မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ်ပြီး ပရိယတ္တိသင်ကြားနေသော ပထမငယ်တန်းဖြေဆိုထားသူသရုပ်
တစ်ခေတ်တစ်ခါက
သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ
သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု
ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း
မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး
ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့
အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ
မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား
လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ
သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို
လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော
ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား
အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော်
တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။
၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/
လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား
ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ
လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook
နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန်
သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ “ဆရာလေးအနေနဲ့ အခုလို
သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့
ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင်
ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း
ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား
များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား
သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြ
သီလရှင်
ဒေါ်နန္ဒမာလာ (တင့်တင့်ထွန်း) ၆.၆.၂ဝ၁၃ ရက်နေ့တွင်
နာရေးကူညီမှုအသင်း(ရန်ကုန်) သို့
အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ်
တိတိအား လာရောက်လှူဒါန်းစဉ်
(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Credit: facebook စာမျက်နှာမှတဆင့် ကူးယူဖော်ပြထားပါသည်။
Jun 30, 2013
မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ် သရုပ်ဆောင်တင့်တင့်ထွန်း
Subscribe to:
Post Comments (Atom)
k
}
လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ
-
▼
2013
(40)
-
▼
June
(20)
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- "ဝင်ငွေအနည်းဆုံး ဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာဝ...
- "ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ် အောင် ကြိုးစ...
- ကမ္ဘာကျော် ဟောလီးဝုဒ်စုံပေါင်းများစွာထဲမှ ဘရက်ဒ်ပစ်...
- “စိတ်သောကဒဏ်ကလည်းလွတ်မြောက်ချင်ပါပြီလို့ မွေးနေ့ မ...
- ပွင့်နဒီမောင်မှ နာရေးကူညီမှုအသင်းသို့  (စတီးလ်အခေါ...
- မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ် သရုပ်ဆောင်တင့်...
- Muay Thai World Champion 2013 Thailand
- တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ
- ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) ...
- လူပျိုစစ်တယ် ပြောတာဘဲ-Virginity
- ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-...
- အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 
- အမျိုးသား ၂၃ ဦးနှင့် အိမ်ထောင်ကျဖူးသူ
- Dhamma Online Radio လေးပါ
- Padamyar FM for Android Apps
- Mandalay FM Radio
- SNC Online City FM Radio လေးပါ
- Website Link
- Facebook အသုံးပြုသူတိုင်း Free Call (အလကား)ဖုန်းးေ...
-
▼
June
(20)
0 comments:
Post a Comment