ဒီဆောင်းပါးသည် ”သဘာဝပတ်ဝန်းကျင်”နေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်ပါသည်။
”သဘာဝပတ်ဝန်းကျင်”ကိုထိန်းသိမ်းတတ်သောစေလိုသောဆန္ဒနဲ့ရေးလိုက်တာပါ။ ကျနော်စာရေး
မဟုတ်ပါ။
ဒေါနတောင် ပြာပြာတန်းက
ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ...
မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ.....
ဒေါနတောင်တန်းကြီးသည် ကရင်လူမျိုးများရဲ့ အသက်သွေးကြောကျေးဇူးသခင်ဆိုရလျှင်
မှားအံ့မည်မထင်၊ တနည်းအားဖြင့် ကရင်လူမျိုးတို့ မှီခိုအားထားရာ ဂုဏ်ယူဖွယ်ရာဝံ့ကြွား
စရာဒေသတစ်ခုလည်းဖြစ်သည်။






















































