ်ပြည်ရှိ ဟန်ချောင်မြို့ ( Hangchow ) နှင့် ပီကင်းမြို့ ( Peking ) ကြားရှိ တူးမြောင်းကြီး ( Grand Canal ) ဖြစ်သည်။ အင်ဂျင်နီယာကြီးများပင် လက်ဖျားခါ အံသြယူလောက်အောင် ( ၁၁၀၇ ) မိုင်ရှည်လျားသည့် တူးမြောင်းကြီးဖြစ်သည်။ င်္ဘီစီ ၅ရာစုက အဆိုပါတူးမြောင်းကြီးကို အလုပ်သမား များက လက်ဖြင့်တစ်လက်မချင်း တူးဖော်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ဗဟုသုတအတိုအထွာများ ( ၂ )

၁။ နားကြပ်တပ်ခြင်း၊ သီချင်းနားထောင်သည့်အတွက် နားကြပ်တပ်ခြင်းဟာ လူကိုလုံးဝကောင်းကျိုးမပေးနိုင်ပါဘူး၊ တစ်နာရီခန့် နားကြပ်တပ်ထားသူရဲ့ နားထဲမှာ ဘက်တီးရီးယားပိုးတွေဟာ အဆ ( ၇၀၀ ) တိုးပွားလာနိုင်ပါတယ်။

၂။ လူတစ်ယောက်ဟာ ညာဘက်လက်သန်တဲ့သူ ( ညာသန် ) ဖြစ်ရင် အစားအသောက်စားတဲ့အခါ ပါးစပ်ရဲ့ညာဘက်အခြမ်းကနေ များသောအားဖြင့် စားသောက်ကြတယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဘယ်သန်ဖြစ်ရင်တော့ ဘယ်ဘက်ကနေအစားအစာကိုတယ်လို့ မှတ်သားရတယ်။ ( မယုံလျှင် ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်လို့ရပါတယ် )

၃။ ဆေးလိပ်ဖြတ်လိုက်တဲ့ လူတစ်ယောက်ဟာ တစ်ညမှာ တစ်နာရီလျှော့အိပ်ဖို့လိုတယ်လို့မှတ်သားရပါတယ်။

၎။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာရှေးဟောင်းအမွေအနှစ်ဖြစ်သော ပုဂံဒေသအား မဟာမိတ်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုကင်းစေရန်
စစ်နယ်မြေမသတ်မှတ်မိစေရန် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သောသူမှာ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းရာဇ၀င် ပါမောက္ခ ဂျီ။အိပ်ခ်ျလုခ်ဖြစ်သည်။

၅။ လင်းနို့၊ လင်းဆွဲတွေဟာ သတ္တ၀ါတွေထဲမှာတော့ ကောင်းကင်ကိုပျံသန်းနိုင်တဲ့ တစ်ဦးတည်းသော သတ္တ၀ါဖြစ်ပါတယ်။လင်းနို့တွေ ဟာ တစ်နှစ်မှာ တစ်ကောင်သာမွေးတယ်လို့ ဆိုပါတယ်။

၆။ ကလေးမွေးသောအခါ ဇောက်ထိုးမွေးသောသတ္တ၀ါမှာ သစ်ပင်များတွင်နေထိုင်သော အမေရိကန်တိရိစ္ဆာန် ( Sloth )မျောက်တစ်မျိုး
ဖြစ်သည်။ .. ရေးသူ ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင်

လကမ္ဘာကပင်မြင်နိုင်သည့်အဆောက်အဦး
လကမ္ဘာကပင်မြင်နိုင်သည့် ကျွန်တော်တို့ကမ္ဘာမြေပေါ်ရှိလူဆောက်လုပ်ခဲ့သည့်အဆောက်အဦးမှာ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီး ( The Great Wall Of China ) ပင်ဖြစ်သည်။

ပုဇဉ်း၏သက်တမ်း
ပုဇဉ်း၏သက်တမ်းမှာ 24 နာရီသာဖြစ်သည်။ ငွေအကုန်အကျများသည့် ၀ါသနာ
လူအများစုသည် တစ်ခြားဝါသနားများထက် သစ်ပင်ပန်းပင်စိုက်ပျိုးသည့် ၀ါသနာတွင် ငွေကိုပိုပြီးသုံးစွဲသည်ဟုတ်မှတ်သားရပါသည်။

နောက်အကျဆုံးတွေ့ရှိရသောဂြိုလ်
လူတို့သည် 1930ပြည့်နှစ် ရောက်မှသာ ပလူတိုဂြိုလ်ကို တွေ့ရှိရသည်။

အမျိုးအစားအများဆုံးလိပ်ပြာ
တစ်ခြားသတ္တ၀ါများထက် အမျိုးအစားများသည့် သတ္တ၀ါမှာလိပ်ပြာဖြစ်သည်။ ကမ္ဘာပေါ်တွင်လိပ်ပြာအမျိုးအစားပေါင်း တစ်သိန်းကျော်ရှိသည်ဟု သိရသည်။

ရွှေငါး၏မှတ်မိနိုင်စွမ်း
ရွှေငါးတစ်ကောင်သည် ၃စက္ကန့်သာ မှတ်မိနိုင်စွမ်းရှိသည်။

ငွေအတွက်နာမည်ပေါင်နှံသည့်လူမျိုး
ကွာကွတ်လ် အင်ဒီယန်းလုမျိုးများ( Kwakiut ) သည် ငွေလိုအပ်သည့်အခါ သူတို့၏နာမည်ကို ငွေချေးသူထံ ပေါင်နှံကြလေသည်။ ငွေချေးသူသည် ငွေကိုငွေချေးသူထံ ပြန်မဆပ်မချင်း နာမည်မဲ့သူဖြစ်နေလေသည်။ ငွေပြန်ဆပ်မှသာ နာမည်ကို သုံးခွင့် ခေါ်ဆိုခွင့်ရှိသည်။

ပျံသန်းရင်း အစာစားသောက်သည့်ငှက်
ပျံလွှားငှက် (Swallow) များသည် ပျံသန်းရင် အစာစားသောက်၊ မိတ်လိုက်သည့် သတ္တ၀ါဖြစ်သည်။

ကြာပန်းစတင်ပေါက်ရောက်သည့်နိုင်ငံ
ကြာပန်းစတင်ပေါက်ရောက်သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး BC ၆ရာစုတွင် အီဂျစ်ပြည်သို့ပျံ့နှံ့ရောက်ရှိသည်။ ကြာပန်းတွင် အစေ့ ရိုးတံနှင့် အရွက်များအားလုံးကို စားသုံးနိုင်သည်။ .. Added By ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 2

လူဦးရေ ၉၉ယောက်သာရှိသည့် လူမျိုး

'' 99 " သည် အာဖရိကတိုက်၊ ကင်ညာနိုင်ငံ၊ ရုဒေါ့ရေကန်ကြီးအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သောမျိုးနွယ်စု၏ အမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်ခန့်က အဆိုပါကျွန်းတွင် နေထိုင်သော '' 99 " လူမျိုးများ၏ဦးရေမှာ ၉၉ယောက်ထက်လည်း မများ၊ ၉၉ယောက်မကျော်ပဲရှိသည်ဟုမှတ်သားရသည်။

ထူးခြားသည့်စာကြောင်း

Attendance (n) တက်ရောက်ခြင်း၊ တက်ရောက်သည့် အရေအတွက်ဟု အဓိပ္ပါယ်ရသည့်စာကြောင်းကို အောက်ပါအတိုင်း စာလုံးများခွဲ လိုက်ပါက အဓိပ္ပါယ်ရှိသောစာကြောင်းတစ်ခုရရှိသည် " At Ten Dance '' ( ၁၀နာရီမှာ ကကြရအောင် ) လို့ဖြစ်သွားပါသည်။
သမိုင်းတွင်တန်ဖိုးအကြီးမားဆုံးသလွန်တော်

၁၉ရာစုက ပါရှားဧကရီအသုံးပြုခဲ့သော သလွန်တော်မှာ ဒေါ်လာ သန်း၄၀ကျော်တန်ဖိုးရှိသည်ဟုဆိုသည်။ ရွှေဖြင့်ပြုလုပ်ထားသည့် သလွန်တော် ဖြစ်ပြီး '' ရွှေဥဒေါင်း '' သလွန်တော်ဟု အမည်ရသည်။ ယခင်က အဆိုပါသလွန်တော်မှာ အိန္ဒိယနိုင်ငံ မဂိုဘုရင်၏ သလွန်တော် ဖြစ်သည်။ ပါရှားဘုရင် နာဒီယာရှန် ( Nadir Shahm ) က ထိုသလွန်ကို နယူးဒေလီမှ ပါရှားနိုင်ငံသို့ သယ်ဆောင်ခဲ့ကာ သူထိုင်သည့်သလွန်တော်အဖြစ် ပြန်လည်ပြုပြင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၅၉၇ ခုနှစ်တွင် ဖက်အလီရှား ( Fath Ali Shah ) ဘုရင်ဖြစ် လာသောအခါ သူ၏ကြင်ယာတော် အလှဧကရီ တပ်စ်ခမမ် ( Taus Khanmum ) အား သူ့သလွန်တော်ကို ချီးမြှင့်အသုံးပြုစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထို '' ရွှေဥဒေါင်းသလွန်တော် " ကို အီရန်နိုင်ငံပြတိုက်တွင် ပြသထားလေသည်။
( မှတ်ချက် ) ပါရှားနိုင်ငံဆိုသည်မှာ ယခုအခါ အီရန်နိုင်ငံဖြစ်သည်။

ဂိုးသွင်းပေါက်တီထွင်သူ

ပိုက်ဖြင့်ကာစည်းထားသော ဘောလုံးဂိုးပေါက်ကို ၁၈၅၅ ခုနှစ်က ဘာမင်ဂမ်မြို့တွင် စတင်အသုံးပြုခဲ့သည်။ သို့သော်၁၈၉၀ပြည့်နှစ်တွင် လီဗာပူးမြို့မှ အင်ဂျင်နီယာတစ်ဦးက ထိုဂိုးပေါက်ထက်ပိုမိုကောင်းမွန်သည့် ယခုခေတ်တွင် အသုံပြုလျှက်ရှိသော ဂိုးသွင်းပေါက်ကို တီထွင်လာနိုင်ခဲ့သည်ဟု ဆိုပါသည်။

အမြန်ဆုံးဂျက်လေယာဉ်

အမေရိကန်နိုင်ငံက တည်ဆောက်ထားခဲ့သော Lockheed SR 71 အမျိုးအစား " ငှက်နက်'' ( Black bird ) အမည်ရသည့် ဂျက်လေယာဉ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ၁နာရီ ၅၄မိနစ် ၅၆စက္ကန့် ဖြင့်ဖြတ်သန်းကာ ကမ္ဘာအမြန်ဆုံးဂျက်လေယာဉ်အဖြစ် စံချိန်သစ် တင်ခဲ့လေသည်။

ဇစ်တည်ထွင်သူ

ပထမဆုံး အပိတ်အဖွင့်ဇစ် ( Zip Fastener ) ကို စတင်တည်ထွင်ခဲ့သူမှာ အမေရိကန်လူမျိုး ရှစ်ကွန်ဘီဂျပ်ဆင်ဆိုသူဖြစ်ပြီး ၁၈၉၂ခုနှစ်
ကတည်ထွင်ခဲ့သည်။

ထူးခြားသောရဲတိုက်

သြစတြေးလျနိုင်ငံ ဆေဘတ်မြို့ရှိ ဖစ်တားစ်ရဲတိုက်ကြီးသည် အ၀ိုင်းပုံစံရှိသော မျှော်စင်ရှိသည့်ရဲတိုက်ကြီးဖြစ်ပြီး မျှော်စင်ထိပ်ပေါ် တွင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ထားသည်။ စုန်းအတတ်ဖြင့်ပြုစားခဲ့သည်ဟု သတ်မှတ်အပြစ်ပေးခံရသူ အကျဉ်းသားများကို
အောက်ဆုံးထပ်တွင် အကျဉ်းချထားခဲ့သည်။

မြင်းစီးရုပ်ထုများ၏ထူးခြားချက်

မြင်းစီးနေသောလူရုပ်ထုများ၏ ထူးခြားချက်မှာ မြင်းသည်ရှေ့ခြေနှစ်ချောင်းကို လေထဲတွင်မြှောက်ပြထားသောအခါ မြင်းပေါ်မှ ရုပ်ထု ရှင်သည် တိုက်ပွဲမှာကျဆုံးသည်ဟုမှတ်ရမည်။ ရှေ့ခြေတစ်ချောင်းကိုသာမြှောက်ထားလျှင် မြင်းပေါ်မှလူသည်တိုက်ပွဲမှရသည့်ဒဏ်ရာ ကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ မြင်း၏ခြေထောက်လေးချောင်းမှာ မြေပြင်မှာပဲရှိနေတယ်ဆိုလျှင် မြင်းပေါ်မှလူမှာ သဘာဝအတိုင်း (သို့) လုပ်ကြံခံရခြင်းကြောင့်ကွယ်လွန်သည်ဟု မှတ်ယူရပါမည်။

လျှပ်စစ်မီးပူကိုတည်ထွင်သူ

လျှပ်စစ်မီးပူကို စတင်တည်ထွင်သူမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ ဟင်နရီဒဗလှူဆီးလီး ဖြစ်ပါသည်။

ဗဟုသုတအတိုအထွာများ

၁။ ပုစွန်ဆိတ်တစ်ကောင်၏ နှလုံးမှာ သူ၏ဦးခေါင်းထဲရှိသည်။

၂။ ကြွက်များသည် (၁၈)လအတွင်း အလွန်လျှင်မြန်စွာတိုးပွားလာကြသည်။ ကြွက်နှစ်ကောင်တွင် သားသမီး၊ မြေးမြစ်တွေဟာ
တစ်သန်းကျော်တောင်ရှိနေသည်။

၃။ အီတလီအာဏာရှင် ဘီနီတိုမူဆိုလိုနီ ရယူထားသောသည့် ဘွဲ့အမည်မှာ ( The Leader ) ဖြစ်ပါတယ်။

၎။ နေစွမ်းအားသည် ထွန်းညှိထားသည့် ဖယောင်းတိုင်အား 1,575,000,000,000,000,000,000 နှင့်တူညီပါသည်။

၅။ Google ဆိုတဲ့အင်တာနက်အင်ဂျင်ဟာ သုညအလုံးရေတစ်သန်းကို ကိုယ်စားပြုတဲ့ သာမန်အမည်တစ်ခုဖြစ်ပါတယ်။

၆။ တိုင်တန်းနစ် သင်္ဘောကိုတည်ဆောက်တုန်းက ကုန်ကျစရိတ်ဟာ ဒေါ်လာ ၇သန်းသာရှိပေမဲ့အဲဒီသင်္ဘော အကြောင်းရုပ်ရှင်ရိုက်တဲ့ အခါကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၂၀၀ ကုန်ကျတယ်လို့သိရပါတယ်။

၇။ လေဘာတီကျောက်ရုပ်၏ ကမ္ပည်းကျောက်စာချပ်သည် နှစ်ပေထူပါသည်။

၈။ လန်ဒန်မျှော်စင်သည် ရှေးခေတ်က အကျဉ်းသားများထားရှိသော နေရာဖြစ်ပြီး ယခုအခါပြတိုက်ဖြစ်နေခြင်းကြောင့် ထင်ရှားသော နေရာဖြစ်သည်။

၉။ ၁၉၃၀ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထဦးဆုံး ကမ္ဘာဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးတွေဟာ တစ်ကယ်တော့ မျောက်ရဲ့ဦးခေါင်းခွံကို စက္ကူနဲ့သားရေတို့က ဖုံးအုပ်ရစ်ပတ်ချုပ်လုပ်ထားပေးတယ်လို့သိရပါတယ်။

၁၀။ ပျားရည်ကိုစတင်တွေ့ရှိပုံက အလွန်ထူးဆန်းပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေထဲမှာတွေ့ရှိပြီး ရှေးဟောင်း သုတေသနပညာရှင်တွေက မြည်းကြည့်ရာကနေ စားသောက်လို့ရတဲ့အရာမှန်း သိသွားခဲ့ကြခြင်းဖြစ်သည်။

၁၁။ အမေရိကန်နိုင်ငံက သမ္မတကြီးအေဗရာဟင်လင်ကွန်းဟာ (တီတွင်မှု ) မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်ခွင့်ပြုခဲ့သူဖြစ်သလို သဘောင်္တွေကို သောင်တွေပေါ်ကနေ မတင်ရာအသုံးပြုတဲံ့ ရေအားလျှပ်စစ်ကိရိယာကို တည်ထွင်ခဲ့ပါတယ်။
.
Added by ညီမင်းညို

အန္တာရာယ်များတဲ့ ပန်းသီးအခွံ

များသောအားဖြင..့် ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ စားတတ်ကြပါတယ်။ များသောအားဖြင့် USကလာတဲ့ ပန်းသီးများအပါအဝင် နိုင်ငံရပ်ခြားမှ ဝင်လာတဲ့ ပန်းသီးတွေဟာ နှစ်ပေါက်နေပေမယ့် လတ်ဆတ်တဲ့  ပုံစံအတိုင်း အနေအထားမပျက်တွေ့ ရှိကြရပါတယ်။. ဒါကတော့ပန်းသီးအခွံ့ ကို ဖယောင်းနဲ့ အုပ်ထားတဲ့အတွက် ပြင်ပမှ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့ အပြင် အရည်ဓာတ်ခမ်းခြောက်ခြင်းလည်းမရှိပါ။ဖယောင်းနဲ့  ပြန်အုပ်ထားတာကို ပုံမှာ ပြထားတဲ့အတိုင်းစမ်းသပ်နိုင်ပါတယ်။ပန်းသီး ကြိုက်သူများ အခွံ့ ကိုပါ မနွှာတမ်း အလုံးလိုက် ကိုက်စားချင်သူများ… သတိထားရှောင်ရှားကြဖို့ ပါ…လမ်းကြုံရင် သူငယ်ချင်းတွေကိုပါ လက်ဆင့်ကမ်း သတိပေးလိုက်ကြပါဦး… ..
နွေကကြိုးရှင်

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ (၁၀)မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။
( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း

ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊ ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့် သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ

သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့ ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့ ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့ ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ

ီAllium ကွန်ပေါင်းတွေ ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင်
့လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး

စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊ Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန် လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး

ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့် မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်

ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊ ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊ Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့ စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်

လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ် ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင် ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး

လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ် အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ် ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့် Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊ စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း တင်ပြလိုက်ပါတယ်။ ..

မိဘဂုဏ်ရည်

မိဘရှိခိုးလင်္ကာ(၁) အမေ့ဂုဏ်ရည်
မာတာပိတုဂုဏော အနန္တောဟု အံသြစဖွယ် ဂုဏ်သွယ်ဖြာသား မာတာပိတ မိနှင့်ဘ၏ ပြုကြဖုံဖုံ ကျေးဇူးဂုဏ်ကို စေ့စုံအောင့်မေ့ ဆုံးမတွေ့တည်း၊ နေ့ညရှည်စွာ ဖယ်လကြာအောင် လွယ်ကာခဲ့ယဉ်း စောက်ရှောက်လျဉ်း၍ သားရင်းမျက်နှာ မြင်ခဲ့ပါလျင် ဒေ၀ါသကြား ဆက်သထားသို့ စိတ်အားနှစ်ခြိုက် ပီတိခိုက်၍ လွယ်ပိုက်ရင်ခွင် အသက်သွင်းသို့ ချော့ငင်ဆိုတေး နို့ချိုကျွေးလျှက် ညစ်ကျေးမစင် လျော်သုဓ်သင်၍ ဖြုတ်ခြင်မှတ်ဆိုး သန်းကြပိုးနှင့် လေဆိုးမကြိမ် နေမရှိန်အောင် အချိန်မလွတ် လွန်စောင်ကြပ်၍ စာဖတ်စာရေး အထွေထွေဖြင့် မွေးမေမိရင်း အသင့်သွင်း၍ ဘေးကင်းရန်ပ ကျန်းမာကြ၏`။
ဤပထမပိုဒ်ဖြင့် မိဘနှစ်ပါးတို့တွင် မိခင်ဖြစ်သူ၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်ကြင်နာယုယပုံ အမေ့ကျေးဇူးဂုဏ်ရည်တို့ကို ဖော်ပြသည်၊ မိခင်ဟူသည် သားမသီးတို့ပဋ္ဋိသန္တေနေသည့် ကာလလရေကြည်တည်သည့် အချိန်အခါမှစတင်းကာ အသက်ပေး၍ စောင့်ရှောက်ပုံကို ဖွဲဆိုပြသည်။
မိဘရှိခိုးလင်္ကာ(၂) အဖေ့ဂုဏ်ရည်
မွေးဖသည်ကား သမီးသားတို့ ကြီးပွားစေရန် ချစ်စိတ်သန်၍ ဘေးရန်ထူပြော မြစ်ရေကြောနှင့် တောတောင်မရှောင် ညည့်မှောင်မကွင်း ခလုတ်ကျင်းနှင့် မိုးပြင်လေကြမ်း သည်းခံစွမ်းလျက် ဘေးဘျမ်းလက်နက် အသက်အန္တရယ် အသွယ်သွယ်ကို တကယ်မရူး ဥစ္စာစုလျှက် သားနုသေးငယ် သမီးမယ်တို့ ကိုယ်ဝေဘေးရှင်း ရွယ်ကြီးမြင့်သော် စိုးမင်းရာဇာ ရှိန်ဝါမသေး သူဌေးသူကြွယ် ဖြစ်ဖို့ရွယ်လျက် ကြီးငယ်လုံးလ ဥဿာဟဖြင့် မွေးဖပီတာ ပြုနိုင်ပါ၍ ဓီတာပုတ္တ ရှိသမျှ၌ မိဖမေတ္တာ လွန်းကြီးပါ၏`။
ဤဒုတိယပိုဒ်ဖြင့် ဖခင်ဖြစ်သူက သားသမီးတို့ကို စောင့်ရှောင့်လုပ်ကျွေးပုံ အဖေ့ကျေးဇူးဂုဏ်းရည်တို့ကို ပြဆိုသည်၊ ဖခင်သည် သားသမီးတို့အတွက် စီးပွားဥစ္စာရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ ရှာဖွေစုဆောင်းပြီး လုပ်ကျွေးပုံကို ဖေါ်ညွန်းပြသည်။ဤနှစ်ပိုဒ်တို့ဖြင့် မိဘနှစ်ပါးတို့က သားသမီးတို့ အပေါ်မှာထားသော မေတ္တာတရားကြီး မားပုံကို သီးကုံးပြသည်။
မိဘရှိခိုးလင်္ကာ(၃) ရှေ့ဦးဆရာဖြစ်သော မိဘ
ရံခါသော်ကား ရင်သွေးများ၌ နားဖျားရှိလျင် မိဘခင်တို့ ဆောလျင်မသွေ ချမ်းသာစေဟု အိပ်နေမရှိ အရိပ်ကြည့်၍ မေးတည့်ခေါ်ငင် သနားအင်သည် ရေယာဉ်ဖြစ်ကြီး လှိမ့်၍စီးသို့ ကြီးဂရုဏာ လွန်ကဲစွာ၏ သည်းခြားရင်သွေား မတ်ရပ်ပြေး၍ ခေါ်မေးနိုင်ဘိ အရွယ်ရှိသော် သိခွင့်သိရာ မျိုးဘာသာနှင့် ဆွေညာသားချင်း မှားမယွင်းအောင် နားသွင်းနေ့စဉ် ခေါ်ပုံသလျက် ရပ်ခွင်ရှေ့နောက် အထက်အောက်နှင့် တောင်မြောင်ဘယ်ညာ အရာရာကို စစွာပကတူး သင်ပေးဖူး၍ လက်ဦးဆရာ မည်ထိုက်စွာတည်း ပုဗ္ဗာစရိယ မိနှင့်ဖဟု ဗုဒ္ဓစိန္တေ ဟောမိန့်ချွေ၏။
ဤတတိယပိုဒ်ဖြင့် သားသမီးတို့အပေါ် ထားရှိသော မိဘနှစ်တို့၏သနားဂရုဏား လွန်စွားကြီးပုံကို ပြသည်။ ထိုအပြင် မိဘနှစ်ပါးတို့က သားငယ်သမီးငယ်တို့၏ ပထမဆုံး ရှေ့ဦးစွာသော ဆရာသမားများ ဖြစ်ကြပုံကိုလည်း ဖွဲ့သီပြသည်။
မိဘရှိခိုးလင်္ကာ(၄) ဗြဟ္မာကြီးနှင့်တူသော
ရုပ်ရည်တင့်တယ် သင့်အရွယ်၌ တတ်ဘွယ်ပညာ အရာရာကို လိမ္မာစေမှု တတ်အောင်ပြု၍ လူစုပွဲဘောင် တင်တည်အောင်ဟု ထိန်ပြောင်ဆန်းစွာ ၀တ်တန်းဆာကို လိုရာမနှေး ဆင်ဝတ်ပေး၍ ရင်သွေးမောင်မိ တင့်တယ်ဘိဟု ရူးကြည့်မှန်းကာ စိတ်ချမ်းသာ၍ မုဒိတာစစ် မကွာဖြစ်၍ သားချစ်သမီး ပြည့်စုံပြီး၍ သီးခြားအိပ်ရာ နေနိုင်ပါသော် ဥပေက္ခာမူ လျစ်လျူရူး၏၊ လေးခုဗြဟ္မာစိုရ် ပွာပြုထိုကြောင့် ခေါ်ဆိုတသီး ဗြဟ္မာကြီးဟု မြွတ်ချီသညာ ဆိုထိုက်ပါ၏`။
``ဤစတုတ္ထပိုဒ်ဖြင့် သားသမီးတို့ကြီးပွားအောင်မြင်မူးကို အကြောင်းပြု၍ မိဘနှစ်ပါးတို့၏ ၀မ်းမြောက်မှူ မုဒိတာဖြစ်ပုံကိုလည်းကောင်း၊ သားသမီးတို့အိမ်ထောင်ကျ၍ ပြည့်စုံမူရှိလျင် မိဘတို့၏ လျစ်လျူရူးမူး ဥပေက္ခာဖြစ်ပုံကိုလည်းကောင်း ပြဆိုသည်၊ ထိုမှတစ်ဖြာ အထက်အပိုဒ်တို့၌ ပြဆိုသည့်အတိုင်း မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာဟုဆိုအပ်သော ဗြဟ္မာစိုးတရားလေးပါးတို့ကို ပွားများကြသဖြင့် မိဘတို့သည် သားသမီးတို့၏ ဗြဟ္မာကြီးတွေဖြစ်ကြပုံကိုလည်း ဖေါ်ညွန်ပြသည်။
မိဘခြေဖ၀ါး ဦးတင်ပုံ မိဘရှိခိုးလင်္ကာ(၅)
များစွာရှိငြား သမီးသားတို့ ညွတ်တွားကော်ရော် ပူဇော်သမျှ လှူဒါနကို မုချတိုက်ရိုက် ခံယူထိုက်၏၊ သမိုက်ဆန်စွာ ရဟန္တာနှင့် သညာတူမှူ အမည်ပြု၍ အာဟုနေယျ မှန်ပေလှဟု ဗုဒ္ဓမြတ်စွာ ဟောဖေါ်ကြားသည် ကြီးမားဂုဏ်အင် မွေးမိခင်နှင့် ဖခင်တို့အား ရိုညွတ်တွား၍ စိတ်ထားထင်မြင် ဖ၀ါးပြင်ကို ဦးတင်မာန်လျော့ ကန်တော့မြတ်နိုး ရှိခိုးပါ၏`။
ဤပဉ္စမပိုဒ်ဖြင့် ရဟန္တာအရှင်မြတ်တို့သည် အာဟုနေယျ အမည်ရသကဲ့သို့ မိဘတို့သည်လည်း သားသမီးတို့၏ ပူဇော်မူးကို ခံယူထိုက်သဖြင့် အာဟုနေယျမည်ရပုံကို ပြဆိုသည်။ ထိုပြင် ဆိုခဲ့ပြီးသည်အတိုင်း မိဘတို့၏ဂုဏ်ကျေးဇူးကြီးမာပုံတွေ ရှေ့ဦးဆရာဖြစ်ပုံတွေ ရဟန္တာသဘွယ် အာဟုနေယျ မည်ထိုက်ပုံတွေကို တစ်စိမ့်စိမ့်တွေးလျှက် စိတ်ဝယ်ထင်ထင် ဆင်ခြင်ပြီးလျင် မာမာနတို့ကို လျော့ချပြီး မိမိတို့ဦးခေါင်းဖြင့် မိဘတို့၏ ခြေဖ၀ါးတို့ကို မြတ်နိုးစွာ ရှိခိုးကန်တော့ပါ၏ ဟူ၍လည်း ပြဆိုပေသည်။
အထက်ပါ မိဘရှိခိုးလင်္ကာ၌ ‘‘ကြီးမားဂုဏ်အင် မွေးမိခင်နှင့် ဘခင်တို့အား ရိုညွတ်တွား၍ စိတ်ထားထင်မြင် ဖ၀ါးပြင်ကို ဦးတင်မာလျော့ ကန်တော့မြတ်နိုး ရှိခိုးပါ၏’ ဟူသောစာသားအရ သားသမီးတို့သည် မိဘတို့၏ခြေဖ၀ါးတို့ကို ရှိခိုးကြရသည်၊ တစ်အိမ်တည်းမှာ အတူတူနေရာ၌ ရှိခိုးနိုင်သော်လည်း အိမ်ခွဲနေသော်လည်းကောင်း အရပ်ဝေးမှာနေ သော်လည်းကောင်း အဘယ်သို့ရှိခိုးမည်နည်း။
မှတ်ချက် ဆက်လက်ဖေါ်ပြရန်ရှိသေးသည်၊ စောင့်မျော်လျက်ဖတ်ပါ ..

ဗီတာမင် ဘီ အုပ်စုများသည် မှတ်ဥာဏ်ချို့ယွင်းခြင်းကို သက်သာစေနိုင်

ဗီတာမင်ဘီ မှီဝဲစားသုံးခြင်းဟာ သက်ကြီးရွယ်အိုများတွင် မှတ်ဥာဏ်ချို့ယွင်းခြင်းနှင့် သတိ
မေ့တတ်ခြင်းကို လျှော့ကျစေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံတွင် ၂နှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက်
အထက်ပါ အဆိုပြုချက်ကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်
အပါအ၀င် ဗီတာမင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ
(Alzheimer disease) နှင့် အခြားသော မှတ်ဥာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။.
မှတ်ဥာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း
(homocysteine) ပမာဏမြင့်မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာ
တုံ့ပြန်နိုင်စွမ်းရှိကြောင်း Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီး
တစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသော
အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ
ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။
စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက
မှတ်ဥာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။
သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း
၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း
၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း
၎။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း
၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း
၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း
၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ
ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းခြင်းကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဥာဏ်
ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က
ဆက်လက်ပြောကြားသွားပါတယ်။ ..

ကျား/မ မရွေး အရွယ်တင် နုပျိုလှပစေဖို့

အားလုံးသိတဲ့ အတိုင်း အောက်ဖော်ပြပါ ဗီတာမင်၅မျိုးဟာဆိုရင်
အိုးမင်း ရင့် ရော်ခြင်းကို နှေးကွေး စေရုံ သာမကကျန်းမာရေးကိုပါထောက်အကူပြုစေနိုင်ပါတယ်။


၁။ ဗီတာမင် အီး ( vitamin E )

vitamin E ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်တဲ့  အစွမ်းသတ္တိ အများကြီးရှိပါတယ်။၎င်းဟာ ဆိုရင် အဆီမှာပျော်ဝင်နိုင်တဲ

့ ဗီတာမင်မျိုးဖြစ်ပြီး vitaminE cream ၊ lotion များကို လိမ်းပေးပါက အသား အရေ မွဲခြောက်ခြင်း၊
အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင်
နေရောင်ခြည်ထဲတွင်ရှိတဲ့ UVB(Ultraviolent B ray) ကို ကာကွယ်နိုင်တာကြောင့်
နေလှောင်ခံ ကရင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ vitamin E ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း
( anti-oxidant) ဖြစ်တဲ့ အတွက်လည်း ခန္ဓာကိုယ်အား ဆိုးကျိုးပေးသော Free radicals ခေါ်
ဓါတ်တိုးပစ္စည်းများကို လျော့နည်းစေပါတယ်။ Free radicals ဆိုတာကတော့ electron အစုံလိုက်မရှိတဲ့
မော်လီကျူးတွေ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ပိုင် electrons မပြည့်စုံတဲ့အတွက် တခြားသော.
ဆဲလ်တွေဆီကနေ electron တွေကို ခိုးယူပါတယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို
အတင်းတွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့်
free radical တွေဟာ တခြားဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီး စေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ
ဖြစ်ပါတယ်။ anti-oxidant မော်လီကျူးတွေကတော့ ၎င်းတို့မှာ များစွာရှိနေတဲ့ electron တွေကို
ထို free radical တွေကို ဝေမျှပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ free radical အရေအတွက်နည်းပါးသွားအောင်
စွမ်းဆောင်ပေးကြပါတယ်။

freeradical.gif

သင့်တော်တဲ vitamin E ပမာဏကိုစားသုံးခြင့်ဖြင့်
ခန္ဓာကိုယ်ထဲမှာ free radical တွေကြောင့် ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒါသာမကသေးပါဘူး
vitamin E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း စတဲ
့အချက်တွေနဲ့လည်း ပြည့်စုံ ပါသေးတယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို
ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများကိုလည်း တားဆီးပေးပါတယ်။
vitamin E ပေါကြွယ်ဝတဲ့  အစားအစာတွေကတော့ အခွံမာအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊
ထောပတ်သီး အစရှိတဲ့ အစိမ်းရောင် အသီးအရွက်တို့ဖြစ်ပါတယ်။

၂။ဗီတာမင် စီ (vitamin C )

Vitamin C ဟာလည်း anti-oxidant တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ
နောက်ထပ် anti-oxidantတွေကိုပါ အသစ်ထပ်မံဖြစ်ပေါ်စေတတ်တဲ့ အစွမ်းရှိပါတယ်။ lotion အနေနဲ့ လိမ်းပေးပါကလည်း

UV rays ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာဆိုရင်
collagen ဟာ အရေပြားကို ပုံဖော်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။ vitamin C ဟာ
collagen အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အတွက် အသားအရေဟာ တင်းတင်းရင်းရင်းဖြစ်နေပြီး နုနယ်တဲ
့ပုံစံပေါက်သွားစေပါတယ်။ ဒါ့အပြင် ဒီတွယ်ဆက် တစ်ရှုး ဖြစ်တဲ့  collagen ဟာ အနာကျက်တဲ
့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အနာမြန်မြန်ကျက်စေဖို့အတွက်
vitamin C ကို သုံးစွဲနိုင်ပါတယ်။ vitamin C ကြွယ်တဲ့ အစားအစာတွေ ကတော့ စတော်ဘယ်ရီ၊
သံပုရာ အစရှိတဲ့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ တခြားသော အသီးအရွက်တွေပဲဖြစ်ကြပါတယ်။



၃။ ဗီတာမင် ကေ (vitamin K)

အသက်ကြိးလာတာနဲ့အမျှ မျက်လုံးရဲ့အောက်မှာ အညိုရောင် လျော့တိလျော့ရွဲ
အ၀ိုင်းပုံစံလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒီအ၀ိုင်းလေးကလည်း လူကို ပိုမိုရင့်ရော်တယ်ထင်စေရပါတယ်။

ဒီအ၀ိုင်းလေးဖြစ်ပေါ်စေတဲ့  အကြောင်းရင်းကတော့ များစွာရှိပါတယ်၊အသက်ကြီးလာရုံ၊ အိပ်ရေးပျက်ရုံနဲ
့တင်မကပါဘူး ဟော်မုန်းနဲ့  ဓါတ်မတည့်မှုနဲ့ မျိုးရိုးလိုက်မှုတွေကြောင့်လည်း ဒီလိုမျိုး
အ၀ိုင်းလေးဖြစ်ပေါ်စေတတ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ထွက်မယ်ဆိုရင်လည်း
ဒီလို အ၀ိုင်းလေးမျိုး ဖြစ်စေတတ်ပါတယ်။ vitamin K ဟာ မျက်လုံးအောက်က သွေးကြောမျှင်လေးများပေါက်ထွက်ခြင်းကို
ကာကွယ်ပေးခြင်းဖြင့် အဲဒီလို အ၀ိုင်းမျိုးမဖြစ်အောင် အပြည့်အ၀မဟုတ်ပေမယ့် အနည်းငယ်မျှ
တားဆီးပေးနိုင်တယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ vitamin K ဟာ အသက်ကြီးလာလို့ အရိုးများ
မသန်စွမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာလမ်းကြောင်းရှိ
ဘက်တီးရီးယားများကနေ vitamin K ကိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
vitamin K ကြွယ်ဝတဲ့  အစား အစာတွေကတော့ ဆလတ်ရွက်၊ brocoli ခေါ် ပန်းမုန်လာအစိမ်းတို့
ဖြစ်ပါတယ်။



၎။နိုင်ရာစင် (Niacin)

Vitamin B3 တစ်ခုဖြစ်တဲ့နိုင်ရာစင်ဟာဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကို
ကာကွယ်ပေးပါတယ်။ နိုင်ရာစင်ဟာ အသားအရေကို စိုပြေစေပါတယ်။ စိုပြေနေတဲ့ အသားအရေဟာ ကျန်းမာသန်စွမ်း

နုပျိုနေရုံတင်မကပါဘူး၊ အသားမွဲခြောက်လို့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မ၀င်အောင်လည်း
ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ရာစင် ဓါတ် လျော့နည်းနေခြင်းကြောင့် အသားအရေမွဲခြောက်နေတတ်ပါတယ်။
နိုင်ရာစင်ဓါတ်ဟာ အရေပြားရှိဆဲလ်အသေများကိုကွာကျစေပြီး ဆဲလ်အသစ်များကို အရေပြား မျက်နှာပြင်ပေါ်သို
့ ရောက်ရှိစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့  HDL ကိုလက်စထရောကို များစေနိုင်တဲ့ အတွက် သွေးကြောနံရံမှာ အဆီစုပြီး သွေးကြောကျဉ်းစေတာကို
ကာကွယ်ပေးပါတယ်။ နိုင်ရာစင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး ကလီစာများ၊ ကြက်ဥ၊ မြေပဲနဲ့
ပေါင်မုန့်တို့ပဲ ဖြစ်ပါတယ်။



၅။ဗီတာမင် အေ (vitamin A)


vitamin A cream ဟာဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးတာကို
ကယ်ကွယ်ပေးပါတယ်။ anti-oxidant အနွယ်ဝင် vitamin A ဟာဆိုရင် အရေပြား ရှုံ့တွခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကို

ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ညအခါအမြင်ေ၀၀ါးခြင်း(ကြက်မျက်သင့်ခြင်း)နှင့် အသက်ကြီး၍ အရိုးပွခြင်း
ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခန္ဓာကိုယ်အတွင်း vitamin A ပမာဏ
လွန်ကဲပါကလည်း အရိုးကျိုးလွယ်စေ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ထက်ပမာဏထက်ပိုလျှံပါက
ဘေးဥပဒ်ဖြစ်စေတဲ့ အတွက် မိမိသဘောနဲ့ မိမိ vitamin A ဆေးဝါးများ မှီဝဲခြင်း မပြုလုပ်သင့်ပါဘူး။
viamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ ၊ဟင်းနုနွယ်နှင့် အစိမ်းရင့်ရောင်ရှိ
ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်ဥအနှစ်နဲ့ အသဲတို့ ဖြစ်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အထက်ပါ ဗီတာမင် ၅မျိုးကို နေ့စဉ်စားသုံးတဲ့  အစားအစာတွေကနေ
ရရှိနိုင်ပါတယ်။လိုအပ်မယ်ဆိုရင်လည်း ဖြည့်စွက်ဆေးဝါးများက
အထောက်အက ပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း free radical တွေများပြားစေနိုင်တဲ့
ဆေးလိပ် သောက်ခြင်း၊ လေထုညစ်ညမ်းသော နေရာများနှင့် ဓါတ်ရောင်ခြည်သင့်သော နေရာများကို
ရှောင်ရှားပါ။ အပူရှိန်ပြင်းသော နေရောင်အောက်သွားသောအခါ ထီး၊ဦးထုပ် အကာအကွယ်သုံးပါ၊
နေရောင်ဒဏ်ကာကွယ်နိုင်သော SPF cream များကို အသုံးပြုပါ။ ဒေါသတရား ရှေ့မထားပါနှင့်။
စိတ်ထောင်းတော့  ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုဆိုသလို မေတ္တာတရားပွါးများပြီး stress
နည်းပါးအောင် နေထိုင်မယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါကြောင်း
ရေးသား လိုက်ရပါတယ်ခင်ဗျာ။ ..
မြန်မာချစ်သူများမှ

Nov 19, 2010

သြကာသ

သြကာသ သြကာသ သြကာသ
[ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား,
ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။. သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည်။

ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။

တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။

သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။

အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။

ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ,
လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို
ခေါ်ပါသည်။

စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။

ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။

မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို
မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို
နိဝါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။

(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)

အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)

အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ -

(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။

- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)

ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။

- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း
ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်,
ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
[ အပြစ် ]ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို
မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ
များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)

(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။

(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။

(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။

ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး

မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့်
ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး
သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို
ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)

- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့
အမှန်တဲ့။

ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
[ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
[ဥပဓိဝိပတ္တိ]ဟု
ဆိုသည်။
(၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို
[ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။

- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။

ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။

ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။

ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ
သရုပ်ပြ။

အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည်
မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်။

၂၀၁၂ မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေတကယ်ဖြစ်မှာလား

“၂၀၁၂ မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေတကယ်ဖြစ်မှာလား”

( 2012 Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက်ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTubevideo တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ်
ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့
အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်ကတစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့်ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။
အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက်ထုတ်ခဲ့ပါတယ်)
ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေမဟုတ်ကြ ပါဘူး။



ဥပမာ
- Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ်
ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လိုဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်ကအရုပ်တွေကို ပြထားပါတယ်။ EasterIsland က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ်လောက်မှာ ရှိတာ၊ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်းအံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ
နိုင်တဲ့ တစ်ခုပါ။



ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့်သွားနိုင်ပါတယ်။ ဒါပေမယ့် NASA
နဲ့ Governments တွေကတော့အံ့အား သင့်မယ်မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကိုသိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက
ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့
ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာတစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့်ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။

Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာလူသားတွေ အပြင်းအထန်
ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ်
ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာစတင်ပြီး အဆုံးမှတ် (day13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း
စက်ဝန်းကြီး တစ်ပါတ်လည်ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကိုသတိပေးထားပါတယ်။
အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု
ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကိုအသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံးအသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာစိုးလို့ ဖြစ်ပါတယ်။
အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကိုလျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared AstronomicalSatellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ Object ကို Planet X (Nibiru) လို့အမည်ပေးခဲ့ပါတယ်။


၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီအချက်ကြောင့် Atlantis မြို့ကြီး နစ်မြုပ်ခဲ့သလို Noahရဲ့ လှေကြီး
တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။
ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိတာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့်သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ
ဖြစ်နိုင်ပါတယ်။ Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။
သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာမြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေအားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက်
နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။
ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ်လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။



ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ်ဖြစ်ပြီး အဲဒီဖြစ်ရပ်က
ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည်
နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှုရပ်သွားစေပါမယ်။
အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီးကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်းရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ်ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။
2014 July 1 ရက်နေ့ကစပြီး Nibiru ဟာကျနော် ကမ္ဘာ ပေါ်မှာဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည်ထွက်ခွါသွားပါလိမ့်မယ်။
အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများစောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.comမှာ အဲဒီ အကြောင်း poolလုပ်ထားတဲ့ result ကို
အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့်ဆိုတာလေး comment ရေးပေး
စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ကျေးဇူး တင်ပါတယ်ဗျာ။


Forward Mail က တဆင့်ကူးယူတင်ပြလိုက်ပါတယ်.

..

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!