Welcome to Dawna Thar.

Oct 23, 2011

ကမ္ဘာကျော်ပညာရှုင်ကြီးများ၏ အဆိုအမိန့် စကားပုံများ

ကမ္ဘာကျော်ပညာရှုင်ကြီးများ၏ အဆိုအမိန့်တွေထဲမှ သက်မီနှစ်သက်သော အဆိုအမိန့် စကားပုံများကို ပြောပြချင်ပါတယ်နော်...
သက်မီကြိုက်နှစ်သက်သလို စာဖတ်သူများလည်း နှစ်သက်မယ်လို့ ထင်ပါတယ်... သိပြီးသောသူများကလည်း ပြန်လည်မှတ်မိစေသလို မသိသေးသောသူများအတွက်လည်း ဗဟုသုတ တိုးပွားစေပါတယ်... ဒီပို့စ်လေးကိုဖတ်ပြီး အားလုံးအသိပညာ ဗဟုသုတများ တိုးပွားကြပါစေနော်.............

၁။ င့ါနှလုံးသားရဲ့တံခါးဝမှာ "၀င်လမ်းမရှိ" လို့ စာတမ်းချိတ်ထားခဲ့တယ်။

အချစ်က ရယ်ရယ်ပြုံးပြုံးနဲ့ ရောက်လာပြီး ကြေငြာလိုက်တယ်။
" ငါကတော့ နေရာတကာ ၀င်တာပဲ " တဲ့
( မချစ်ဘူး မချစ်ဘူး ဒီတသက် အိမ်ထောင်မပြုတော့ဘူး ချစ်သူမထားတော့ဘူးလို့ ဟစ်ကြွေးနေသော သူများအတွက်ပါ။ အချစ်ကနေရာတကာဝင်တာပဲတဲ့နော် သတိသာထားကြတော့ ဟိဟိ) 

၂။ ညမှောင်လေလေ၊ အာရုဏ်ဦးနှင့်ပိုနီးလေလေ။
( လောကကြီးထဲ စီးပွားရေး လူမှုရေး တခြားကိစ္စများကြောင့် အဆင်မပြေမှုများနဲ့ လုံးပန်းနေရသောသူများအတွက်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ စိတ်ညစ်နေရပါစေ အားမလျှော့ပါနဲ့ ... ဆိုးချင်သလောက် ဆိုးစမ်းပါစေ... အကောင်းအဆိုးဒွန်တွဲနေတာမို့ အဆိုးတွေကုန်သွားရင် အကောင်းတွေရောက်လာမှာပါ).



၃။ အသီးအသီးဆုံး အပင်သည်၊ ခဲနဲ့အပေါက်အခံရဆုံး ဖြစ်သည်။
( လူတယောက်အောင်မြင်လာရင် အဲဒီလူဟာအတင်းအဖျင်းပိုပြောခံရပါတယ်...... ဒီလိုတွေအပြောခံရရင် ပြောကြပါစေလို့ လွတ်ထားပေးလိုက်ြ့ပီး ကိုယ့်လုပ်သင့်တဲ့အလုပ်တွေကိုသာ ဆက်လုပ်ပါ။ သူတို့ဂရုတစိုက်ကြည့်ပြီး အတင်းပြောခံရလောက်အောင် ကိုယ်ကပေါ်ပြူလာ ဖြစ်နေပြီလို့ သတ်မှတ်လိုက်ပါ)

၎။ စားပါ၊ သောက်ပါ၊ ပျော်ရွှင်ပါ၊ မနက်ဖန် တို့သေသွားနိုင်သည်။
( ရခဲသော လူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ... ဒီနေ့ဟာ ကိုယ့်အတွက် နောက်ဆုံးနေ့ဟု သတ်မှတ်ပြိး လုပ်စရာရှိတာတွေကို လုပ်ပါ။ ဒါဆို အကောင်းဆုံးဘ၀ကို ပိုင်ဆိုင်ရ့ပါလိမ့်မယ်)

၅။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ချစ်သော အတိုင်းအတာအရ ခွင့်လွတ်တတ်ကြသည်။
( အရမ်းချစ်ရင် အရမ်းခွင့်လွတ်နားလည်ပေးတတ်ပြီး ၊ နဲနဲပဲ ချစ်ရင် နဲနဲပဲ ခွင့်လွတ်နားလည်ပေးတတ်ကြသည်။ အရမ်းချစ်သောသူများက လူတဦးတယောက်ကို ခွင့်လွတ်နားလည်ပေးမှုတွေ များလာရင် ကြာတော့အရမ်းချစ်တဲ့သူတွေကပဲ အရူးလုပ်ခံရလေ့ရှိသည်။ မကောင်းဘူး အဲဒါ ဟိ)

၆။ ပန်းတပွင့်တည်းနှင့် ပန်းကုံးမဖြစ်သေး။
( ဘယ်အရာမဆို တစ်ဦးတစ်ယောက်ကောင်းရုံဖြင့် အဖွဲ့အစည်းတစ်ခုမအောင်မြင်နိုင်ပါ။ အားလုံးတက်ညီလက်ညီ ၀ိုင်းဝန်းပြီး ကြိုးစားမှသာလျှင် ထိုအဖွဲအစည်းအောင်မြင်နိုင်ပါမည်)

၇။ လူ့စိတ်နှစ်လုံးသည် ဘယ်တော့မှအငြိမ်မနေပေ၊ တိုးတက်ရင်တိုးတက် ၊ မတိုးတက်ရင် ဆုတ်ယုတ်နေသည်။
( ကိုယ့်စိတ်နှလုံးတိုးတက်ကောင်းမွန်အောင် ကြိုးစားကြပါနော်)

၈။ သနားဂရုဏာသည် အမြင့်မြတ်ဆုံးသော လက်စားခြေခြင်းပင်။
( ကိုယ့်အပေါ် မကောင်းကြံသွားသူ ကိုယ့်အပေါ်လိမ်လည်သွားသူကို သူ့နည်းအတိုင်းလက်တုံ့ပြန်ရန်မလိုအပ်ပါ။ သူဟာကိုယ့်အတွက်နဲ့ စိတ်သောကရောက်ပြီး တွေးတောပူလောင်ကာ ကိုယ့်အပေါ် မကောင်းမှုတွေပြုလုပ်သွားတာကို သနားဂရုဏာထားပေးလိုက်ပါ။ ငါ့အတွက်နဲ့နင်တော်တော်စိတ်ပင်ပန်းခဲ့၇တာပဲလို့သာ ပြောပေးလိုက်ပါ။ သူ့အလိုလိုသူလုပ်ခဲ့တာတတွေကို သူပြန်ရှက်တတ်လာပါလိမ့်မည်)

စကားပုံတချို့ကို သက်မီသိသလောက် သက်မီတွေးမိသလောက် အဓိပါယ်ပြန်ထားခြင်းဖြစ်ပါသည်။ သဘောထားတွေးတောမှု ကွဲလွဲမှုများရှိပါက ကွန်းမန့်တွင်ဆွေးနွေးလို့ရပါတယ်နော်



သက်မီမီထိုက် စုစည်းတင်ပြသည်..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!