တစ်ချို့ကပြောကြတယ် အသုဘသတင်းကြားရင် လာဘ်တိတ်တယ်တဲ့။ တစ်ချို့က နှာခေါင်းရှုံ့ ကြတယ်။ တချို့ကြပြန်တော့လည်း နားခါးတယ်တဲ့။ မနက်စောစောများ သေစကားကြားလိုက် ရရင်``မင်္ဂလာမရှိဘူး´´ ဆိုပြီးစိတ်ဆိုးကြ။ ``မပြောကောင်းဆိုကောင်း မဦးမချွတ်´´ ဆိုပြီးဟန့်တား ကြတယ်။ အိမ်ရှေ့မှာနိဗ္ဗာန်ယာဉ်လာရပ်ရင် မကြိုက်ကြပြန်ဘူး။ မွေးနေ့ကုသိုလ်လုပ်ရင်တောင် ဖိတ်စာထဲမှာအသက်ကို ထည့်မရိုက်။အသက်ကိုများ လူကြားထဲမှာ မေးလိုက်ရင် မျက်နှာကြီးစူပုတ်လို.။. (သေမင်းကြားမှာစိုးလို့တဲ့)မနက်စောစောစီးစီး ငှက်ဆိုးထိုးသံကြားရရင် ``ကျက်သရေကိုမရှိဘူး၊ ဒီငှက်စုတ်ကတစ်မှောင့် ´´ဆိုပြီးအပြစ်တင်မာန်မဲကြနဲ.။ အမှန်ကတော့အယူလွဲနေတာပါ။ အိုခြင်း၊ နာခြင်း၊ သေခြင်းကို ရှုပွားဖို.မပြောနဲ့ သေတယ်ဆိုတဲ့ အသံတောင်မကြားချင်ကြပါဘူး။လူသေလို. ကြေးစည်သံများကြားရရင် စိတ်ထဲမှာလေးလံထိုင်းမှိုင်းသွားတာပဲတဲ့။ အဲဒီလို.လူကလည်းရှိပါသေးတယ်။ တကယ်တမ်းတော့ အသုဘမြင်ရတာ အမင်္ဂလာမဟုတ်ပါဘူး။ လူတွေဟာ လောကီအာရုံ ကာမဂုဏ်နယ်ထဲမှာပဲ နစ်မွန်းနေကြပြီး သေခြင်းတရားကို မေ့နေတတ်ကြပါတယ်။ တကယ်တမ်းသေခြင်းတရားဟာ တစ်နေ့တော့ ကိုယ်ဆီကို မလွဲမသွေဆိုက်ရောက်ရမယ့် အရာတစ်ခုပါ။ ``ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက်မကွေးမီ´´လို.တောင် ဘုရားဟောထားသေးတယ်မဟုတ်လား။ အဲဒီတော့ အသုဘမြင်တဲ့အခါ ``အော်----ငါလည်းသူ့လို တစ်နေ့သေရဦးမှာပါလား´´ ဆိုတဲ့အသိစိတ်ကို မွေးမြူရမှာဖြစ်ပါတယ်။ အဲဒီလိုစိတ်ထားတာဟာ မရဏနုသတိပွားများခြင်းပါပဲ။ အသုဘမြင်တာဟာကိုယ့်အတွက်ပါ။ ဘာမှ ကျက်သရေမယုတ်ပါဘူး။ အသုဘမြင်တိုင်း မရဏနုသတိပွားများပြီး ငါမသေခင် ကိုယ့်နောက်ကိုပါမယ့် သီလ၊ ဘာဝနာ၊ ကုသိုလ် တွေထဲက ဘာတွေ လုပ်ထားပြီးပြီလဲ ဆိုပြီး ဆင်ခြင်ရပါမယ်။ ဒီလိုစိတ်ထားခြင်းအားဖြင့် ကိုယ့်မှာကုသိုလ်တောင်ရနိုင်ပါသေးတယ်။ အဲဒီတော့အသုဘမြင်တာ အမင်္ဂလာလားဆိုတာ စာဖတ်သူတို့ ကိုယ်တိုင်စဉ်းစားပါ။ ကျွန်တော့် အနေနဲ့ကတော့ အသုဘဆိုတာ မင်္ဂလာမရှိဘူး၊ လဘ်တိတ်တယ်ဆိုတဲ့ အယူအဆတွေဖျောက်ပြီး၊ မရဏနုသတိပွားများကာ ကုသိုလ်ယူလိုက်ပါလို့ တိုက်တွန်း လိုက်ပါရစေ။.. ရေးသူ ..သွေးသစ်
Dec 20, 2010
Subscribe to:
Post Comments (Atom)
k
}
လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ
-
▼
2010
(93)
-
▼
December
(40)
- Sex ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းများ
- လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ
- လှလှပပ ကိုးရီးယားမ
- ကိုးရီးယားလေးတွေ
- ရယ်စရာလေးပါ
- အူမြူးစေမယ့် ဟာသလေးတွေပါ
- သီချင်းများ
- သီချင်းများနားဆင်ရန်
- ကာမေသုမိစ္ဆာစာရစိတ်ကို ဖြေဖျောက်နည်း(၉)မျိုး
- Online BookMarking-လုပ်နည်း
- G-talk ထဲကနေ you tube video ကြည့်ချင်ရင်
- Facebook အကောင့် hack ခံရခဲ့ရင်
- Gmail Window မှနေ၍ Facebook သူငယ်ချင်းများကို ချက်...
- ၂၀၂၂ ကမ္ဘာ့ဖလားပွဲအတွက် အားကစားကွင်းများ
- ကမ္ဘာပေါ်ရှိ အထူးခြားဆုံး အိမ်ပုံစံများ
- ထိုင်းနိုင်ငံမှာကျင်းပခဲ့ တဲ့  ဘူဖေးပွဲတော်
- Get Download Link
- မြန်မာသီချင်း
- Translator** ဘာသာပြန်
- Thai TV Online
- Watch TV Online
- Other Site
- Movie Site များ
- ဂျာနယ်လေးများ Site
- ဖိုင်များသီချင်းများ တင်နိုင်သည့် sites များ
- တေးဂီတဆိုင်ရာ Site များ
- ဆရာတော်များ Site
- ဖတ်စရာမှတ်စရာ ဝက်ဆိုဒ်များ
- ဆိုဒ်စုံ ၀င်ရောက်ကြည့်ပါ
- မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေး
- မြန်မာဘလော့ဒ်နည်းပညာဆရာမျး
- အင်္ဂလိပ်စာ.နည်းပညာ.ကွန်ပျူတာ လေ့လာလိုသူများ
- အသုံးဝင်မယ်Site များ
- အသုဘမြင်တာအမင်္ဂလာမဟုတ်ပါ
- ဒေါ်လာသန်းချီတန်တဲ့  ၀တ်စုံလေးပါ၊
- The Climb scena dal film
- karen song
- ဖိုင်များကို ဖြတ်မယ် ၊ ဆက်မယ် (Marge/Split)
- မေ့ကျန်ခဲ့တဲ့ Gmail Address ကို ဖျက်နည်း
- နေပြည်တော်တွင် ၁၅ သိန်းတန် GSM ဖုန်းကို ၅ သိန်းဖြင...
-
▼
December
(40)
0 comments:
Post a Comment