Welcome to Dawna Thar.

Jun 30, 2013

ကမ္ဘာကျော် ဟောလီးဝုဒ်စုံပေါင်းများစွာထဲမှ ဘရက်ဒ်ပစ်နှင့် ဂျိုလီတို့ စုံတွဲ

ကမ္ဘာကျော် ဟောလီးဝုဒ်စုံပေါင်းများစွာထဲမှ တစ်တွဲအပါအ၀င်ဖြစ်သော
ဘရက်ဒ်ပစ်နှင့် ဂျိုလီတို့ စုံတွဲနှင့် ပတ်သတ်၍ ဘရက်ဒ်ပစ်မှ သူ့ရဲ့
အိမ်သူသက်ထားဇနီးအပေါ် ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး
ဖွင့်ဟခဲ့သော ရင်ဖွင့်သံအချို့ကို ပြန်လည်ညွှန်းဆို ရေးသားလိုက်ပါတယ်..


" အချစ်၏ လျှိုဝှက်ချက်.. "

" ကျနော့ရဲ့ ဇနီး ဖျားနာဝေဒနာ ခံစားနေခဲ့ရပါတယ်.. သူမဟာ အလုပ်နဲ့
ကိုယ်ပိုင်လူနေမှုဘ၀မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြသနာတွေ၊ ကျရှုံးမှုတွေ၊
ကလေးတွေအရေး စတာတွေကြောင့် စိတ်သောကတွေရောက်ပြီး စိတ်
ပင်ပန်း လူပင်ပန်း ဖြစ်နေခဲ့ပါတယ်.. သူမအသက် (၃၅)နှစ်အရွယ်မှာ
ကိုယ်အလေးချိန် ပေါင် (၃၀)လောက်တောင် ကျဆင်းခဲ့ပြီး ပေါင် (၉၀)ဘဲ
ကျန်တော့တဲ့ အထိပါဘဲ.. သူမ အရမ်းကြီးကို ပိန်လှီသွားခဲ့တယ်.. ပုံမှန်
လိုလိုကို ငိုကြွေးနေခဲ့ပါတော့တယ်.. ပျော်ရွှင်မှုဆိုတာ မရှိတော့တဲ့ အမျိုး
သမီးတစ်ဦး ဖြစ်လာပါတော့တယ်..

နောက်ပိုင်းမှာလည်း ခေါင်းကိုက်ဝေဒနာ၊ နှလုံးရောဂါဝေဒနာအပြင်
ကျောနဲ့ နံရိုးမှာ ရှိနေတဲ့ အာရုံကြောဝေဒနာတွေပါ ဆက်တိုက် ခံစား
လာခဲ့ရပါတော့တယ်.. သူမ ကောင်းကောင်းလည်း မအိပ်၊ မနက်လင်း
ကာနီးလောက်မှသာ အိပ်ပျော်သွားတတ်ပါတယ်.. နေ့ပိုင်းတွေမှာလည်း
လှုပ်ရှားလိုက်တာနဲ့ အလွယ်တကူ ပင်ပန်းနွမ်းနယ်မှုကို ခံစားရပြန်ပါတယ်.

ကျနော်တို့ ၂ယောက်ရဲ့ ပတ်သတ်ဆက်နွယ်မှုဟာ ပြတ်တောက်ပျက်စီး
သွားလုနီးဆဲဆဲထိကို နီးစပ်ခဲ့ပါတယ်.. သူမရဲ့ အလှအပတွေဟာလည်း
သူမကို တစ်နေရာမှာ ထားရစ်ပျောက်ကွယ်သွားခဲ့ပြီပေါ့ဗျာ.. မျက်လုံး
အောက်တွေမှာလည်း အရေးအကြောင်းတွေနဲ့ ကောက်ကြောင်းတွေ
ပေါ်လာပြီး ခေါင်းကိုလည်း အမြဲ ထုနေခဲ့တာပေါ့.. သူမကိုယ် သူမလည်း
ဂရုတစိုက်မနေတော့ဘူးလေ.. ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးဖို့လည်း
ရပ်တန့်ပြစ်ပြီး လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကို ငြင်းပယ်ခဲ့ပါတော့တယ်..

ကျနော့ရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့ပြီးနောက်မှာတော့ ကျနော်တို့တွေ
မကြာခင်မှာဘဲ ကွာရှင်းလမ်းခွဲဖြစ်တော့မယ်လို့ တွေးထင်ခဲ့မိလိုက်ပါတယ်
ဒါပေမဲ့ နောက်တော့ ကျနော် ဒီကိစ္စအပေါ် ဘယ်လိုပြုမူဆောင်ရွက်ရမယ်
ဆိုတာတွေကို ဆုံးဖြတ်ခဲ့ပါတယ်..

ကမ္ဘာ့ပေါ်မှာရှိတဲ့ အလှပဆုံးအမျိုးသမီးတစ်ယောက်ကို ကျနော် ရရှိ
ပိုင်ဆိုင်ခဲ့တဲ့နောက်မှာ သူမဟာ ကျနော့အတွက် အကောင်းဆုံး အသင့်
တော်ဆုံးဖြစ်ခဲ့တာလေ.. ကျနော်ဟာ သူမရဲ့ အနားမှာ အိပ်ခွင့်ရတဲ့ သူမရဲ့
ပခုံးတွေကို ပွေ့ဖက်ဖို့ရတဲ့ လူတစ်ယောက်အဖြစ် ခွင့်ပြုခံခဲ့ရတဲ့
လူတစ်ယောက်ပေါ့..

သူမကို ပန်းလှလှလေးတွေ၊ အနမ်းတွေ၊ ဖြည့်ဆည်းပေးမှု အစုံအလင်နဲ့
အမြဲ လွှမ်းခြုံနေစေဖို့ ကျနော် စတင်ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်.. သူမ
အံ့သြ၀မ်းသာသွားအောင် ဖန်တီးခဲ့သလို အချိန်မိနစ်တိုင်းမှာ ကျေနပ်
ပျော်ရွှင်အောင် လုပ်ဖြစ်ပါတယ်.. အမှတ်တရလက်ဆောင်လေးတွေ
အများကြီး ပေးခဲ့သလို သူမအတွက်ကိုဘဲ ရည်ရွယ်ပြီး နေထိုင်ပြုမူခဲ့
ပါတယ်..

လူထုပရိသတ်တွေ အများကြီးရှိနေတဲ့ Publicမှာလည်းဘဲ သူမအကြောင်း
တွေကိုဘဲ ကျနော်ပြောဆိုပါတယ်.. သူမရဲ့ ရည်ရွယ်ချက်တွေမှာလည်း
ကျနော် ပေါင်းစပ်ဖြည့်ဆည်း ဖြစ်ပါတယ်.. သူမရဲ့ သူငယ်ချင်းမိတ်ဆွေ
တွေနဲ့ ကျနော်တို့ နှစ်ယောက်စလုံးရဲ့ မိတ်ဆွေတွေရှေ့မှာလည်း သူမကို
ချီးကျူးအမွှမ်းတင်တဲ့ စကားတွေ ပြောဆိုဖြစ်ပါတယ်..

ခင်ဗျားတို့ကတော့ ယုံနိုင်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော့ဇနီး ပြန်လည်
ကောင်းမွန်လာခဲ့ပါတယ်.. သူမဟာ အရင်ကထက်တောင်မှ ပိုပြီးတော့
တောင် ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်လာပါသေးတယ်.. ခန္ဓာကိုယ်
အလေးချိန်လည်း ပြန်ရခဲ့သလို စိတ်ကျဝေဒနာမျိုးတွေလည်း မ၇ှိတော့
ပါဘူး.. သူမဟာ ကျနော့ကိုလည်း အရင်ကချစ်တာထက်တောင် ပိုချစ်
လာခဲ့ပါသေးတယ်..

အဲ့ဒိနောက်ပိုင်းမှာတော့ ကျနော် တစ်စုံတစ်ခုကို ကောင်းကောင်းကြီး
နားလည် သဘောပေါက်ခဲ့ပါပြီ.. "

< အမျိုးသမီးတစ်ဦးဟာ သူ့အမျိုးသားရဲ့ ပုံရိပ်၊ အရိပ်၊ ရောင်ပြန်ဟပ်မှု
ပါဘဲဗျာ.. > ""The woman is the reflection of her man""

မှီငြမ်းကိုးကား : Identity Magazine

(မူလပို့စ်တင်ထားတဲ့ မဂ္ဂဇင်းစာမျက်နှာအောက်မှာက ပရိသတ်ကွန့်မန့်
ပေါင်း ကျနော် ဘာသာပြန်ရေးသားတဲ့အချိန်ထိတွက်ချက်ကြည့်ရင်
(၇)ထောင် ကျော်ရှိနေပါပြီ.. အကြမ်းမျဉ်း အပေါ်ယံ လိုက်ဖတ်ကြည့်
လေ့လာဖြစ်တော့ ဘရက်ဒ်ပစ်ရဲ့ ပထမဇနီးဖြစ်သူ Jennifer Anistonနဲ့
ပတ်သတ်ပြီး ရေးထားဝေဖန်ထားကြတာမျိုးတွေ ရှိသလို ယခုအချစ်
ဇာတ်လမ်းလေးကို ချီးကျူးထောပနာပြုတဲ့သူတွေလည်း ရှိနေတာကို
တွေ့ရပါတယ်.. ဒါ့အပြင် လန်ကြုတ်လုပ်ကြံ ဖန်တီးပြောတယ်လို့လည်း
ဝေဖန်တဲ့သူများလည်း ရှိပါတယ်.. များလွန်းလို့ စုံအောင်တော့ ကျနော်
လည်း လိုက်မဖတ်ကြည့်နိုင်တော့ပါဘူး..

ဘာဘဲဖြစ်ဖြစ်ပါ.. တစ်ဦးနဲ့ တစ်ဦး ဘရက်ဒ်ပစ် ပြောသလိုသာ ချစ်နိုင်
ကြမယ် ကြင်နာနိုင်ကြမယ် ဆိုပါလျှင် ကျနော်တို့ လူ့ကမ္ဘာကြီးဟာ
ငြိမ်းချမ်းပျော်ရွှင်သာယာနေမှာ အမှန်ဘဲ မဟုတ်လားဗျာ..

ဒါ့ကြောင့် ယူသင့်တာကို ယူ.. မယူသင့်တာကို ပယ်..
အချစ်ပုံပြင်တစ်ပုဒ်အဖြစ်သာ ဖတ်ရှုပေးကြဖို့ ပြောချင်ပါတယ်..
ဘာသာပြန်ရေးသားခြင်း တစ်စုံတစ်ရာ ချွတ်ချော်မှားယွင်းခဲ့ပါလျှင်
ခွင့်လွှတ်နားလည်ပေးကြပါ..)


Credit: facebook မှယူခဲ့သည်

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!