Welcome to Dawna Thar.

Nov 19, 2010

DKBA ခွဲထွက်နဲ့ KNU စစ်ဆင်ရေး ပူးပေါင်းလုပ်မည်




DKBA စခန်းကိုမြင်တွေ့ရပုံ

နိုဝင်ဘာလ ၁၈ ရက် ညနေ ၃ နာရီလောက် အချိန်မှာ DKBA ဗိုလ်မှူးကြီးကျော်သက်အဖွဲ့ နဲ့ KNU တပ်ဖွဲ့တွေဟာ ပူးပေါင်း စစ်ဆင်ရေးတွေလုပ်ကြဖို့အတွက် မြဝတီမြို့အနီးနယ်စပ် တနေရာမှာ ဆွေးနွေး ခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ DKBA ခေါင်းဆောင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ခေါင်းဆောင်တွေကတော့ KNU ဘက်က တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ DKBA ဘက်ကတော့ ကော့သူဝေါ စစ်ဗျူဟာ ၁ မှူး ဗိုလ်မှူးကြီး ကျော်သက်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အဓိက သဘောတူညီချက်ကတော့ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်မှာ ပူးပေါင်းစစ်ဆင်ရေးတွေ ပြုလုပ်ကြဖို့သဘောတူခဲ့ကြတယ်လို့ DKBA စစ်ဗျူဟာ ၁ ဒုတိယတန်း အရာရှိ ဗိုလ်မှူးသန်းအောင်က ဆိုပါတယ်။

စစ်ဆင်ရေးတွေကိုတော့ အောက်ခြေတပ်မှူးတွေကိုခေါ်ယူဆွေးနွေးပြီးတဲ့အခါ အချိန်တိုအတွင်း စတင်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ DKBA နဲ့ KNU ဟာ ပြန်လည်ပေါင်းစည်းဖို့ အခက်အခဲမရှိတော့ပေမယ့် အခုအချိန်မှာ KNU နဲ့ပြန်လည်ပေါင်းစည်းသွားဖို့ထက် စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

မြဝတီတိုက်ပွဲက ပြီးဆုံးသွားပြီလို့မဆိုနိုင်သေးတဲ့အကြောင်း၊ စစ်အစိုးရနဲ့ မိမိတို့ရဲ့ DKBA ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးတဲ့အခါ ငြိမ်းချမ်းရေးနဲ့ အစားထိုးနိုင်မယ်ဆိုရင် တိုက်ပွဲပြီးဆုံးပြီလို့ ပြောလို့ရတဲ့အကြောင်း ဗိုလ်မှူးသန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြိီး ၈ ရက်နေ့မှာ မြဝတီမြို့ကို DKBA ခွဲထွက်အဖွဲ့ က ဝင်တိုက်ခဲ့ပြီး ၉ ရက််နေ့မှာလည်း ဘုရားသုံးဆူမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်အစိုးရတပ်တွေက DKBA ဝေါ်လေစခန်းကို ဝင်သိမ်းခဲ့ရာက စပြီး DKBA ဟာ KNU တပ်တွေနဲ့ အနီးကပ် ဆက်ဆံလာကြတာ ဖြစ်ပါတယ်။..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!