Qingdao Haiwan Bridge
ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..
ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်... တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..
ချစ်သူမြို့တော်မှရယူခဲ့သည်
0 comments:
Post a Comment