Welcome to Dawna Thar.

May 29, 2013

Viber သုံးပြီး free call ခေါ်မည်

 
Viber ချစ်သူများအတွက် Viber ရဲ့ ချစ်စရာကောင်းတဲ့ တခြား App လေးများထက် အားသာတဲ့ အချက်လေးတွေကို သိပြီးသားဖြစ်ပါလိမ့်မယ်။ တော်ရုံကွန်နက်ရှင် ရှိနေယုံနဲ့တင် Phone Call & SMS တွေကို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည် ကွန်နက်ရှင်နဲ့ကတော့ ဟလို ဟလို ဟလို နဲ့တင် ရှေ့ဆက်စကားပြော မရတာကိုတော့ သတိပြုစေလိုပါတယ် :P အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးနဲ့ ဂျပန်နိုင်ငံက နည်းပညာ အကူညီတွေ ပေးတော့မယ် စတဲ့ သတင်းကောင်းတွေ ဘယ်ပျောက်သွားလဲဆိုတာ လက်ရှိ ကွန်နက်ရှင် အသုံးပြုနေကျသူတွေ အသိပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ရတဲ့အခွင့်ရေးကို အသုံးချရမှာ Viber ချစ်သူတို့ရဲ့ တာဝန်ပဲလေ :) နဲနဲရလဲ နဲနဲအသုံးချတာပေါ့။ Viber နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နဲနဲပြောမယ်။

၁။ Viber ဟာ တခြား App များထက် Viber အသုံးပြုသူများကို Free Phone Call ခြင်း ၊ SMS Message များ ပို့လွှတ်ခြင်း နဲ့ Sound Quality သာလွန်ကောင်းမွန်ခြင်းများကြောင့် Viber ချစ်သူ အရေအတွက် ပိုမိုများလာနေပါတယ်။

၂။ Viber ကို သင် နှင့် သင့်ရဲ့ သူငယ်ချင်း Phone ထဲမှာ တစ်ကြိမ် Install လုပ်ထားယုံနဲ့ သင်တို့ ဆန္ဒရှိသလောက် Phone Call ခြင်း နဲ့ SMS Message ပို့လွှတ်ခြင်းများကို Free အသုံးပြုနိုင်ပါတယ်။

၃။ Viber ကို Iphone , I Pad , Android , BlackBerry စတဲ့ Phone & Tablet များမှာ အသုံးပြုနိုင်ပါတယ်။

၎။ Viber ကို Register လုပ်စရာမလိုပါဘူး။ ( Key ထည့်စရာမလိုပါ ) ။  သင် နှင့် သင့်မိတ်ဆွေများမှ ဖုံးနံပါတ် အချင်း ချိတ်ဆက်လိုက်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်ခြင်း။ သို့သော် Viber အသုံးပြုတော့မယ်ဆိုရင်တော့ သင်ဟာ ဖုံးပိုင်ရှင် ဟုတ် မဟုတ် Viber မှ Access Code တောင်းပါလိမ့်မယ်။ Viber မှ ပေးပို့သော Access Code ကိုတော့ ထည့်ပေးဖို့ လိုအပ်ပါတယ်။

၅။ Viber က သင့်ရဲ့ Phone Address Book ထဲမှာ ရှိသော Viber အသုံးပြုနေတဲ့ သင့်ရဲ့ သူငယ်ချင်းများကို အလိုလျှောက် Contact လုပ်ပေးပါလိမ့်မယ်။ Phone Address Book မှာ မရှိသေးတဲ့ သူငယ်ချင်းများကိုလဲ ဖုံးနံပါတ်ရိုက်ထည့်ပြီးတော့လဲ Contact လုပ်လဲ ရပါတယ်။

၆။ Viber ကို 3G Internet Connection နဲ့ တခြားသော Via Wifi များနဲ့လဲ အသုံးပြုနိုင်ပါတယ်။

၇။ Viber နဲ့ မည်သည့်နိုင်ငံမဆို Free Phone Call နဲ့ SMS Message ပို့လွှတ်ခြင်းများကို အသုံးနိုင်ပါတယ်။

ဒီလောက်ဆိုရင် Viber ချစ်သူများ Viber ရဲ့အားသာချက်လေးတွေကို သိရပြီမို့ Phone ထဲကို Viber ထည့်ပြီး ကိုယ့်ချစ်ချစ် နဲ့ အလွမ်းပြေ လို့ ရပါပြီ။ အချစ်တွေ လွှတ်ခြုံထားရင် ကမ္ဘာငြိမ်းချမ်းမှာပါ :P


Download Here

Ref: www.sarchitthu.com

0 comments:

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!