Welcome to Dawna Thar.

Jul 21, 2012

ဒေါနတောင်တန်းရဲ့ မျက်ရည် (ဒေါနတောင်တန်းရဲ့ ငိုရှိုက်သံ)

စောလင်းနက်စ်

ဒီဆောင်းပါးသည် ”သဘာဝပတ်ဝန်းကျင်”နေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်ပါသည်။
”သဘာဝပတ်ဝန်းကျင်”ကိုထိန်းသိမ်းတတ်သောစေလိုသောဆန္ဒနဲ့ရေးလိုက်တာပါ။ ကျနော်စာရေး
မဟုတ်ပါ။

ဒေါနတောင် ပြာပြာတန်းက
ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ...
မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ.....

ဒေါနတောင်တန်းကြီးသည် ကရင်လူမျိုးများရဲ့ အသက်သွေးကြောကျေးဇူးသခင်ဆိုရလျှင်
မှားအံ့မည်မထင်၊ တနည်းအားဖြင့် ကရင်လူမျိုးတို့ မှီခိုအားထားရာ ဂုဏ်ယူဖွယ်ရာဝံ့ကြွား
စရာဒေသတစ်ခုလည်းဖြစ်သည်။


ကျနော်ငယ်စဉ်တောင်ကျေးကလေးဘ၀တုံးက နေထိုင်ရာရွာလေးမှ မှော်ကြည့်လိုက်ရင်မျက်
စိတဆုံးထီးထီးမားမား ရှည်လျှားသောတောင်စွယ်တောင်ဝှမ်းတွေနဲ့ မြင့်မောက်နေသော
ကရင်လို ”ခေါဟ်လံင်ဖါ့သိုံင့်” လို့ လူသိများတဲ့ ဒေါနတောင်တန်းကြီးကို အဝေးကနေမြင်
ရလေတိုင်း ကျနော့်ရင်ထဲမှာလွမ်းမောဖွယ်ရာခံစားရသလိုလိုနဲ့ မဖေါ်ပြနိုင်သောအရာ
ဝတ္ထုပေါင်းများဖြင့် အတွေးထဲမှာတ၀ဲဝဲလည်လည်ဖြစ်ခဲ့ရပေသည်။ စိမ်းလန်းသော သဘာဝ
သစ်ပင်အမျိုးအစားပေါင်းများစွာဖြင့် တည်ရှိသော ဒေါနတောင်တန်းကြီးကို လှမ်း မျှော်
ကြည့်ရင်း စိတ်ထဲမှာ ခံစားမိတာတစ်ခုကတော့ ဒေါနတောင်တန်းကြီးသည် ကျနော့်ကို
ခွန်အားတစ်ခုပေးသည့်နေရာ၊ မှီခိုအားထားရာနေရာ၊ ဂုဏ်ကျက်သရေဖြစ်စေတဲ့နေရာအဖြစ်
ထာဝစဉ်ရင်ထဲတွင် ကျန်ရစ်လို့နေပေသည်။

တကယ်တော့ ဒေါနတောင်တန်းကြီးသည် ထောင်၊ သောင်းမက မြောက်များစွာသော ကရင်
ပြည်သူများ နေထိုင်ကြီးပြင်းလာရာဒေသဖြစ်သလို တောင်ကြီးကိုအမှီသဟဲပြုပြီး အသက်
ရှင်နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီမကရှိခဲ့ပေပြီး။ သဘာဝသယံဇာတ(natural
resources) ဖြစ်ကြတဲ့ ပျင်းကဒိုး၊ ကျွန်း၊ သတ္ထုရိုင်းစသည်များစွာ တည်ရှိသော နေရာ
တစ်ခုလည်းဖြစ်သည်။ ထိုသဘာဝသယံဇာတများကိုထုတ်ယူပြီး သက်ရှိလူသား များဖြစ်ကြတဲ့ ကျနော်တို့တစ်တွေဟာအသက်ရှင်ကြီးပြင်းလာခဲ့ကြတာပဲ မဟုတ်လား။

ထိုထက်မက ဒေါနတောင်တန်းကြီးရဲ့ မြေလွတ်မြေရိုင်းများကို ရှင်းလင်းခုတ်ထွင်ပြီးတောင်ရာ၊
ကိုင်းစသည် စားသောက်လုပ်ကိုင်ကာ သဘာဝတောရိုင်းအသားစသည်များကိုပါဖမ်းယူပြီး
အဟာရတဖြစ်လည်း ရရှိနိုင်ခဲ့ကြသည်။ ဒါဆိုလျှင် ဒေါနတောင်တန်းကြီးသည် ကျနော်တို့
ကရင်ပြည်သူများ အသက်သခင်ကျေး ဇူးရှင် (benefit,gratitude) ပင်ဖြစ်သည်။
သက်မဲ့ဖြစ်သော ကျေးဇူးရှင်ဒေါနတောင် တန်းကြီးသည် ငါတို့တစ်တွေကို ဒါလုပ်သင့်
တယ်၊ ဒါတော့မလုပ်သင့်ဘူးစသည်အားဖြင့်ဘယ် တော့ပြောမည်မဟုတ်ပါ။ သို့သော် သက်ရှိ
ကျနော်တို့တစ်တွေဟာ awareness observation မပြောဘဲနဲ့ အလိုလိုသိရမည်၊သဘော
ပေါက်နားလည်ရမည်။ အခုတော့ ဒေါနတောင်တန်းကြီးကို ”အရိပ်ကိုခိုပြီး ဒေါနတောင်တန်း
ကြီးရဲ့အရိပ်ကိုပါချိုးပစ်ကြကုန် သည်” မိဘ၊ ဖိုးဖွားအဆက်ဆက်ကပင် အားကိုးမှီခိုပြုခဲ့
ဒေါနတောင်တန်းကြီးကို ကျေးဇူးကန်း ခဲ့မယ်ဆိုလျှင် တနေ့ကျရင် သူ့ရဲ့အပစ်ပေးဒဏ်ကို
ခံကြရပေမည်။

သဘာဝတွေနဲ့သာယာလှပတဲ့ ဒေါနတောင်တန်းကြီးကို အမှီပြုခဲ့တဲ့ ငါတို့တစ်တွေဟာသူ့ရဲ့
ကျေးဇူးကို မသိရုံတင်မက လက်နက်ခဲယန်း၊ ယန်းခိုးယန်းငွေ့တလူလူဖြင့် မီးလောင်တိုက်
သွင်းခဲ့ကြသေးသည်။ နောက်ပြီး သဘာဝပတ်ဝန်းကျင် environmentကိုလည်း မသိ
ကျေးကျွန်ကိုယ်ကျိုးအတွက် အလကားဖြုန်းပစ်ခဲ့သေးသည်၊ ဖျက်ဆီးပစ်သည်။ သဘာဝကျွန်း
ပင်များဆိုရင် အငုပ်ပါမကျန် တူးပြီးရောင်းစားခဲ့ကြသည်။

ထိုမြင်းကွင်း၊ သတင်းများမှာ ကျနော့်မျက်ဝါးထင်ထင်တွေ့ရသည်။ ဒီဆောင်ရွက်ချက်များသည်
အတ္တ ၀ိသမလောဘသားများဟု သိရှိနိုင်သည်။ အတ္တ ၀ိသမလောဘသားများသည် နောင်ရေး
ဆိုတာမရှိ လက်ရှိအခိုက်အတန့်ကောင်းစားရေးကိုသာ ကြည့်တတ်သည့်လူစားမျိုးဖြစ် သည်။
သူတစ်ပါးအကျိုးကိုလည်း နားမလည်။ ဒီအခြေအနေအတိုင်းသာဆက်သွားနေလျှင် ကျနော်တို့
ဝံ့ကြွားရာ ဂုဏ်ယူရာဒေါနတောင်တန်းကြီးသည် စိမ်းလန်းစိုပြေပြီး လှပသော သဘာဝအနေ
အထားမှသည် ခမ်းချောာက်ပူလောင်သော တောင်ကတုံးအဖြစ် မကြာမှီ တော့သောကာလ
တွင်ပင် ပြောင်းလဲသွားနိုင်သည်။ ဒီလိုဆိုရင် သဘာဝဘေးဒဏ်များ မလွဲမသွေရင်ဆိုင်ခံစား
ရမှာသေချာသည်။ ”ကျေးဇူးရှင်ကို ကျေးဇူးကန်းလျှင် ကျေးဇူးစွပ် ခြင်းကို ခံကြရမည်သာ
ဖြစ်သည်”။
ဒေါနတောင်တန်းကြီးသည် သက်ရှိစကားပြောတတ် ခဲ့မည်ဆိုလျှင် ငါတို့တစ်တွေကို ပြော
ဆိုကြိမ်းမောင်းမည်မှာသေချာသည် ”ငါ့ရိပ်ကိုလဲခို ငါ့ရဲ့အရိပ်ကိုလဲ နှင်းချေပစ်သေးတယ်”
သင်တို့ဟာ သစ္စာမရှိ၊ ကျေးဇူးကိုလည်း မသိတဲ့ သူတွေဖြစ်သည်။

ငါတို့ရဲ့ကျေးဇူးရှင် ဒေါနတောင်တန်းကြီးပိုင်ဆိုင်တဲ့ သဘာဝသယံဇာတများကို အကျိုးရှိစွာ
အသုံးပြုတတ်ဖို့ လိုလိမ့်မည်။ ဒေါနတောင်တန်းကြီးရဲ့ သဘာဝသယံဇာတများ (ဒေါန
တောင်ရဲ့ကုန်ကြမ်းများ)ကို စနစ်တကျ စီမံခန့်ခွဲအသုံးပြုကြမည်ဆိုလျှင် ကျွန်တော်တို့ မျိုး
ဆက်သစ် နောင်လာနောင်သားကရင်ပြည်သူအတွက် အကျိုးကျေးဇူးများပေလိမ့်မည်။

ခုတော့ Permit ခွင့်ပြုချက်တွေရတိုင်း ၀ိသမလောဘအတ္တသမားများကတော့ ရှေ့ရေး
နောင်ရေး၊ အများပြည်သူးအရေးကို မသိကျိုးကျွန်ပြုပြီး အငုတ်ပါမကျန် တူးဖော်ခုတ်လှဲပြီး
ရောင်းစားတာကို အင်မတန်နမော်နမဲ့ကြလွန်းမည်ထင်သည်။ နောက်ပြီး ဒေါနတောင်တန်း
တွေရဲ့သဘာဝအလှအပများကိုလည်း ဖျက်ဆီးပစ်ရာနဲ့အတူတူပင်ဖြစ်သည်။

သို့ဆိုလျှင် မြောက်များစွာသော ကရင်အမျိုးသားများ မှီတင်းနေထိုင်ကြသော ဒေါနတောင်
တန်းကြီးရဲ့မေတ္တာတရား ကြင်နာတတ်သောနှလုံးသားသည် ငါတို့ရဲ့မိဘများနဲ့မခြား အလား
သဏ္ဍာန်တူပေသည်။ သက်ရှိ သက်မဲ့သာ ကွာခြားပါသည်။ မိဘများသည် သားသမီးများ
မလိမ္မာသောအခါအသုံးမကျသောအခါ ဝမ်းနည်းပူဆွေးတသွင်သွင် မျက်ရည်များစီးဆင်းလာ
သကဲ့သို့ အလားတူစွာ မိဘမေတ္တာနဲ့တူသော ဒေါနတောင်တန်းကြီးသည်လည်း အသုံးမကျတဲ့
ငါတို့တတွေကို ကြည့်ပြီး ပူဆွေးဝမ်းနည်း ငိုရှိုက်နေမှာအမှန်ပင်ဖြစ်သည်။ ဒေါနတောင်တန်း
ကြီးရဲ့ ပိုင်ဆိုင်သော သဘာဝအလှအပ သယံဇာတများကို ပရမ်းပတာအသုံးပြုနေကျ
ဦးမည်ဆိုလျှင် ဒေါနတောင်တန်းကြီးရဲ့မျက်ရည် ဒေါနတောင်တန်းကြီးရဲ့ငိုရှိုက်သံများ
တသွင်သွင်စီးဆင်းနေဦးမှာ ဖြစ်သည်။

ဒေါနတောင်တန်းကြီးရဲ့မျက်ရည် ငိုရှိုက်သံများ ခမ်းချောာက်ရပ်တန့်ဖို့ဆိုသည်မှာ တောင်
တန်းကြီးကို အမှီသဟဲပြုသော ကျွန်တော်တို့ကရင်ပြည်သူများ(သက်ရှိလူသားများ)အပေါ်တွင်
လုံးလုံးလျားလျား မှီတည်နေသည်။ ဒါကြောင့် ကရင်ပြည်သူများအားလုံးကျေးဇူးသခင်
ဒေါနတောင်တန်းကြီးရဲ့ မျက်ရည် ငိုရှိုက်သံများကို မြင်နိုင် …သိနိုင်…ကြားနိုင်ကြပါစေ….

ဒေါနတောင် ပြာပြာတန်းက
ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ၊

မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ.....

သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတများရဲ့တန်ဖိုးကို နားလည်စေလိုသောစေတနာဖြင့်..... 
စောလင်းနက်စ်ထံမှ ပြန်လည်ဝေမျှသည်

0 comments:

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!