မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေး.

တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထားရမယ်။.

ငါတို့လဲ လှပါသေးတယ်ဟ...!! title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ဒီအစီအစဉ်ပြီးရင် ဆွဲရေးရှိတယ်နော် . မပြန်ကြနဲ့ ဦး 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရေတွေကလဲ ကြီးလို့ ကို မပြီးတတ်တော့ဘူး စိတ်ညစ်တယ်သိလ 5ား

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Welcome to Dawna Thar.
Showing posts with label ကမ္ဘာကျော်အဆိုအမိန့်များ. Show all posts
Showing posts with label ကမ္ဘာကျော်အဆိုအမိန့်များ. Show all posts

Oct 23, 2011

ကမ္ဘာကျော်ပညာရှုင်ကြီးများ၏ အဆိုအမိန့် စကားပုံများ

ကမ္ဘာကျော်ပညာရှုင်ကြီးများ၏ အဆိုအမိန့်တွေထဲမှ သက်မီနှစ်သက်သော အဆိုအမိန့် စကားပုံများကို ပြောပြချင်ပါတယ်နော်...
သက်မီကြိုက်နှစ်သက်သလို စာဖတ်သူများလည်း နှစ်သက်မယ်လို့ ထင်ပါတယ်... သိပြီးသောသူများကလည်း ပြန်လည်မှတ်မိစေသလို မသိသေးသောသူများအတွက်လည်း ဗဟုသုတ တိုးပွားစေပါတယ်... ဒီပို့စ်လေးကိုဖတ်ပြီး အားလုံးအသိပညာ ဗဟုသုတများ တိုးပွားကြပါစေနော်.............

၁။ င့ါနှလုံးသားရဲ့တံခါးဝမှာ "၀င်လမ်းမရှိ" လို့ စာတမ်းချိတ်ထားခဲ့တယ်။
အချစ်က ရယ်ရယ်ပြုံးပြုံးနဲ့ ရောက်လာပြီး ကြေငြာလိုက်တယ်။
" ငါကတော့ နေရာတကာ ၀င်တာပဲ " တဲ့
( မချစ်ဘူး မချစ်ဘူး ဒီတသက် အိမ်ထောင်မပြုတော့ဘူး ချစ်သူမထားတော့ဘူးလို့ ဟစ်ကြွေးနေသော သူများအတွက်ပါ။ အချစ်ကနေရာတကာဝင်တာပဲတဲ့နော် သတိသာထားကြတော့ ဟိဟိ) 

၂။ ညမှောင်လေလေ၊ အာရုဏ်ဦးနှင့်ပိုနီးလေလေ။
( လောကကြီးထဲ စီးပွားရေး လူမှုရေး တခြားကိစ္စများကြောင့် အဆင်မပြေမှုများနဲ့ လုံးပန်းနေရသောသူများအတွက်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ စိတ်ညစ်နေရပါစေ အားမလျှော့ပါနဲ့ ... ဆိုးချင်သလောက် ဆိုးစမ်းပါစေ... အကောင်းအဆိုးဒွန်တွဲနေတာမို့ အဆိုးတွေကုန်သွားရင် အကောင်းတွေရောက်လာမှာပါ).

Oct 21, 2011

ကမ္ဘာကျော်အတွေးများ (၁)

သူ့ခေါင်းထဲမှာ ဗဟုသုတတွေ ဘယ်လောက်များနေသလဲ ဆိုရင် ကိုယ်ပိုင်အတွေးအတွက်တောင် နေရာမရှိတော့ဘူး။
(စတမ်နီစလပ်လက်စ်)
ညံ့တဲ့ကျောင်းသား ကျူရှင်ယူတယ်။ လိမ္မာတဲ့ကျောင်းသား စာစစ်တဲ့လူကို ပိုက်ဆံပေးတယ်။ (မယ်လီဟန်)
ခင်ဗျားပြောတာကို အားလုံးက သဘောတူတယ်ဆိုရင် ခင်ဗျား အင်မတန်တော်လို့ ဖြစ်ရမယ်။ ဒါမှမဟုတ်
အထက်လူကြီး ဖြစ်လို့ဖြစ်ရမယ်။

ပိုက်ဆံဟာ ဆဋ္ဌမအာရုံပဲ။ သူမရှိရင် ကျန်တဲ့အာရုံငါးပါး ဘာမှအဓိပ္ပါယ်မရှိဘူး။ (မော်မ်)
ငွေနဲ့ကျန်းမာရေး ဘယ်ဟာပိုအရေးကြီးသလဲလို့ မေးတယ်နော်။ ခင်ဗျား ဘာကိုဆုံးရှုံးသွားသလဲဆိုတဲ့
အပေါ်မှာ တည်ပါတယ်။

Nov 19, 2010

ကမ္ဘာကျော်အဆိုအမိန့်များ, 2

ကမ္ဘာကျော်အဆိုအမိန့်များ

၁။ လောကကြေးမုံ
လောကကြီးစာကြည့်မှန်တစ်ချပ်ပဲ။ ကြည့်တဲ့လူရဲ့ မျက်နှာကိုပြန်ပြီး ထင်ဟင်ပြသတယ်။ မဲ့ကြည့်သူကလည်းကိုယ့်ကိုတူးတူးခါးခါး ပြန်ကြည့်လိမ့်မယ်။ ပြုံးကြည့်လိုက်ရင်သူကလည်းတပြုံးပြုံးနဲ့ ပျော်ပျော်ပါးပါးထောက်ထားတတ်တဲ့ အပေါင်းအသင်း ရောင်းရင်း ကြီးဖြစ် လာလိမ့်မယ်။
The world is a looking glass, and gives back to every man the reflection of his own face. Frown at it and will in turn look sourly upon
You laugh at it and with it, and it is a jolly, kind companion.
သက္ကရေး (THACKERAY) ၂။ အရေးနိမ့်တယ်ဆိုတာ
အရေးနိမ့်တယ်ဆိုတာ ဖြစ်တတ်တဲ့ယာယီအခြေအနေပါ။ အရှုံးပေးလိုက်ရင်တော့အမြဲတမ်းအရေးနိမ့်သွားမှာပဲ ။
Being defeated is often a temporary condition. Giving up is what makes it permanent.
မေရီလင်းဗော့စ်ဆာဗဲန့်တ်(MARILYN VOS SAVANT)

၃။ ဖြေရှင်းနေရတဲ့ပြသနာ
ပြသနာတစ်ခုကိုဖြေရှင်းရင်ရမယ်လို့ယုံကြည်သူတွေဟာအဲဒါကိုဖြေရှင်းနေရတာနဲ့ပဲမအားနိုင်ကြတော့ဘူး ။
People who believe a problem can be solved tend to get busy solving it.
ဝီလျမ်ရက်စ်ဘယ်ရီ(WILLIAM PASPBERRY)

၎။ ငွေဆိုတာ
ငွေဆိုတာဆန်းတော့အဆန်းသား။ သူ့ကိုလူ့ပီတိသုခ အရင်းမူလလို အချစ်နဲ့တစ်တန်းတည်း ထားလည်းရတယ်။ နောက်ပြီး လူ့ပူပန်သောက ဇစ်မြစ်အစလို သေမင်းနဲပ တစ်တန်းတည်းထားမယ်ဆိုလည်းရတာပဲ။
Money is a singular thing. It ranks with love as man’s greatest source of joy. And with death as his greatest source of anxiety.
ဂျွန်ကက်နက်ဂါးလ်ဘရိတ်သ်(JOHN KENNETH GALBRATTH)

၅။ အမူအကျင့်
အမူအကျင်ဆိုတာ တခြားမဟုတ်ဘူး။ လူတွေကိုဆက်ဆံနေကျ ကိုယ့်ကိုယ်နှုတ်အမူအရာတွေပဲ ။
Manners are just a formal expression of how you treat people.
မော်လီအစ်ဗင်းန်စ်(MOLLY IVINS)

၆။ အပြောင်းအလဲ
လူတွေလန်းဆန်းအောင် အသစ်ထွင်နိုင်အောင်လုပ်ပေးတာ အပြောင်းအလဲပါပဲ။ လူတွေရိုးအီမလာအောင်လုပ်ပေးတာ အပြောင်းအလဲပါပဲ။ လူတွေကိုငယ်ရွယ်ပျိုမျစ်အောင်လုပ်ပေးတာလည်းအပြောင်းအလဲပါပဲ။
Change is what keeps us fresh and innovative. Change is what keeps us from getting stale. Change is what keeps us young.
ရစ်ခ်ပီတီနို( RICK PITINO)

၇။ အမှတ်သည်းခြေ
အမှတ်တရပစ္စည်းတွေကပျောက်ပျက်တတ်တယ်။ ကံကောင်းချင်တော့အမှတ်သည်းခြေတွေကမပျောက်ပျက်တတ်ကြဘူး။
Souvenirs are perishable, fortunately, memories are not.
ဆူဆန်စပါနို(SUSAN SPANO)

၈။ သုံးဖို့အချိန်တွေ
လူတိုင်းလူတိုင်းကိုယ်ကြိုက်သလို သုံးဖို့အချိန်တွေအိတ်ထောင်နဲ့ တစ်လုံးရထားကြတယ်။ သုံးချင်သုံး၊ ဖြုန်းချင်ဖြုန်း ၊ သဘောပဲ။ ဒါပေမယ့် တစ်နေ့ကျ ပြန်ရမှာတော့မဟုတ်ဘူးနော်။
Each of us is a given a pocketful of time to spend however we may. We use what we will. But we can never get back a day.
ရော်ဂျာဝီးလ်ကော့ဇ်(ROGER WILCOX)

၉။မတောင်းပဲပေးတဲ့အကြံဥာဏ်
မတောင်းပဲပေးတဲ့ အကြံဥာဏ်ဟာ ဘဝမှာ လိပ်စာရှင်ရှာမတွေ့တဲ့စာသေတစ်စောင်ပဲ။
Unsolicited advice is the junk mail of life.
ဘန်းဝီလျမ်စ်(BERN WILLIAMS)


၁၀။ ကနေ့ နဲ့ နက်ဖြန်
ဟောဒီမှာလို့အမြဲပြနိုင်တာ ဒီကနေ့ ပါ။ မနက်ဖြန် ကျတော့မပြသာ။
Today is always here. Tomorrow, never.
တိုနီမော်ရစ်ဆင်(TONI MORRISON) ..

ကမ္ဘာကျော်အဆိုအမိန့်များ

၁။ အမှားထဲကသင်ခန်းစာ
ကိုယ့်အမှားကိုယ်သင်းခန်းစာယူတတ်ရင် တစ်သက်လုံးအကျိုးများတယ်။ နောင်အခါအဲဒီအမှားတွေက တန်ဖိုးရှိလာမှာမို့ပဲ။
ဝါရီမာရှယ်လ်

၂။ အတ္တ
ကိုယ့်အတ္တကို ကိုယ့်အဆင့်ကိုယ့်အနေအထားနဲ့သိပ်ကပ်မထားမိစေနဲ့။ ကိုယ့်အဆင့်၊ကိုယ့်အနေအထားကျသွားတဲ့အခါ ကိုယ့်အတ္တပါ အတူပါသွားတတ်တယ်။
ကောလင်းပါးဝဲလ် ၃။ ဒေါသစိတ်ဆိုတာ
ဒေါသစိတ်ဆိုတာ ကိုယ်တိုင်ကအဆိပ်သောက်ပြီး သူများသေတာကိုစောင့်နေတာနဲ့အတူတူပဲ။
မာလာခီ မက်ကုတ်

၎။ အချိန်သူခိုး
အချိန်အခါကောင်းတွေကိုအလစ်သုတ်ပြေးတတ်တဲ့ သူခိုးတစ်ယောက်ရှိတယ်။ ဒေါသတဲ့။
ဂျုံးအန် လန်းဒဲန်

၅။ အတ္တမှင်စာ
အတ္တဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်နှလုံးသားကြားခင်းထားတဲ့ တံတားအောက်ကအကျည်းတန်မှင်စာလေးပါ။
ဒဲန်းနစ်မီးလား

၆။ မိသားစုဆိုတာ
မိသားစုဆိုတာ မရှီမဖြစ်တဲ့ သွင်ပြင်လက္ခဏာပဲ။ ကိုယ်ကသာသူ့ကိုခွဲချင်ခွဲမယ်။ သူကကိုယ့်ကိုခွဲမသွားဘူး။
ဘီလ်ဘူးဖိုဒ်

၇။ လက်ခံတတ်ပါစေ
လက်ဆောင်တစ်ခုကိုနှစ်နှစ်ကာကာမွန်မွန်ရည်ရည်လက်ခံတတ်ရင်ကိုယ့်မှာပြန်ပေးစရာမရှီသည့်တိုင်အောင် ပြန်ပေးဖြစ်လိုက်တာနဲ့ အတူတူပဲ။
လေးဟန့်တ်

၈။ စိတ်ကောင်းစေတနာ
လောကမှစိတ်ရူးအမျိုး ၄၀ ရှိတယ်။ ဒါပေမယ့်စိတ်ကောင်း စေတနာကတော့ တစ်မျိုးတည်းပဲရှိတယ်။
အာဖရိကစကားပုံ

၉။ အရေြး့ကီးတာတွေ
အတိတ်ကို ရိုသေတတ်ဖို့ အရေးကြီး သလို အနာဂတ်ကိုအရာထားဖို့လည်း အရေးကြီးတာပဲ။
ဘရက်ဒ်ဟားဇော့

၁၀။ အပြောင်းအလဲဆိုတာ
အပြောင်းအလဲဆိုတာ တကယ်တော့ ဘဝအတွက် လိုအပ်ချက်မဟုတ်ဘူ။ အပြောင်းအလဲဆိုတာကိုကဘဝပဲ။
အယ်လ်ဗင်တော့ဖ်လာ ..

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!