Welcome to Dawna Thar.

Mar 6, 2011

Photoshop Websites

Webmonkey

webdesign နဲ့ တခြား နည်းပညာပေါင်း မြောက်မြားစွာကို စတင်လေ့လာမယ့် လူတွေအတွက်ရော၊ developer တွေအတွက်ပါ အဆင်ပြေစေတဲ့ website တစ်ခုဖြစ်ပါတယ်။ Multimedia, programming, mobile techniques တွေနဲ့ server page တွေအတွက်ပါ အထူးအားကိုးရတဲ့ tutorial ပေါင်းများစွာကို စုစည်းထားပါတယ်။ ဒါ့အပြင် Blog ရေသားသူတွေအတွက်ပါ RSS ကို ဘယ်လိုလေ့လာမလဲ။ WordPress ကိုစတင် တည်ဆောက်ခြင်း Adword နဲ့blog ကို ချိတ်ဆက်ခြင်းတွေအတွက်ပါ လေ့လာလို့ရနိုင်စေပါတယ်။

Digital-photography-school

Photoshop အတွက် အလွန်အသုံးဝင်တဲ့ shortcuts key တွေကို စုစည်းထားပါတယ်။ ဓာတ်ပုံပညာကို လေ့လာလိုက်စားလိုသူတွေအတွက် အကောင်းဆုံး website တစ်ခုလို့ ခေါ်ဆိုနိုင်မယ့်အချက်ကတော့ လူသစ်တန်းတွေ အတွက် ဓာတ်ပုံပေါင်းများစွာကို စုစည်းပြီး သင်တန်းတစ်ခုအနေနဲ့ ဖွင့်လှစ်ပို့ချနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေလို့ပါပဲ။ How to guide တွေထဲမှာ color ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုကို အဖြူအမည်းအသွင် ကူးပြောင်းတဲ့ နေရာမှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဖွဲ့ စည်း တည်ဆောက်ပုံတွေကို လေ့လာစေနိုင်ပါတယ်။ အခကြေးငွေနဲ့ account ဖွင့်လှစ်ပြီး သင်တန်းပို့ချချက်တွေကို ရယူနိုင်သလို အခမဲ့အသုံးပြုသူတွေအတွက်လည်း အလွန်ကောင်းမွန်တဲ့ သင်ခန်းစာတွေ ရှိနေပါတယ်။. Photoshop-lab

PNG format နဲ့ တည်ရှိနေတဲ့ ဓါတ်ပုံတွေထဲက ပျော်ရွှင်စရာ၊ image ပြုလုပ်နည်းတွေ၊ pen tool ကိုကိုင်တွယ် အသုံးချနည်းတွေ၊ photoshop ရဲ့ အခြေခံအချက်အလက်တွေရယ်အပြင် digital painting တွေကိုပါ ရယူနိုင်ပါတယ်။ photoshop ရဲ့ ထိပ်တန်း လျှို့ ဝက်ချက်တွေ၊ ကောင်းဆုံးစွမ်းဆောင်နိုင်မှုတွေရယ်ကို ရယူရင်း photoshop ဂုရု တစ်ယောက် ဖြစ်လာအောင် သင့်ကို ကူညီနိုင်ပါလိမ့်မယ်။

Photoshop101

ဓါတ်ပုံလောကမှာ ပြုပြင်တည်ဆောက်ခြင်းနဲ့ ပတ်သက်လာရင် အကောင်းဆုံး ဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ photoshop ရဲ့ photo mainpulation ကို သင်ကြားပေးရင်း layouts နဲ့ interface ဒီဇိုင်းပညာ တွေကို လေ့လာနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်နဲ့ မှတ်ရန်လေးတွေကို ရရှိဖို့အတွက် ‘tips and basics’ ထဲမှာ ကြည့်ရှုရင်း ကျွမ်းကျင်အောင် သင်ကြားနိုင်ပါတယ်။

Elite by Design

နှစ်လိုဖွယ်အကောင်းဆုံး သင်ခန်းစာ ၂၅ ခု modem image ပြုလုပ်ခြင်း၊ refelction ပြုလုပ်ခြင်း၊ website ကို vector style နဲ့ cartoon layout တွေထည့်သွင်းခြင်း၊ icon နဲ့ button ပြုလုပ်ခြင်း၊ blog စတိုင်ပြုလုပ်ခြင်းစတာတွေကို elitedesign မှာရရှိနိုင်ပါတယ်။ Web 2.0 စတိုင်တည်ဆောက်ထားတဲ့ home page ကို မြင်ရတာနဲ့တင် သင်ခန်းစာတွေဟာ ဘယ်လောက်ကောင်းမွန်သလဲ ဆိုတာကို နားလည်သဘောပေါက် သွားမှာပါ။
ဆက်လက်လေ့လာနိုင်ရန်........

For Web-designers
11am Design
worth1000
photoshopcafe
watchandlearnphotoshop
iyiz
noupe
pstutorialblog
planetphotoshop
psdtuts
3dtotal
photoshoptalent
photoshopcandy
photoshop.dady
tutdesk
dr-photoshop

REF: ကွန်ပျူတာဂျာနယ်(၂၀၀၈ခုနှစ်၊ ဇူလိုင်လ)။..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!