Welcome to Dawna Thar.

Nov 19, 2010

ကမ္ဘာကျော်အဆိုအမိန့်များ

၁။ အမှားထဲကသင်ခန်းစာ
ကိုယ့်အမှားကိုယ်သင်းခန်းစာယူတတ်ရင် တစ်သက်လုံးအကျိုးများတယ်။ နောင်အခါအဲဒီအမှားတွေက တန်ဖိုးရှိလာမှာမို့ပဲ။
ဝါရီမာရှယ်လ်

၂။ အတ္တ
ကိုယ့်အတ္တကို ကိုယ့်အဆင့်ကိုယ့်အနေအထားနဲ့သိပ်ကပ်မထားမိစေနဲ့။ ကိုယ့်အဆင့်၊ကိုယ့်အနေအထားကျသွားတဲ့အခါ ကိုယ့်အတ္တပါ အတူပါသွားတတ်တယ်။
ကောလင်းပါးဝဲလ် ၃။ ဒေါသစိတ်ဆိုတာ
ဒေါသစိတ်ဆိုတာ ကိုယ်တိုင်ကအဆိပ်သောက်ပြီး သူများသေတာကိုစောင့်နေတာနဲ့အတူတူပဲ။
မာလာခီ မက်ကုတ်

၎။ အချိန်သူခိုး
အချိန်အခါကောင်းတွေကိုအလစ်သုတ်ပြေးတတ်တဲ့ သူခိုးတစ်ယောက်ရှိတယ်။ ဒေါသတဲ့။
ဂျုံးအန် လန်းဒဲန်

၅။ အတ္တမှင်စာ
အတ္တဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်နှလုံးသားကြားခင်းထားတဲ့ တံတားအောက်ကအကျည်းတန်မှင်စာလေးပါ။
ဒဲန်းနစ်မီးလား

၆။ မိသားစုဆိုတာ
မိသားစုဆိုတာ မရှီမဖြစ်တဲ့ သွင်ပြင်လက္ခဏာပဲ။ ကိုယ်ကသာသူ့ကိုခွဲချင်ခွဲမယ်။ သူကကိုယ့်ကိုခွဲမသွားဘူး။
ဘီလ်ဘူးဖိုဒ်

၇။ လက်ခံတတ်ပါစေ
လက်ဆောင်တစ်ခုကိုနှစ်နှစ်ကာကာမွန်မွန်ရည်ရည်လက်ခံတတ်ရင်ကိုယ့်မှာပြန်ပေးစရာမရှီသည့်တိုင်အောင် ပြန်ပေးဖြစ်လိုက်တာနဲ့ အတူတူပဲ။
လေးဟန့်တ်

၈။ စိတ်ကောင်းစေတနာ
လောကမှစိတ်ရူးအမျိုး ၄၀ ရှိတယ်။ ဒါပေမယ့်စိတ်ကောင်း စေတနာကတော့ တစ်မျိုးတည်းပဲရှိတယ်။
အာဖရိကစကားပုံ

၉။ အရေြး့ကီးတာတွေ
အတိတ်ကို ရိုသေတတ်ဖို့ အရေးကြီး သလို အနာဂတ်ကိုအရာထားဖို့လည်း အရေးကြီးတာပဲ။
ဘရက်ဒ်ဟားဇော့

၁၀။ အပြောင်းအလဲဆိုတာ
အပြောင်းအလဲဆိုတာ တကယ်တော့ ဘဝအတွက် လိုအပ်ချက်မဟုတ်ဘူ။ အပြောင်းအလဲဆိုတာကိုကဘဝပဲ။
အယ်လ်ဗင်တော့ဖ်လာ ..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!