Welcome to Dawna Thar.

Jul 22, 2013

သက်တန့် ရောင်ခြယ် မိန်းကလေးများ စုစည်းထားသော Rainbow Girl Band

တောင်ကိုရီးယား နိုင်ငံက Rainbow Girl Bandက DSP Media က စင်တင်
ပေးခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ထဲ မှာတော့ Seungah, Jaekyung, Woori, Hyun-young, No Eul, Yoonhye,Jisook ဆိုတဲ့ မိန်းကလေး ခုနစ်ဦး ပါဝင်ပြီး သက်တန့်ရောင် အရောင် ခုနစ်မျိုးကို ကိုယ်စား ပြုတဲ့ Girl Band ဖြစ်ပါတယ်။
 


 Rainbow အဖွဲ့ခေါင်းဆောင်နဲ့ အဓိက အဆိုရှင် တာဝန်ကို ယူထားသူ
ကတော့ Kim Jae Kyung ပဲဖြစ်ပါတယ်။ ကိုယ်စားပြု အရောင်ကတော့ အနီ ရောင်ပါ။ သူမကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ မွေးဖွား ခဲ့ပြီး အရပ် အမြင့် ကတော့ ၁၆၈ စင်တီ မီတာ ရှိပါတယ်။ Jae Kyung ဟာ SS501 Boy Band ရဲ့ A Song Calling For You နဲ့ Love Like This သီချင်း သရုပ်ဖော် MTV တွေမှာ ပါဝင် သရုပ်ဆောင် ပေးထား ခဲ့ပါတယ်။ Monster အမည်ရှိ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင် ထားခဲ့ ပါတယ်။ Family ဇာတ်ကား မှာတော့ ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင် ထားပါတယ်။ JYP Entertainment မှာ trainee ပြုလုပ်ခဲ့သူလည်း ဖြစ်
ပါတယ်။

Koh Woori ဟာလည်း Rainbow ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။ Koh Woori ရဲ့ ကိုယ်စားပြု အရောင် ကတော့ လိမ္မော် ရောင်ပဲ ဖြစ်ပါတယ်။ သူမကို ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ မွေးဖွား ခဲ့သူမို့ အဖွဲ့ ထဲမှာ အသက် အကြီးဆုံး အဖွဲ့ဝင် တစ်ယောက်ပါ။ Korea National Sport University တက်ရောက် ခဲ့သူ ဖြစ်ပြီး Let's Go! Dream Team အစီ အစဉ် မှာလည်း ပါဝင် ခဲ့ပါတယ်။

နောက်ထပ် အဖွဲ့ဝင် တစ်ဦးနဲ့ မိတ်ဆက် ပေးရမယ် ဆိုရင်တော့ Cho Hyun-young ပဲ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ် သြဂုတ် ၁၁ ရက်မှာ မွေးဖွား ခဲ့သူ ဖြစ်ပြီး အဝါရောင်ကို ကိုယ်စား ပြုထားပါတယ်။ အဖွဲ့ထဲ မှာတော့ အသက် အငယ်ဆုံး ဖြစ်ပါတယ်။ အရပ် အမြင့်က ၁၆ဝ စင်တီမီတာ ရှိပြီးကိုယ် အလေးချိန် ကတော့ ၄၁ ကီလို ဂရမ် ရှိပါတယ်။ွ Rainbow အဖွဲ့ရဲ့ အဖွဲ့ခွဲ ဖြစ်တဲ့ Rainbow Pixie အဖွဲ့ဝင် တစ်ယောက်
လည်း ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အစိမ်းရောင်ကို ကိုယ်စား ပြုသူ ကတော့ Kim Ji Sook ဖြစ်ပြီး အဓိက အဆိုရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ Sweet Dream ပရိုမိုးရှင်း လုပ်နေတဲ့ ၂ဝ၁၁ ခုနှစ် ဇူလိုင် လမှာပဲ သူမရဲ့ မိခင်ဟာ ဆုံးပါး ခဲ့ပါတယ်။ Ji Sook ကို Girls' Generation Girl Band က Kim Tae Yong နဲ့ ရုပ်ရည် ဆင်တူ တယ်လို့ ပရိသတ် များက သတ်မှတ် ကြပါတယ်။ သူမဟာ Improvisation ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။

အပြာရောင်ကို ကိုယ်စားပြု ထားသူ နောက်ထပ် အဖွဲ့ဝင် တစ်ယောက် ကတော့ No Eul ပဲ ဖြစ်ပါတယ်။ သူမကို ၁၉၈၉ ခုနှစ် မေ ၁ဝ ရက်မှာ
မွေးဖွား ခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာ ပြသခဲ့တဲ့ Dr. Jin ဇာတ်ကား မှာလည်း ပါဝင် သရုပ်ဆောင် ထားပါတယ်။

သူမရဲ့ ငယ်သူငယ်ချင်း ကတော့ Girls' Generation Girl Band က Kim Tae Yong ပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အဆိုနဲ့ ရက်ပ် သီဆို ခြင်းကို တာဝန်ယူ ထားသူ ဖြစ်ပါတယ်။

Oh Seung Ah ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာ မွေးဖွား ခဲ့ပြီး အဖွဲ့ထဲ မှာတော့ မဲနယ်ရောင် ကိုယ်စား ပြုပါတယ်။ အရပ်အမြင့် ၁၆၈ စင်တီ မီတာ ရှိပြီး ကိုယ် အလေးချိန် ကတော့ ၄၅ ကီလို ဂရမ် ရှိပါတယ်။ SS501 Boy Band ရဲ့သီချင်း ဖြစ်တဲ့ ''A Song Calling For You'' MTV မှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ tvN ရဲ့ပွဲ ဖြစ်တဲ့ The Romantic and Idol မှာ JJ project အဖွဲ့ဝင် ဖြစ်တဲ့ အဆိုတော် JB နဲ့ စုံတွဲ အဖြစ် တွဲဖက် ပါဝင် ထားပါတယ်။ Rainbow အဖွဲ့ထဲ မှာတော့ အဓိက အဆိုရှင် တစ်ယောက် ဖြစ်ပါတယ်။ Rainbow အဖွဲ့ထဲမှာ ခရမ်းရောင်ကို ကိုယ်စား ပြုသူ ကတော့ Jung Yoon Hye ပဲ ဖြစ်ပါတယ်။ ၁၉၉ဝ ပြည့်နှစ် ဧပြီ ၁၄ ရက်မှာ မွေးဖွား ခဲ့သူ ဖြစ်ပြီး အဖွဲ့ရဲ့ အဓိက အဆိုရှင်နဲ့ ရက်ပ် သီဆိုသူ ဖြစ်ပါတယ်။ အရပ် အမြင့် ၁၆၆ စင်တီမီတာ ရှိပြီး ကိုယ် အလေးချိန် ကတော့ ၄၉ ကီလိုဂရမ် ရှိပါတယ်။ သူမရဲ့ ဝမ်းကွဲ အစ်ကို ဖြစ်သူ ကတော့ အဆိုတော် Roy Kim ပဲဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ Gossip Girl သီချင်းကို ပရိသတ် တွေနဲ့ ထိတွေ့ ပေးခဲ့ ပါတယ်။ ဂျပန် ဘာသာနဲ့ သီဆိုတဲ့ Over the Rainbow အမည်ရှိ Album ကို၂ဝ၁၂ ခုနှစ်မှာ ဖြန့်ချိ ထားပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ကိုရီးယား ဘာသာနဲ့ သီဆို ထားတဲ့ Rainbow Syndrome အမည်ရှိ Album ကို ဖြန့်ချိထားတယ်လို့ သိရပါတယ်။ Rainbow အဖွဲ့ဟာ တစ်ခဏလေး
အတွင်းမှာ အရှိန်အဟုန်မြင့်မားစွာ အောင်မြင် ကျော်ကြား သွားတဲ့ အဖွဲ့ တစ်ဖွဲ့တော့ မဟုတ်ပါဘူး။ အောင်မြင်မှု ထိပ်ဆုံး ရောက်ဖို့ မှန်မှန်လေး ကြိုးစားနေတဲ့ Rainbow ဟာ ရောင်စဉ်ခုနစ်သွယ်နဲ့အတူ တောင်ကိုရီးယား
ဂီတ လောကမှာ တလက်လက် တောက်ပ နေဦးမှာပဲ ဖြစ်ပါတယ်။

မြ၀တီ

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!