Welcome to Dawna Thar.

Jul 2, 2013

လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက်ရှင် နေထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလားတူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေးတွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။ထို့အပြင် ရေများပါ တည်ရှိနေနိုင်ပြီး ထူးခြားချက် တစ်ခုအဖြစ် နေအဖွဲ့အစည်း သုံးခု၏ အလယ်တွင် တည်ရှိသောကြောင့် နေ့အခါများတွင်
နေသုံးစင်းအား တွေ့မြင်ရနိုင်မည့် ဂြိုလ်ဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောဆိုနေပါတယ်။ အဆိုပါ ဂြိုလ်များ၏ မြေထု သိပ်သည်းဆမှာ ကမ္ဘာဂြိုလ် အနီးရှိ နပ်ပဂျွန်းဂြိုလ်၏ မြေထု သိပ်သည်းဆများထက် ပိုမို ပွယောင်းကြောင်း၊ ဂြိုလ်၏ လှည့်ပတ်လမ်းကြောင်းမှာလည်း တည်ငြိမ်စွာဖြင့် ပုံမှန်လမ်းကြောင်း အတိုင်းသာ လည်ပတ်လျက်ရှိကြောင်း၊ အမြဲတမ်း လပြည့်ညများ မြင်တွေ့နိုင်မယ့် ဂြိုလ်ဖြစ်ကြောင်းတို့ကိုပါ သိရှိရပါတယ်။

Ref: www.businessinsider.com

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!