Welcome to Dawna Thar.

Jun 30, 2013

ပွင့်နဒီမောင်မှ နာရေးကူညီမှုအသင်းသို့  (စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ်)လှူဒါန်း

စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ် အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အားပွင့်နဒီမောင် ကဇွန်၈ရက်နေ့ တွင်ကျရောက်ခဲ့သောမွေးနေ့ အမှတ်တရနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ကြောင်းသိရသည်။
ရုပ်ဆောင် ပွင့်နဒီမောင်မှ သူမ၏မွေးနေ့အတွက် မြင့်မြတ်သောအလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူတို့၏ နာရေးကိစ္စများအား သင်္ဂြိုလ်ပေးရာ၌ အသုံးပြုလျှက်ရှိ သည့် စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ်အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အား မိသားစုနှင့်အတူ လာရောက်လှူဒါန်း ပေးအပ်ခဲ့သလိုကွယ်လွန်သူ၏ ရုပ်ခန္ဓာအား မိမိတို့၏နေအိမ်များတွင် ပျက်စီး ယိုယွင်းမှုမရှိ ရက်ရှည်ထားရှိလိုကြသော နာရေးရှင်များတို့အား (အခမဲ့) ငှားရမ်း၍ အသုံးပြုလျှက်ရှိသည့် အအေးခန်းသေတ္တာ (Cool Box) များ ထမ်မံ၍လိုအပ်ပါက ထပ်မံ၍ လှူဒါန်း လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထို့နောက် အလှူရှင်သရုပ်ဆောင် ပွင့်နဒီမောင်မှနာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးဆောင်ရွက်မှု နိဗ္ဗာန်ယာဉ် များ၊ ကျန်းမာရေးပံ့ပိုးမှုများ လူနာများအား လေ့လာခဲ့ရင်း အားပေးစကားပြောကြားခြင်းနှင့် သုခအလင်းစာကြည့်တိုက် နှင့် ပညာရေးသင်ကြားမှုတို့ကိုလည်း လေ့လာမူုပြုသွားခဲ့ကြသည်။ 

(သတင်းရင်းမြစ်-FFSS) — 
စတီးလ်အခေါင်း၊ ဗန်း၊တွန်းလှည်းစသည်တို့အားပွင့်နဒီမောင်လှူဒါန်း

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!