Welcome to Dawna Thar.

Mar 18, 2011

Window 7 သုံးရာတွင် သိသင့်သည့်အချက် ၁၀ ချက်


* Windows 7 ကိုပြောင်းသုံးဖို့အတွက် hardware အသစ်လိုပါသလား?
Windows 7 ကိုသုံးရန်အတွက် Processor က 1 GHz ရှိရမည်။ Memory ကအနည်းဆုံး 1 GB ရှိရမှာဖြစ်ပြီး Direct X 9.0 ရှိရမည်။ Graphic က 128 MB ရှိရမှာဖြစ်ပြီး Hard Disk နေရာလွတ် 16 GB ရှိရမည်။ Windows 7 beta သုံးသူများက Windows 7 ဟာ Memory 512 MB ရှိရုံနှင့် လျင်မြန်စွာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ သင့်ကွန်ပျူတာမှာ Processor ဟာ 800 MHz ထက်နည်းပြီး Memory က 512 MB ထက် လျော့နည်းနေတယ်ဆိုရင် Upgrade လုပ်ဖို့ လိုအပ်ပါတယ်။

* Windows 7 ကို Windows XP ကနေ တိုက်ရိုက် Upgrade လုပ်နိုင်သလား?
တိုက်ရိုက် Upgrade လုပ်မရပါ Vista Service Pack 1 နဲ့ နောက်ပိုင်း Version ထဲက တစ်ခုခုကို အသုံးပြုဖို့ လိုပါတယ်။

* Windows Vista ကနေ Upgrade လုပ်ရင် လိုအပ်တာတွေ….
Windows Vista သုံးနေရင် သုံးနေတဲ့ Vista ဟာ SP 1 လား SP 2 လား သိထားရမယ်။ သုံးနေတဲ့ Service Pack နဲ့မကိုက်ရင် “to upgrade to Windows 7, the computer needs to be running Vista with service pack 1” ဆိုတဲ့ သတိပေးစာတန်းတွေ့ရပါလိမ့်မယ်။ . #

# Windows 7 beta မှတဆင့် Upgrade လုပ်နိုင်သလား?
Microsoft ကတော့ Windows Vista ကနေတဆင့် Upgrade လုပ်ဖို့အကြံပြုထားတယ်။ Windows 7 beta ကနေ Upgrade လုပ်နိုင်ပေမဲ့ အဆင့်တွေများလွန်းပါတယ်။


# Windows 7 မှာ driver တွေကို တွဲသုံးနိုင်မယ့်အချက်ပါသလား?
Windows Vista ရဲ့အဓိကလိုအပ်ချက်က driver တွေကို တွဲမသုံးနိုင်ပါ။ Windows XP ကနေ Vista ကိုပြောင်းသုံးတဲ့အချိန်မှာ Printer နဲ့ Scanner တွေကို တွဲဖက်အသုံးပြုတဲ့အခါ ကြာကြာအသုံးမပြုနိုင်ပါ။ Vista OS ထွက်ရှိချိန်မှာ Hardware Company တော်တော်များများရဲ့ ထုတ်ကုန်တွေမှာ Vista အတွက် driver မပါတာကြောင့်ဖြစ်တယ်။ ဒါပေမဲ့ Vista ဟာ WDDM လို့ခေါ်တဲ့ display driver ကိုမိတ်ဆက်ပေးပြီး driver ပြဿနာကိုဖြေရှင်းပေးခဲ့ပါတယ်။ Windows 7 မှာ Windows Vista လိုပဲ driver model ပါဝင်တယ်။ Windows Vista မှာအသုံးပြုလို့ရတဲ့ driver အားလုံးကို Windows 7 မှာအသုံးပြုနိုင်ပါတယ်။ အကယ်၍ Windows Vista driver ဟာ Windows 7 မှာ install လုပ်လို့ မရရင် “Compatibility Mode” ကို အသုံးပြုဖြေရှင်းနိုင်ပါတယ်။ နည်းကတော့ driver ရဲ့ Setup ဖိုင်ကို Right-click လုပ်ပြီး Properties ထဲက Compatibility tab ကိုနှိပ်ပါ။ ပြီးတော့ “Compatibility Mode” ကို enable လုပ်ပြီး drop-down box မှသက်ဆိုင်ရာ operating system ကိုရွေးကာ လုပ်နိုင်ပါတယ်။


# Application ဟောင်းတွေတွဲဖက်သုံးနိုင်မည့်အချက်ပါသလား ?
Windows Vista မှာ အသုံးပြုတဲ့ application အားလုံးကို Windows 7 မှာ အသုံးပြုနိုင်ပါတယ်။ Windows xp မှာအသုံးပြုပြီး Vista အသုံးမပြုနိုင်တဲ့ application အချို့ကိုတောင် Windows 7 မှာအသုံးပြုနိုင်ပါတယ်။ Vista မှာအသုံးမပြုနိုင်တဲ့ application အဟောင်း ၃၀ လောက်ကို Windows 7 မှာသုံးနိုင်တယ်လို့ microsoft ကကြေငြာထားပါ တယ်။ အကယ်၍ Windows 7 မှာအသု့းမပြုနိုင်တဲ့ application တွေရှိရင်လည်း ရှင်းပြထားသလို “compatibility mode” ကိုသုံးပြီးဖြေရှင်းနိုင်ပါတယ်။


# ‘compatibility mode” သုံးရင်တောင် application တွေဖွင့်မရဘူးဆိုရင်….
“compatibility mode” ကိုသုံးပြီး Windows 7 ဖွင့်မရတဲ့ xp application အချို့ရှိတယ် ဒီအတွက် XP mode ကိုသုံးပြီးဖြေရှင်းနိုင်ပါတယ်။ XP mode ဟာ Windows 7 professional. Enterprise နဲ့ Ultimate edition တွေအတွက် အခမဲ့ဖြစ်ပါတယ်။ မည်သည့် XP Application ကိုမဆို XP mode ကိုသုံးပြီး Windows 7 မှာ ဖွင့်နိုင်ပါတယ်။


# ကွန်ပျုတာအသစ်ဝယ်ဖို့ Windows 7 ထွက်ရှိချိန်ကို စောင့်သင့်ပါသလား?
မလိုပါ။ ဇွန် ၁ ရက်ကစပြီး Vista System (Vista Home Premium. Business, Ultimate Edition) ပါဝင်တဲ့ ကွန်ပျူတာတွေဝယ်ယူရင် Windows 7 Upgrade လိုင်စင်ရမှာဖြစ်ပါတယ်။


# Windows 7 ရဲ့ဘယ် edition ကိုသုံးသင့်ပါသလဲ ?
Windows 7 ကို Home Basic နဲ့ Home Premium Edition နှစ်မျိုး ထုတ်ထားပါတယ်။ နောက်ပိုင်း Enterprise နဲ့ Ultimate Edition တွေ ထပ်ထွက်လာဖို့ ရှိပါတယ်။ Windows 7 ရဲ့ Edition တစ်ခုစီတိုင်းမှာ ကဏ္ဍတွေစုံတာကြောင့် Vista ကိုသုံးပြီး စိတ်ပျက်နေသူတွေအတွက် သတင်းကောင်းပါဘဲ။ Vista လိုရွေးရမယ့် Edition တွေ မများတာကြောင့် သုံးစွဲသူတွေအတွက် လွယ်ကူစွာသုံးနိုင်ပါတယ်။


# Windows 7 ကိုပြောင်းလဲသုံးရခြင်းရဲ့အဓိကအကြောင်းက ….
Windows 7 ကိုသုံးရခြင်းအကြောင်းက လုံခြုံရေးကိစ္စကြောင့်ဖြစ်တယ်။ Vista နဲ့ Windows 7 မှာ Windows XP ထက်ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးကိစ္စတွေ ပါလာပါတယ်။ Windows 7 မှာ လက်နဲ့ထိတွေ့သုံးနိုင်မယ့်စံနစ်(Touch Screen Technology) built-in အဖြစ်ပါဝင်တာကြောင့် သင့်ဆီမှာ Touch-screen Monitor ရှိပါက အသင့်သုံးနိုင်မှာပါ။ ဒါ့အပြင် Keyboard Shortcuts အသစ်တွေပါပြီး Mouse နဲ့ အသုံးပြုရတဲ့ကိစ္စများများကို ၄င်း Shortcuts အသစ်တွေနဲ့လုပ်ဆောင်နိုင်မှာပါ။ Administrator တွေအတွက် power shell V 2 Group Policy နဲ့ VHD Image Management လို tools အသစ်တွေပါလာတာလည်း Vista နဲ့မတူညီတဲ့အချက်တွေဘဲဖြစ်ပါတယ်။ .. 


စာဖတ်သံမှပြန်လည်ကူးယူဖော်ပြသည်..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!