Welcome to Dawna Thar.

Nov 23, 2010

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 2

လူဦးရေ ၉၉ယောက်သာရှိသည့် လူမျိုး

'' 99 " သည် အာဖရိကတိုက်၊ ကင်ညာနိုင်ငံ၊ ရုဒေါ့ရေကန်ကြီးအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သောမျိုးနွယ်စု၏ အမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်ခန့်က အဆိုပါကျွန်းတွင် နေထိုင်သော '' 99 " လူမျိုးများ၏ဦးရေမှာ ၉၉ယောက်ထက်လည်း မများ၊ ၉၉ယောက်မကျော်ပဲရှိသည်ဟုမှတ်သားရသည်။

ထူးခြားသည့်စာကြောင်း

Attendance (n) တက်ရောက်ခြင်း၊ တက်ရောက်သည့် အရေအတွက်ဟု အဓိပ္ပါယ်ရသည့်စာကြောင်းကို အောက်ပါအတိုင်း စာလုံးများခွဲ လိုက်ပါက အဓိပ္ပါယ်ရှိသောစာကြောင်းတစ်ခုရရှိသည် " At Ten Dance '' ( ၁၀နာရီမှာ ကကြရအောင် ) လို့ဖြစ်သွားပါသည်။
သမိုင်းတွင်တန်ဖိုးအကြီးမားဆုံးသလွန်တော်

၁၉ရာစုက ပါရှားဧကရီအသုံးပြုခဲ့သော သလွန်တော်မှာ ဒေါ်လာ သန်း၄၀ကျော်တန်ဖိုးရှိသည်ဟုဆိုသည်။ ရွှေဖြင့်ပြုလုပ်ထားသည့် သလွန်တော် ဖြစ်ပြီး '' ရွှေဥဒေါင်း '' သလွန်တော်ဟု အမည်ရသည်။ ယခင်က အဆိုပါသလွန်တော်မှာ အိန္ဒိယနိုင်ငံ မဂိုဘုရင်၏ သလွန်တော် ဖြစ်သည်။ ပါရှားဘုရင် နာဒီယာရှန် ( Nadir Shahm ) က ထိုသလွန်ကို နယူးဒေလီမှ ပါရှားနိုင်ငံသို့ သယ်ဆောင်ခဲ့ကာ သူထိုင်သည့်သလွန်တော်အဖြစ် ပြန်လည်ပြုပြင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၅၉၇ ခုနှစ်တွင် ဖက်အလီရှား ( Fath Ali Shah ) ဘုရင်ဖြစ် လာသောအခါ သူ၏ကြင်ယာတော် အလှဧကရီ တပ်စ်ခမမ် ( Taus Khanmum ) အား သူ့သလွန်တော်ကို ချီးမြှင့်အသုံးပြုစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထို '' ရွှေဥဒေါင်းသလွန်တော် " ကို အီရန်နိုင်ငံပြတိုက်တွင် ပြသထားလေသည်။
( မှတ်ချက် ) ပါရှားနိုင်ငံဆိုသည်မှာ ယခုအခါ အီရန်နိုင်ငံဖြစ်သည်။

ဂိုးသွင်းပေါက်တီထွင်သူ

ပိုက်ဖြင့်ကာစည်းထားသော ဘောလုံးဂိုးပေါက်ကို ၁၈၅၅ ခုနှစ်က ဘာမင်ဂမ်မြို့တွင် စတင်အသုံးပြုခဲ့သည်။ သို့သော်၁၈၉၀ပြည့်နှစ်တွင် လီဗာပူးမြို့မှ အင်ဂျင်နီယာတစ်ဦးက ထိုဂိုးပေါက်ထက်ပိုမိုကောင်းမွန်သည့် ယခုခေတ်တွင် အသုံပြုလျှက်ရှိသော ဂိုးသွင်းပေါက်ကို တီထွင်လာနိုင်ခဲ့သည်ဟု ဆိုပါသည်။

အမြန်ဆုံးဂျက်လေယာဉ်

အမေရိကန်နိုင်ငံက တည်ဆောက်ထားခဲ့သော Lockheed SR 71 အမျိုးအစား " ငှက်နက်'' ( Black bird ) အမည်ရသည့် ဂျက်လေယာဉ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ၁နာရီ ၅၄မိနစ် ၅၆စက္ကန့် ဖြင့်ဖြတ်သန်းကာ ကမ္ဘာအမြန်ဆုံးဂျက်လေယာဉ်အဖြစ် စံချိန်သစ် တင်ခဲ့လေသည်။

ဇစ်တည်ထွင်သူ

ပထမဆုံး အပိတ်အဖွင့်ဇစ် ( Zip Fastener ) ကို စတင်တည်ထွင်ခဲ့သူမှာ အမေရိကန်လူမျိုး ရှစ်ကွန်ဘီဂျပ်ဆင်ဆိုသူဖြစ်ပြီး ၁၈၉၂ခုနှစ်
ကတည်ထွင်ခဲ့သည်။

ထူးခြားသောရဲတိုက်

သြစတြေးလျနိုင်ငံ ဆေဘတ်မြို့ရှိ ဖစ်တားစ်ရဲတိုက်ကြီးသည် အ၀ိုင်းပုံစံရှိသော မျှော်စင်ရှိသည့်ရဲတိုက်ကြီးဖြစ်ပြီး မျှော်စင်ထိပ်ပေါ် တွင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ထားသည်။ စုန်းအတတ်ဖြင့်ပြုစားခဲ့သည်ဟု သတ်မှတ်အပြစ်ပေးခံရသူ အကျဉ်းသားများကို
အောက်ဆုံးထပ်တွင် အကျဉ်းချထားခဲ့သည်။

မြင်းစီးရုပ်ထုများ၏ထူးခြားချက်

မြင်းစီးနေသောလူရုပ်ထုများ၏ ထူးခြားချက်မှာ မြင်းသည်ရှေ့ခြေနှစ်ချောင်းကို လေထဲတွင်မြှောက်ပြထားသောအခါ မြင်းပေါ်မှ ရုပ်ထု ရှင်သည် တိုက်ပွဲမှာကျဆုံးသည်ဟုမှတ်ရမည်။ ရှေ့ခြေတစ်ချောင်းကိုသာမြှောက်ထားလျှင် မြင်းပေါ်မှလူသည်တိုက်ပွဲမှရသည့်ဒဏ်ရာ ကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ မြင်း၏ခြေထောက်လေးချောင်းမှာ မြေပြင်မှာပဲရှိနေတယ်ဆိုလျှင် မြင်းပေါ်မှလူမှာ သဘာဝအတိုင်း (သို့) လုပ်ကြံခံရခြင်းကြောင့်ကွယ်လွန်သည်ဟု မှတ်ယူရပါမည်။

လျှပ်စစ်မီးပူကိုတည်ထွင်သူ

လျှပ်စစ်မီးပူကို စတင်တည်ထွင်သူမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ ဟင်နရီဒဗလှူဆီးလီး ဖြစ်ပါသည်။

ဗဟုသုတအတိုအထွာများ

၁။ ပုစွန်ဆိတ်တစ်ကောင်၏ နှလုံးမှာ သူ၏ဦးခေါင်းထဲရှိသည်။

၂။ ကြွက်များသည် (၁၈)လအတွင်း အလွန်လျှင်မြန်စွာတိုးပွားလာကြသည်။ ကြွက်နှစ်ကောင်တွင် သားသမီး၊ မြေးမြစ်တွေဟာ
တစ်သန်းကျော်တောင်ရှိနေသည်။

၃။ အီတလီအာဏာရှင် ဘီနီတိုမူဆိုလိုနီ ရယူထားသောသည့် ဘွဲ့အမည်မှာ ( The Leader ) ဖြစ်ပါတယ်။

၎။ နေစွမ်းအားသည် ထွန်းညှိထားသည့် ဖယောင်းတိုင်အား 1,575,000,000,000,000,000,000 နှင့်တူညီပါသည်။

၅။ Google ဆိုတဲ့အင်တာနက်အင်ဂျင်ဟာ သုညအလုံးရေတစ်သန်းကို ကိုယ်စားပြုတဲ့ သာမန်အမည်တစ်ခုဖြစ်ပါတယ်။

၆။ တိုင်တန်းနစ် သင်္ဘောကိုတည်ဆောက်တုန်းက ကုန်ကျစရိတ်ဟာ ဒေါ်လာ ၇သန်းသာရှိပေမဲ့အဲဒီသင်္ဘော အကြောင်းရုပ်ရှင်ရိုက်တဲ့ အခါကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၂၀၀ ကုန်ကျတယ်လို့သိရပါတယ်။

၇။ လေဘာတီကျောက်ရုပ်၏ ကမ္ပည်းကျောက်စာချပ်သည် နှစ်ပေထူပါသည်။

၈။ လန်ဒန်မျှော်စင်သည် ရှေးခေတ်က အကျဉ်းသားများထားရှိသော နေရာဖြစ်ပြီး ယခုအခါပြတိုက်ဖြစ်နေခြင်းကြောင့် ထင်ရှားသော နေရာဖြစ်သည်။

၉။ ၁၉၃၀ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထဦးဆုံး ကမ္ဘာဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးတွေဟာ တစ်ကယ်တော့ မျောက်ရဲ့ဦးခေါင်းခွံကို စက္ကူနဲ့သားရေတို့က ဖုံးအုပ်ရစ်ပတ်ချုပ်လုပ်ထားပေးတယ်လို့သိရပါတယ်။

၁၀။ ပျားရည်ကိုစတင်တွေ့ရှိပုံက အလွန်ထူးဆန်းပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေထဲမှာတွေ့ရှိပြီး ရှေးဟောင်း သုတေသနပညာရှင်တွေက မြည်းကြည့်ရာကနေ စားသောက်လို့ရတဲ့အရာမှန်း သိသွားခဲ့ကြခြင်းဖြစ်သည်။

၁၁။ အမေရိကန်နိုင်ငံက သမ္မတကြီးအေဗရာဟင်လင်ကွန်းဟာ (တီတွင်မှု ) မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်ခွင့်ပြုခဲ့သူဖြစ်သလို သဘောင်္တွေကို သောင်တွေပေါ်ကနေ မတင်ရာအသုံးပြုတဲံ့ ရေအားလျှပ်စစ်ကိရိယာကို တည်ထွင်ခဲ့ပါတယ်။
.
Added by ညီမင်းညို

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!