မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေး.

တန်ဖိုးကြီးလှတဲ့ မိန်းကလေးရဲ့အလှ

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထားရမယ်။.

ငါတို့လဲ လှပါသေးတယ်ဟ...!! title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ဒီအစီအစဉ်ပြီးရင် ဆွဲရေးရှိတယ်နော် . မပြန်ကြနဲ့ ဦး 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ရေတွေကလဲ ကြီးလို့ ကို မပြီးတတ်တော့ဘူး စိတ်ညစ်တယ်သိလ 5ား

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Welcome to Dawna Thar.
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Jul 2, 2013

လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက်ရှင် နေထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလားတူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေးတွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။

Apr 5, 2011

မိမိရဲ့ Browser ကို FoxTab လေးနဲ့လန်းမယ်

Browser မှာ Page တွေ အများကြီးဖွင့်ထားပြီး Tab တစ်ခုနဲ့တစ်ခု ကူးပြောင်းတဲ့အခါမှာ FoxTab v1.3 Add-on ကို Browser မှာ

သွင်းထားပြီး Ctrl+Q ကို နှိပ်ပြီး ဒီဇိုင်းအလန်းလေးနဲ့ ပြောင်းရွှေ့လို့ရပါတယ်။ စမ်းကြည့်ပါ။ ကျွန်တော်တော့ သဘောကျလို့ ကျွန်တော့် Browser မှာ

သုံးထားတယ်။ .လိုချင်ရင် ဒီနေရာမှာ (http://www.foxtab.com) သွားပြီးဒေါင်းလိုက်ပါ။ ..Mistake 51 area မှ

Nov 24, 2010

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် ( ၅ )

မှတ်သားစရာနိုင်ငံအလံသင်္ကတများ

ကမ္ဘာပေါ်တွင် နေမင်းသင်္ကတကိုအသုံးပြုသော နိုင်ငံပေါင်း ( ၁၀ ) နိုင်ငံရှိသည်။ လ၀န်းပုံတံဆိပ်ကိုအသုံးပြုသော နိုင်ငံပေါင်း ( ၅ ) နိုင်ငံရှိသည်။ ငါးထောင့်ကြယ်၊ ခြောက်ထောင့်ကြယ် သင်္ကတကိုအသုံးပြုသောနိုင်ငံပေါင်း ( ၅၈ ) နိုင်ငံရှိသည်။ ကြက်ခြေခတ်အတည့်၊ အမြှောက်လက္ခဏာပုံစံကိုအသုံးပြုသောနိုင်ငံပေါင်း ( ၁၉ ) နိုင်ငံရှိသည်။ တြိဂံအမှတ်အသားကိုအသုံးပြုသောနိုင်ငံပေါင်း ( ၂၈ ) နိုင်ငံရှိသည်။ ထူးထူးခြားခြား သကြားပင်အရွက်ကို အမျိုးသားအမှတ်သင်္ကတအဖြစ်အသုံးပြုသည့် နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်သည်။.

အသက်ကို ကိုယ်ဝန်စရှိကတည်းကတွက်သည့်လူမျိုး

မြန်မာလူမျိုးတွေဟာ လူတစ်ယောက်ရဲ့အသက်ကိုရေတွက်ရင် မွေးဖွားပြီးမှအသက်ကို စတင်ရေတွက်ကြပါတယ်။ ဒါပေမယ့် ကိုရီးယား တရုတ်စတဲ့ အရှေ့အာရှနိုင်ငံတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ၀မ်းထဲမှာစတင်သန္ဓေတည်ကတည်းက အသက်ကိုရေတွက်ကြ ပါတယ်။

ပိရမစ်အများဆုံးရှိသည့်နိုင်ငံ

ပိရမစ်ကြီးတွေဟာ အီဂျစ်နိုင်ငံမှာပဲ အများဆုံးရှိတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ တောင်အမေရိကတိုက် ပီရူးနိုင်ငံမှာရှိတဲ့ ပိရမစ်တွေရဲ့ အရေအတွက်ဟာ အီဂျစ်နိုင်ငံက ပိရမစ်တွေထက်များတယ်လို့ဆိုပါတယ်။

(ကိုယ်တိုင်လုပ်ကြည့်ပါ ထူးဆန်းမှုကိုသိလိမ့်မည် )

တံတောင်ဆစ်ကိုလျှာနဲ့လျက်ကြည့်ပါ၊ လျက်လို့မရတာကိုတွေ့ရပါလိမ့်မယ်။

အီဖယ်မျှော်စင်ရဲ့အလေးချိန်

ပြင်သစ်နိုင်ငံမှာ ကမ္ဘာကျော်မျှော်စင်ကြီးတစ်ခုရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီမြို့မှာရှိပြီး အီဖယ်မျှော်စင်လို့ခေါ်ပါတယ်။ အဲဒီ မျှော်စင်ရဲ့အလေးချိန်ဟာ ဆင်အကောင်ရေတစ်ထောင်ကျော်ရဲ့ အလေးချိန်နဲ့ ညီမျှတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

မြင်း၏မြင်နိုင်စွမ်း

မြင်း၏မျက်လုံးများသည် သူ့ခြေလေးချောင်းစလုံးကို တစ်ပြိုင်နက်မြင်နိုင်သည်ဟုဆိုပါသည်။

အရောင်နှစ်မျိုးစလုံးကိုမြင်သည့်ရွှေငါး

ရွှေငါးများသည်ထွင်းဖေါက်အပူပေးသည့် မမြင်ရသော ရောင်ခြည်နှင့်ခရမ်းလွန်ရောင်ခြည်နှစ်မျိုးစလုံးကို မြင်နိုင်သောသတ္တ၀ါ ဖြစ်သည်။

လိပ်ပြာ၏မူလအမည်

လိပ်ပြာ ( Butterfly ) ၏မူလအမည်မှာ ( Flutterby ) ဖြစ်သည်။

ဆပ်ပြာကိုစတင်အသုံးပြုသောလူမျိုး

ကမ္ဘာပေါ်တွင်ဆပ်ပြာကိုပထမဆုံးအသုံးပြုသူများမှာ ဘီစီ ၂၅၀၀ခန့်က ဆူမားရီးယန်းလူမျိုးများဖြစ်သည်ဟုဆိုသည်။ ဆပ်ပြာကို ရေ၊ အယ်ကာလီ ( အက်စစ်၏သတ္တိကိုပယ်စေသော အရာဝတ္ထုနှင့်ပွေးကိုင်းပါဝင်ကာပြုလုပ်ထားလေသည်။

ကမ္ဘာပေါ်တွင် ရဲ ( Police ) ပေါ်ပေါက်လာပုံ

ကမ္ဘာပေါ်တွင် ရဲသည် ခရစ်တော်မွေးဖွားသည့်အချိန်ကစတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ဆီဆာသြဂတ်စတပ်စ် (Caecar Augustue ) သည် ရောမမြို့တော်အတွက် အထူးရဲတပ်ဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။ အဆိုပါရဲသည် နှစ်ပေါင်း ၃၅၀ကျော်ကြာရှည်ခဲ့သည်။ သို့သော်အဆိုပါရဲတပ်ဖွဲ့သည် ဘုရင်အမိန့်အတိုင်းသာဆောင်ရွက်ရသည်။ ၈ရာစုတွင်ရဲအဖွဲ့သည် ဘုရင်အမိန့်အစား ဥပဒေကို လိုက်နာကြလေသည်။

ဆွီဒင်နိုင်ငံတွင်ဘုရင်ဖြစ်သွားသူ

ဆွီဒင်နိုင်ငံတွင်ဘုရင်ဖြစ်သွားသူမှာ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးနပိုလီယံ၏ စစ်သေနာပတိ ယန်းဘာနာဒက်တီ ဖြစ်ပါသည်။
....ရေးသူ ညီမင်းညို

Nov 23, 2010

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ထူးခြားချက်များ

ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။. သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး

သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။

မှတ်ဥာဏ်ကောင်းသည့် ဧကရာဇ်

ရောမဧကရာဇ် ဟာဒြီယန်(၇၆-၁၃၈) သည် မှတ်ဥာဏ်အလွန်ကောင်းသူဖြစ်သည်။ သူသည် ရောမတပ်မတော်ရှိတပ်သားမှသည် ဗိုလ်ချုပ်ကြီးအထိ တပ်မတော်သားအားလုံး၏ အမည်နှင့် ရုပ်ကိုပါမှတ်မိသိရှိသည်။

လခ နှစ်(၅၀) အတွက် ကြိုပေးခြင်းခံရသူ

ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် ဒဲနစ်စ်ဒီဒီရော့(တ်)(၁၇၁၃-၁၇၈၄) အားရုရှားဘုရင်မကြီး မဟာကတ်သရင်း (၁၇၂၉-၁၇၉၆) က စာကြည်တိုက်မှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊ နှစ်(၅၀)အတွက် လခ ကိုကြိုပေးထားခဲ့သည်။ သို့သော် ဒီဒီရော့(တ်) သည် လုပ်သက် (၁၉)နှစ်အကြာ၌ ကွယ် လွန်အနိစ္စရောက်ခဲ့သည်။

မှတ်ဥာဏ်ကောင်းသည့် အင်္ဂလိပ်ဘုရင်

တတိယမြောက် ဂျော့ဘုရင်(၁၇၃၈-၁၈၂၀)သည် အလွန်မှတ်ဥာဏ်ကောင်းသူဖြစ်သည်။ သူသည် ဗြိတိသျှရေတပ်မတော်မှ အရာရှိ(၄ ၅၀၀)၏ တစ်ဦးချင်းအား အမည်ရောမျက်နှာပါ မှတ်မိနေခဲ့ပြီး၊မည်သည့် အရာရှိအား မည်သည် သင်္ဘော၌ တာဝန်ချထားပေးသည်ဆိုသည် ကိုပါ မှတ်မိနေသည်။ .
အိမ်မက်သခင်

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 4

ကျောက်တုံးတဲ

အီတလီနိုင်ငံ၊ ဘာရီဒေသတွင် အီတလီယာသမားများသည် နားနေခိုနားရန် ရွက်ဖျင်ထည်အစားကျောက်ဖြူတုံးများဖြင့် ထူးထူးခြားခြား ရွက်ထည်တဲ့ပုံစံဆောက်လုပ်နေထိုင်ကြသည်ဟုသိရသည်။

ရွှေတွင်းရှိရာနားသည့်ငှက်

အူယာနာဒေသရှိ ရွှေငှက် ( Gold Bird ) အမည်ရှိရှားပါးနေပြီဖြစ်သောငှက်သည် ငှက်ဝါသနာရှင်များနှင့် သုတေသီများရှာဖွေနေသော ငှက်ဖြစ်သည်။ အဆိုပါငှက်သည် ရွှေတွင်းတည်နေရာ အနီးအနားသို့ရောက်ရှိတတ်ပြီး ရွှေတွင်းတူးသူများအတွက်လည်း ရွှေရှာဖွေရာ တွင် များစွာအထောက်အကူပြုသည့် ငှက်လည်းဖြစ်သည်။
. ပုလင်းထဲကကြက်

အမေရိကန်နိုင်ငံပြည်ထောင်စု၊ တက်ခ်ဆက်ပြည်နယ် ဗင်မီတာဒေသတွင် ပြင်းထန်သောလေဆင်နှာမောင်း တိုက်ခတ်စဉ်က အရွယ် ရောက် ကြက်ဖတစ်ကောင်သည် ထူးဆန်းစွာ နှစ်ဂါလံဆန့် ဖန်ပုလင်းထဲသို့ ၀င်သွားသည်ဟု ဆိုသည်။

သန်းချီဥသည့်ငါး

အလေးချိန် ၇ပေါင်ရှိပင်လယ်ငါးတစ်ကောင်သည် တစ်ကြိမ်လျှင် ငါးဥပေါင်း ၇သန်းဥနိုင်ကြလေသည်။

သဘာဝကျောက်ရုပ်

ဂျာမနီနိုင်ငံရှိ ( အာဘာတောင် ) Mount Arber ရှိ တောင်ကမ်းပါးစွန်းသည် ဂျာမန်တေးဂီတပညာရှင်ကြီး ( ရစ်ချတ်ဝါဂနာ ) Richard Wagner ၏ ရုပ်ထုကိုထုလုပ်ထားသကဲ့သို့ သဘာဝအတိုင်းတည်ရှိလျှက်ရှိနေသည်ဟုဆိုသည်။

ထူးခြားသည့်သက်သေပြမှု

နီပေါနိုင်ငံ၊ မျိုးနွယ်စုတစ်ချို့တွင် သတို့သမီးလောင်းတစ်ယောက်သည် လက်ထပ်ရန် အဆင်သင့်ဖြစ်ကြောင်းကိုပြသသည့်အနေဖြင့် ဟိမ၀န္တာတောင်ကိုဖြတ်ကျော်ပြီး မိုင်၂၀ကျော်ကွာဝေးသည့် တောင်ကုန်းပေါ်တွင်သူများဆီမှခေတ္တငှားလာသည့်ကလေးကို ကျောပိုးကာ ခြေလျှင်လျှောက်ပြခဲ့ရသည်ဟုသိရသည်။

အရှည်ကြာဆုံးခေါင်းလောင်းထိုးတာဝန်ထမ်းဆောင်သူ

အမေရိကန်နိုင်ငံ ချားလ်စတန်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ (၀ါရှင်တန်မက်လန်ဂက်စဒန် ) ဆိုသူသည် နှစ်ပေါင်း ၆၁နှစ်တိုင် ဘုရားရှိခိုးကျောင်း၏ ခေါင်းလောင်းထိုးတာဝန်ကို မပျက်မကွက်ထမ်းဆောင်နိုင်ခဲ့သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့လေသည်။

ထူးခြားသည့်အိမ်များ

ဂျာမနီနိုင်ငံ၊ ဂရော့ဘော့စားမြို့ရှိအိမ်များသည် တစ်ခြားအိမ်များနှင့်မတူ တစ်မူထူးခြားစွာတွေ့မြင်ရပေသည်။ အဆိုပါအိမ်များကို မြို့၏ အုတ်တံတိုင်းများပေါ်တွင် တန်းစီဆောက်လုပ်ထားခြင်းဖြစ်သည်။

နိမိတ်ဖတ်မှန်သည့်ပန်းပုဆရာ

အီဂျစ်ပန်းပုဆရာ အမီနိုသီးစ် ( Amenothes ) သည် သူနိမိတ်ဖတ်ထားသည့်အတိုင်း မှန်ကန်သူအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ သူသည်သူ့အသက်၈၀အရွယ်တွင် သူ့ပုံတူကိုထုထွင်းခဲ့ရာ ပန်းပုရုပ်ထု၏အောက်တွင် ( ယခုကျွန်ုပ်အသက်၈၀အရွယ်ရှိခဲ့ပြီ အသက် ၁၁၀တိုင်အောင်နေထိုင်သွားရမည်ဖြစ်သည်။ ) ဟု ရေးထွင်းထားခဲ့ရာ သူနိမိတ်ဖတ်ရေးထိုးထားခဲ့ရာ သူနိမိတ်ဖတ်ရေးထိုး သွားခဲ့သည့်အတိုင်း အသက် ၁၁၀ရောက်ရှိမှသာ ကွယ်လွန်သွားခဲ့သည်။.. ရေးသူ ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 3

ပထမဆုံး မိုးပျံဘောလုံးပြိုင်ပွဲ

ပထမဆုံးမိုးပျံဘောလုံးပြိုင်ပွဲကို ၁၉၀၆ခုနှစ်က ပြင်သစ်နိုင်ငံတွင်ကျင်းပခဲ့ရာ နိုင်ငံ ၇နိုင်ငံမှ ပြိုင်ပွဲဝင် ၁၅ဦးယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသားတစ်ဦးက ၂၂နာရီ ၂၈မိနစ် ၁၀စက္ကန့်ြ့ဖင့် ၃၉၅မိုင်အကွာအဝေးထိရောက်အောင် မိုးပျံဘောလုံးကိုစီးပြနိုင် ခဲ့ကာ အနိုင်ရရှိသွားခဲ့သည်။
. ကမ္ဘာအကြီးဆုံး ရေငုပ်သဘောင်္ကြီး

ကမ္ဘာအကြီးဆုံး ရေငုပ်သဘောင်္ကြီးမှာ ၁၉၈၀ခုက ရေချခဲ့သော ( Ussohio ) အမည်ရရေငုပ်သဘောင်္ကြီးဖြစ်သည်။ သဘောင်္ကြီးသည် တန်ချိန် ၁၈.၇၀၀ရှိကာ ၅၆၀ပေ ( ၁၇၀.၆ ) မီတာ ရှည်လျားသည်။

ကလေးအမည်များမှည့်ထားသောကားများ

အမေရိကန်ပြည်ထောင်စု၊ နီဘရာဆကာက ကားထုတ်လုပ်သူတစ်ဦးသည် သူထုတ်လုပ်လိုက်သောကားများကို သူ့သားသမီးသုံးယောက် ၏ အမည်များဖြစ်သော (ဂျာဂွာဖာရာရီ )၊ ( လန်စီရာလီမန်စ် ) နှင့် အက်စတန်မာတင်အမည်များ ပေးထားလေသည်။

သဘာဝက အကာအကွယ်ပေးထားသောမျောက်

မျောက်မောင်းမ (Sloths ) များသည် ရန်သူကိုရှောင်ပုန်းရာတွင် သဘာဝကပေးထားသော ကိုယ်ပေါ်ရှိအမွေးများက များစွားအကူအညီ ပေးလေသည်။ သူတို့ကိုယ်ပေါ်တွင် အစိမ်းရောင်အရိအချွဲများရှိနေသောကြောင့် နောက်ခံသစ်ရွက် သစ်ကိုင်းများ နှင့် အရောင်ချင်းရောနှောနေသောကြောင့် ရန်သူက သူတို့ကိုအလွယ်တစ်ကူ မမြင်တွေ့နိုင်တော့ပေ။

အစာမစားပဲအသက်ရှင်နိုင်သောပင့်ကူ

အချိန်ကာလနှစ်နှစ်ခွဲအထိ အစားမစားပဲ အသက်ရှင်ရပ်တည်နေနိုင်သော ပင့်ကူမှာ အမွေးရှည်ပင့်ကူကြီး ( Tarantulas ) မျိုးဖြစ်သည်။

တိရစ္ဆာန်ရုံထဲကျတဲ့ဗုံး

ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်များက ဘာလင်မြို့ ( ဂျာမနီနိုင်ငံ ) ပေါ်ကို ဗုံးများကျဲချသောအခါ ပထမဆုံးကြဲချသောဗုံးမှာ ဘာလင်မြို့
တိရစ္ဆာန်ဥယျာဉ်ထဲကို ကျသွားခဲပါတယ်။ အခြားဘာထိခိုက်မှုမှမရှိပဲ ဆင်တစ်ကောင်တည်းသာ သေသွားခဲ့ပါတယ်။

လက်ဖြင့်တူးဖော် တည်ဆောက်ခဲ့သည့် အရှည်လျားဆုံးတူးမြောင်းကြီး

ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဆုံးနှင့် ရှေးအကျဆုံးတူးမြောင်း (Canal ) ကြီးမှာ တရုတ်ပြည်ရှိ ဟန်ချောင်မြို့ ( Hangchow ) နှင့် ပီကင်းမြို့ ( Peking ) ကြားရှိ တူးမြောင်းကြီး ( Grand Canal ) ဖြစ်သည်။ အင်ဂျင်နီယာကြီးများပင် လက်ဖျားခါ အံသြယူလောက်အောင် ( ၁၁၀၇ ) မိုင်ရှည်လျားသည့် တူးမြောင်းကြီးဖြစ်သည်။ င်္ဘီစီ ၅ရာစုက အဆိုပါတူးမြောင်းကြီးကို အလုပ်သမား များက လက်ဖြင့်တစ်လက်မချင်း တူးဖော်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ဗဟုသုတအတိုအထွာများ ( ၂ )

၁။ နားကြပ်တပ်ခြင်း၊ သီချင်းနားထောင်သည့်အတွက် နားကြပ်တပ်ခြင်းဟာ လူကိုလုံးဝကောင်းကျိုးမပေးနိုင်ပါဘူး၊ တစ်နာရီခန့် နားကြပ်တပ်ထားသူရဲ့ နားထဲမှာ ဘက်တီးရီးယားပိုးတွေဟာ အဆ ( ၇၀၀ ) တိုးပွားလာနိုင်ပါတယ်။

၂။ လူတစ်ယောက်ဟာ ညာဘက်လက်သန်တဲ့သူ ( ညာသန် ) ဖြစ်ရင် အစားအသောက်စားတဲ့အခါ ပါးစပ်ရဲ့ညာဘက်အခြမ်းကနေ များသောအားဖြင့် စားသောက်ကြတယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဘယ်သန်ဖြစ်ရင်တော့ ဘယ်ဘက်ကနေအစားအစာကိုတယ်လို့ မှတ်သားရတယ်။ ( မယုံလျှင် ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်လို့ရပါတယ် )

၃။ ဆေးလိပ်ဖြတ်လိုက်တဲ့ လူတစ်ယောက်ဟာ တစ်ညမှာ တစ်နာရီလျှော့အိပ်ဖို့လိုတယ်လို့မှတ်သားရပါတယ်။

၎။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာရှေးဟောင်းအမွေအနှစ်ဖြစ်သော ပုဂံဒေသအား မဟာမိတ်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုကင်းစေရန်
စစ်နယ်မြေမသတ်မှတ်မိစေရန် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သောသူမှာ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းရာဇ၀င် ပါမောက္ခ ဂျီ။အိပ်ခ်ျလုခ်ဖြစ်သည်။

၅။ လင်းနို့၊ လင်းဆွဲတွေဟာ သတ္တ၀ါတွေထဲမှာတော့ ကောင်းကင်ကိုပျံသန်းနိုင်တဲ့ တစ်ဦးတည်းသော သတ္တ၀ါဖြစ်ပါတယ်။လင်းနို့တွေ ဟာ တစ်နှစ်မှာ တစ်ကောင်သာမွေးတယ်လို့ ဆိုပါတယ်။

၆။ ကလေးမွေးသောအခါ ဇောက်ထိုးမွေးသောသတ္တ၀ါမှာ သစ်ပင်များတွင်နေထိုင်သော အမေရိကန်တိရိစ္ဆာန် ( Sloth )မျောက်တစ်မျိုး
ဖြစ်သည်။ .. ရေးသူ ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင်

လကမ္ဘာကပင်မြင်နိုင်သည့်အဆောက်အဦး
လကမ္ဘာကပင်မြင်နိုင်သည့် ကျွန်တော်တို့ကမ္ဘာမြေပေါ်ရှိလူဆောက်လုပ်ခဲ့သည့်အဆောက်အဦးမှာ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီး ( The Great Wall Of China ) ပင်ဖြစ်သည်။

ပုဇဉ်း၏သက်တမ်း
ပုဇဉ်း၏သက်တမ်းမှာ 24 နာရီသာဖြစ်သည်။ ငွေအကုန်အကျများသည့် ၀ါသနာ
လူအများစုသည် တစ်ခြားဝါသနားများထက် သစ်ပင်ပန်းပင်စိုက်ပျိုးသည့် ၀ါသနာတွင် ငွေကိုပိုပြီးသုံးစွဲသည်ဟုတ်မှတ်သားရပါသည်။

နောက်အကျဆုံးတွေ့ရှိရသောဂြိုလ်
လူတို့သည် 1930ပြည့်နှစ် ရောက်မှသာ ပလူတိုဂြိုလ်ကို တွေ့ရှိရသည်။

အမျိုးအစားအများဆုံးလိပ်ပြာ
တစ်ခြားသတ္တ၀ါများထက် အမျိုးအစားများသည့် သတ္တ၀ါမှာလိပ်ပြာဖြစ်သည်။ ကမ္ဘာပေါ်တွင်လိပ်ပြာအမျိုးအစားပေါင်း တစ်သိန်းကျော်ရှိသည်ဟု သိရသည်။

ရွှေငါး၏မှတ်မိနိုင်စွမ်း
ရွှေငါးတစ်ကောင်သည် ၃စက္ကန့်သာ မှတ်မိနိုင်စွမ်းရှိသည်။

ငွေအတွက်နာမည်ပေါင်နှံသည့်လူမျိုး
ကွာကွတ်လ် အင်ဒီယန်းလုမျိုးများ( Kwakiut ) သည် ငွေလိုအပ်သည့်အခါ သူတို့၏နာမည်ကို ငွေချေးသူထံ ပေါင်နှံကြလေသည်။ ငွေချေးသူသည် ငွေကိုငွေချေးသူထံ ပြန်မဆပ်မချင်း နာမည်မဲ့သူဖြစ်နေလေသည်။ ငွေပြန်ဆပ်မှသာ နာမည်ကို သုံးခွင့် ခေါ်ဆိုခွင့်ရှိသည်။

ပျံသန်းရင်း အစာစားသောက်သည့်ငှက်
ပျံလွှားငှက် (Swallow) များသည် ပျံသန်းရင် အစာစားသောက်၊ မိတ်လိုက်သည့် သတ္တ၀ါဖြစ်သည်။

ကြာပန်းစတင်ပေါက်ရောက်သည့်နိုင်ငံ
ကြာပန်းစတင်ပေါက်ရောက်သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး BC ၆ရာစုတွင် အီဂျစ်ပြည်သို့ပျံ့နှံ့ရောက်ရှိသည်။ ကြာပန်းတွင် အစေ့ ရိုးတံနှင့် အရွက်များအားလုံးကို စားသုံးနိုင်သည်။ .. Added By ညီမင်းညို

ထူးခြားချက်စုံလင် ကမ္ဘာတစ်ခွင် 2

လူဦးရေ ၉၉ယောက်သာရှိသည့် လူမျိုး

'' 99 " သည် အာဖရိကတိုက်၊ ကင်ညာနိုင်ငံ၊ ရုဒေါ့ရေကန်ကြီးအတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်သောမျိုးနွယ်စု၏ အမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်ခန့်က အဆိုပါကျွန်းတွင် နေထိုင်သော '' 99 " လူမျိုးများ၏ဦးရေမှာ ၉၉ယောက်ထက်လည်း မများ၊ ၉၉ယောက်မကျော်ပဲရှိသည်ဟုမှတ်သားရသည်။

ထူးခြားသည့်စာကြောင်း

Attendance (n) တက်ရောက်ခြင်း၊ တက်ရောက်သည့် အရေအတွက်ဟု အဓိပ္ပါယ်ရသည့်စာကြောင်းကို အောက်ပါအတိုင်း စာလုံးများခွဲ လိုက်ပါက အဓိပ္ပါယ်ရှိသောစာကြောင်းတစ်ခုရရှိသည် " At Ten Dance '' ( ၁၀နာရီမှာ ကကြရအောင် ) လို့ဖြစ်သွားပါသည်။
သမိုင်းတွင်တန်ဖိုးအကြီးမားဆုံးသလွန်တော်

၁၉ရာစုက ပါရှားဧကရီအသုံးပြုခဲ့သော သလွန်တော်မှာ ဒေါ်လာ သန်း၄၀ကျော်တန်ဖိုးရှိသည်ဟုဆိုသည်။ ရွှေဖြင့်ပြုလုပ်ထားသည့် သလွန်တော် ဖြစ်ပြီး '' ရွှေဥဒေါင်း '' သလွန်တော်ဟု အမည်ရသည်။ ယခင်က အဆိုပါသလွန်တော်မှာ အိန္ဒိယနိုင်ငံ မဂိုဘုရင်၏ သလွန်တော် ဖြစ်သည်။ ပါရှားဘုရင် နာဒီယာရှန် ( Nadir Shahm ) က ထိုသလွန်ကို နယူးဒေလီမှ ပါရှားနိုင်ငံသို့ သယ်ဆောင်ခဲ့ကာ သူထိုင်သည့်သလွန်တော်အဖြစ် ပြန်လည်ပြုပြင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၅၉၇ ခုနှစ်တွင် ဖက်အလီရှား ( Fath Ali Shah ) ဘုရင်ဖြစ် လာသောအခါ သူ၏ကြင်ယာတော် အလှဧကရီ တပ်စ်ခမမ် ( Taus Khanmum ) အား သူ့သလွန်တော်ကို ချီးမြှင့်အသုံးပြုစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထို '' ရွှေဥဒေါင်းသလွန်တော် " ကို အီရန်နိုင်ငံပြတိုက်တွင် ပြသထားလေသည်။
( မှတ်ချက် ) ပါရှားနိုင်ငံဆိုသည်မှာ ယခုအခါ အီရန်နိုင်ငံဖြစ်သည်။

ဂိုးသွင်းပေါက်တီထွင်သူ

ပိုက်ဖြင့်ကာစည်းထားသော ဘောလုံးဂိုးပေါက်ကို ၁၈၅၅ ခုနှစ်က ဘာမင်ဂမ်မြို့တွင် စတင်အသုံးပြုခဲ့သည်။ သို့သော်၁၈၉၀ပြည့်နှစ်တွင် လီဗာပူးမြို့မှ အင်ဂျင်နီယာတစ်ဦးက ထိုဂိုးပေါက်ထက်ပိုမိုကောင်းမွန်သည့် ယခုခေတ်တွင် အသုံပြုလျှက်ရှိသော ဂိုးသွင်းပေါက်ကို တီထွင်လာနိုင်ခဲ့သည်ဟု ဆိုပါသည်။

အမြန်ဆုံးဂျက်လေယာဉ်

အမေရိကန်နိုင်ငံက တည်ဆောက်ထားခဲ့သော Lockheed SR 71 အမျိုးအစား " ငှက်နက်'' ( Black bird ) အမည်ရသည့် ဂျက်လေယာဉ်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ၁နာရီ ၅၄မိနစ် ၅၆စက္ကန့် ဖြင့်ဖြတ်သန်းကာ ကမ္ဘာအမြန်ဆုံးဂျက်လေယာဉ်အဖြစ် စံချိန်သစ် တင်ခဲ့လေသည်။

ဇစ်တည်ထွင်သူ

ပထမဆုံး အပိတ်အဖွင့်ဇစ် ( Zip Fastener ) ကို စတင်တည်ထွင်ခဲ့သူမှာ အမေရိကန်လူမျိုး ရှစ်ကွန်ဘီဂျပ်ဆင်ဆိုသူဖြစ်ပြီး ၁၈၉၂ခုနှစ်
ကတည်ထွင်ခဲ့သည်။

ထူးခြားသောရဲတိုက်

သြစတြေးလျနိုင်ငံ ဆေဘတ်မြို့ရှိ ဖစ်တားစ်ရဲတိုက်ကြီးသည် အ၀ိုင်းပုံစံရှိသော မျှော်စင်ရှိသည့်ရဲတိုက်ကြီးဖြစ်ပြီး မျှော်စင်ထိပ်ပေါ် တွင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ထားသည်။ စုန်းအတတ်ဖြင့်ပြုစားခဲ့သည်ဟု သတ်မှတ်အပြစ်ပေးခံရသူ အကျဉ်းသားများကို
အောက်ဆုံးထပ်တွင် အကျဉ်းချထားခဲ့သည်။

မြင်းစီးရုပ်ထုများ၏ထူးခြားချက်

မြင်းစီးနေသောလူရုပ်ထုများ၏ ထူးခြားချက်မှာ မြင်းသည်ရှေ့ခြေနှစ်ချောင်းကို လေထဲတွင်မြှောက်ပြထားသောအခါ မြင်းပေါ်မှ ရုပ်ထု ရှင်သည် တိုက်ပွဲမှာကျဆုံးသည်ဟုမှတ်ရမည်။ ရှေ့ခြေတစ်ချောင်းကိုသာမြှောက်ထားလျှင် မြင်းပေါ်မှလူသည်တိုက်ပွဲမှရသည့်ဒဏ်ရာ ကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ မြင်း၏ခြေထောက်လေးချောင်းမှာ မြေပြင်မှာပဲရှိနေတယ်ဆိုလျှင် မြင်းပေါ်မှလူမှာ သဘာဝအတိုင်း (သို့) လုပ်ကြံခံရခြင်းကြောင့်ကွယ်လွန်သည်ဟု မှတ်ယူရပါမည်။

လျှပ်စစ်မီးပူကိုတည်ထွင်သူ

လျှပ်စစ်မီးပူကို စတင်တည်ထွင်သူမှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ ဟင်နရီဒဗလှူဆီးလီး ဖြစ်ပါသည်။

ဗဟုသုတအတိုအထွာများ

၁။ ပုစွန်ဆိတ်တစ်ကောင်၏ နှလုံးမှာ သူ၏ဦးခေါင်းထဲရှိသည်။

၂။ ကြွက်များသည် (၁၈)လအတွင်း အလွန်လျှင်မြန်စွာတိုးပွားလာကြသည်။ ကြွက်နှစ်ကောင်တွင် သားသမီး၊ မြေးမြစ်တွေဟာ
တစ်သန်းကျော်တောင်ရှိနေသည်။

၃။ အီတလီအာဏာရှင် ဘီနီတိုမူဆိုလိုနီ ရယူထားသောသည့် ဘွဲ့အမည်မှာ ( The Leader ) ဖြစ်ပါတယ်။

၎။ နေစွမ်းအားသည် ထွန်းညှိထားသည့် ဖယောင်းတိုင်အား 1,575,000,000,000,000,000,000 နှင့်တူညီပါသည်။

၅။ Google ဆိုတဲ့အင်တာနက်အင်ဂျင်ဟာ သုညအလုံးရေတစ်သန်းကို ကိုယ်စားပြုတဲ့ သာမန်အမည်တစ်ခုဖြစ်ပါတယ်။

၆။ တိုင်တန်းနစ် သင်္ဘောကိုတည်ဆောက်တုန်းက ကုန်ကျစရိတ်ဟာ ဒေါ်လာ ၇သန်းသာရှိပေမဲ့အဲဒီသင်္ဘော အကြောင်းရုပ်ရှင်ရိုက်တဲ့ အခါကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၂၀၀ ကုန်ကျတယ်လို့သိရပါတယ်။

၇။ လေဘာတီကျောက်ရုပ်၏ ကမ္ပည်းကျောက်စာချပ်သည် နှစ်ပေထူပါသည်။

၈။ လန်ဒန်မျှော်စင်သည် ရှေးခေတ်က အကျဉ်းသားများထားရှိသော နေရာဖြစ်ပြီး ယခုအခါပြတိုက်ဖြစ်နေခြင်းကြောင့် ထင်ရှားသော နေရာဖြစ်သည်။

၉။ ၁၉၃၀ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထဦးဆုံး ကမ္ဘာဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ဘောလုံးတွေဟာ တစ်ကယ်တော့ မျောက်ရဲ့ဦးခေါင်းခွံကို စက္ကူနဲ့သားရေတို့က ဖုံးအုပ်ရစ်ပတ်ချုပ်လုပ်ထားပေးတယ်လို့သိရပါတယ်။

၁၀။ ပျားရည်ကိုစတင်တွေ့ရှိပုံက အလွန်ထူးဆန်းပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေထဲမှာတွေ့ရှိပြီး ရှေးဟောင်း သုတေသနပညာရှင်တွေက မြည်းကြည့်ရာကနေ စားသောက်လို့ရတဲ့အရာမှန်း သိသွားခဲ့ကြခြင်းဖြစ်သည်။

၁၁။ အမေရိကန်နိုင်ငံက သမ္မတကြီးအေဗရာဟင်လင်ကွန်းဟာ (တီတွင်မှု ) မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်ခွင့်ပြုခဲ့သူဖြစ်သလို သဘောင်္တွေကို သောင်တွေပေါ်ကနေ မတင်ရာအသုံးပြုတဲံ့ ရေအားလျှပ်စစ်ကိရိယာကို တည်ထွင်ခဲ့ပါတယ်။
.
Added by ညီမင်းညို

Nov 19, 2010

၂၀၁၂ မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေတကယ်ဖြစ်မှာလား

“၂၀၁၂ မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေတကယ်ဖြစ်မှာလား”

( 2012 Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက်ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTubevideo တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ်
ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့
အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်ကတစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့်ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။
အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက်ထုတ်ခဲ့ပါတယ်)
ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေမဟုတ်ကြ ပါဘူး။



ဥပမာ
- Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ်
ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လိုဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်ကအရုပ်တွေကို ပြထားပါတယ်။ EasterIsland က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ်လောက်မှာ ရှိတာ၊ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်းအံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ
နိုင်တဲ့ တစ်ခုပါ။



ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့်သွားနိုင်ပါတယ်။ ဒါပေမယ့် NASA
နဲ့ Governments တွေကတော့အံ့အား သင့်မယ်မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကိုသိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက
ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့
ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာတစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့်ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။

Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာလူသားတွေ အပြင်းအထန်
ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ်
ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာစတင်ပြီး အဆုံးမှတ် (day13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း
စက်ဝန်းကြီး တစ်ပါတ်လည်ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကိုသတိပေးထားပါတယ်။
အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု
ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကိုအသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံးအသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာစိုးလို့ ဖြစ်ပါတယ်။
အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကိုလျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared AstronomicalSatellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ Object ကို Planet X (Nibiru) လို့အမည်ပေးခဲ့ပါတယ်။


၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီအချက်ကြောင့် Atlantis မြို့ကြီး နစ်မြုပ်ခဲ့သလို Noahရဲ့ လှေကြီး
တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။
ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိတာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့်သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ
ဖြစ်နိုင်ပါတယ်။ Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။
သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာမြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေအားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက်
နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။
ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ်လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။



ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ်ဖြစ်ပြီး အဲဒီဖြစ်ရပ်က
ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည်
နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှုရပ်သွားစေပါမယ်။
အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီးကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်းရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ်ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။
2014 July 1 ရက်နေ့ကစပြီး Nibiru ဟာကျနော် ကမ္ဘာ ပေါ်မှာဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည်ထွက်ခွါသွားပါလိမ့်မယ်။
အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများစောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.comမှာ အဲဒီ အကြောင်း poolလုပ်ထားတဲ့ result ကို
အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့်ဆိုတာလေး comment ရေးပေး
စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ကျေးဇူး တင်ပါတယ်ဗျာ။


Forward Mail က တဆင့်ကူးယူတင်ပြလိုက်ပါတယ်.

..

Nov 18, 2010

ကမ္ဘအကြီးဆုံးခေါင်းလောင်း ဘယ်ခေါင်းလောင်းလဲ

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း

1. ပထမ အကြီးဆုံး = (Tsar Kolokol)ဆာ-ကိုလိုကိုး (ရုရှား)၊
2. ဒုထမ အကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
3. တတိယ အကြီးဆုံး = မင်းကွန်းခေါင်းလောင်းတော်ကြီး ဖြစ်သည်။

* သို့သော် (Tsar Kolokol)ဆာ-ကိုလိုကိုး ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ . မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။



ရုရှား ကြေးသွန်းခေါင်းလောင်းကြီး



ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ (၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
* (မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။)


ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။


ဓမ္မစေတီ ခေါင်းလောင်းကြီး



ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတာနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်း သမိုင်း
ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးလော

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။
စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

မင်းကွန်း ခေါင်းလောင်းကြီး



မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး



ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင်သွင်းလုပ်၍ (၇၄) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။

တရုတ် ကြေးသွန်းခေါင်းလောင်းကြီး



တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀၀) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ၀၀၀) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။ ..

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!