Welcome to Dawna Thar.

Mar 14, 2011

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်

ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab ဟိုတယ်
ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..

.



Burj al-Arab ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..
ဟိုတယ်ရဲ့ ဓာတ်လှေခါး
၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ) ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်. ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်.. ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။......

ဒါကတော့ဟိုတယ်ရဲ့ဓါတ်လှေကါးပုံ

ဟိုတယ်ထဲက တင်းနစ်ကစားကွင်ပုံ



....


ချစ်သူမြို့တော်မှရယူသည်..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!