Welcome to Dawna Thar.

Nov 23, 2010

မိဘဂုဏ်ရည်

မိဘရှိခိုးလင်္ကာ(၁) အမေ့ဂုဏ်ရည်
မာတာပိတုဂုဏော အနန္တောဟု အံသြစဖွယ် ဂုဏ်သွယ်ဖြာသား မာတာပိတ မိနှင့်ဘ၏ ပြုကြဖုံဖုံ ကျေးဇူးဂုဏ်ကို စေ့စုံအောင့်မေ့ ဆုံးမတွေ့တည်း၊ နေ့ညရှည်စွာ ဖယ်လကြာအောင် လွယ်ကာခဲ့ယဉ်း စောက်ရှောက်လျဉ်း၍ သားရင်းမျက်နှာ မြင်ခဲ့ပါလျင် ဒေ၀ါသကြား ဆက်သထားသို့ စိတ်အားနှစ်ခြိုက် ပီတိခိုက်၍ လွယ်ပိုက်ရင်ခွင် အသက်သွင်းသို့ ချော့ငင်ဆိုတေး နို့ချိုကျွေးလျှက် ညစ်ကျေးမစင် လျော်သုဓ်သင်၍ ဖြုတ်ခြင်မှတ်ဆိုး သန်းကြပိုးနှင့် လေဆိုးမကြိမ် နေမရှိန်အောင် အချိန်မလွတ် လွန်စောင်ကြပ်၍ စာဖတ်စာရေး အထွေထွေဖြင့် မွေးမေမိရင်း အသင့်သွင်း၍ ဘေးကင်းရန်ပ ကျန်းမာကြ၏`။
ဤပထမပိုဒ်ဖြင့် မိဘနှစ်ပါးတို့တွင် မိခင်ဖြစ်သူ၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်ကြင်နာယုယပုံ အမေ့ကျေးဇူးဂုဏ်ရည်တို့ကို ဖော်ပြသည်၊ မိခင်ဟူသည် သားမသီးတို့ပဋ္ဋိသန္တေနေသည့် ကာလလရေကြည်တည်သည့် အချိန်အခါမှစတင်းကာ အသက်ပေး၍ စောင့်ရှောက်ပုံကို ဖွဲဆိုပြသည်။
မိဘရှိခိုးလင်္ကာ(၂) အဖေ့ဂုဏ်ရည်
မွေးဖသည်ကား သမီးသားတို့ ကြီးပွားစေရန် ချစ်စိတ်သန်၍ ဘေးရန်ထူပြော မြစ်ရေကြောနှင့် တောတောင်မရှောင် ညည့်မှောင်မကွင်း ခလုတ်ကျင်းနှင့် မိုးပြင်လေကြမ်း သည်းခံစွမ်းလျက် ဘေးဘျမ်းလက်နက် အသက်အန္တရယ် အသွယ်သွယ်ကို တကယ်မရူး ဥစ္စာစုလျှက် သားနုသေးငယ် သမီးမယ်တို့ ကိုယ်ဝေဘေးရှင်း ရွယ်ကြီးမြင့်သော် စိုးမင်းရာဇာ ရှိန်ဝါမသေး သူဌေးသူကြွယ် ဖြစ်ဖို့ရွယ်လျက် ကြီးငယ်လုံးလ ဥဿာဟဖြင့် မွေးဖပီတာ ပြုနိုင်ပါ၍ ဓီတာပုတ္တ ရှိသမျှ၌ မိဖမေတ္တာ လွန်းကြီးပါ၏`။
ဤဒုတိယပိုဒ်ဖြင့် ဖခင်ဖြစ်သူက သားသမီးတို့ကို စောင့်ရှောင့်လုပ်ကျွေးပုံ အဖေ့ကျေးဇူးဂုဏ်းရည်တို့ကို ပြဆိုသည်၊ ဖခင်သည် သားသမီးတို့အတွက် စီးပွားဥစ္စာရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ ရှာဖွေစုဆောင်းပြီး လုပ်ကျွေးပုံကို ဖေါ်ညွန်းပြသည်။ဤနှစ်ပိုဒ်တို့ဖြင့် မိဘနှစ်ပါးတို့က သားသမီးတို့ အပေါ်မှာထားသော မေတ္တာတရားကြီး မားပုံကို သီးကုံးပြသည်။
မိဘရှိခိုးလင်္ကာ(၃) ရှေ့ဦးဆရာဖြစ်သော မိဘ
ရံခါသော်ကား ရင်သွေးများ၌ နားဖျားရှိလျင် မိဘခင်တို့ ဆောလျင်မသွေ ချမ်းသာစေဟု အိပ်နေမရှိ အရိပ်ကြည့်၍ မေးတည့်ခေါ်ငင် သနားအင်သည် ရေယာဉ်ဖြစ်ကြီး လှိမ့်၍စီးသို့ ကြီးဂရုဏာ လွန်ကဲစွာ၏ သည်းခြားရင်သွေား မတ်ရပ်ပြေး၍ ခေါ်မေးနိုင်ဘိ အရွယ်ရှိသော် သိခွင့်သိရာ မျိုးဘာသာနှင့် ဆွေညာသားချင်း မှားမယွင်းအောင် နားသွင်းနေ့စဉ် ခေါ်ပုံသလျက် ရပ်ခွင်ရှေ့နောက် အထက်အောက်နှင့် တောင်မြောင်ဘယ်ညာ အရာရာကို စစွာပကတူး သင်ပေးဖူး၍ လက်ဦးဆရာ မည်ထိုက်စွာတည်း ပုဗ္ဗာစရိယ မိနှင့်ဖဟု ဗုဒ္ဓစိန္တေ ဟောမိန့်ချွေ၏။
ဤတတိယပိုဒ်ဖြင့် သားသမီးတို့အပေါ် ထားရှိသော မိဘနှစ်တို့၏သနားဂရုဏား လွန်စွားကြီးပုံကို ပြသည်။ ထိုအပြင် မိဘနှစ်ပါးတို့က သားငယ်သမီးငယ်တို့၏ ပထမဆုံး ရှေ့ဦးစွာသော ဆရာသမားများ ဖြစ်ကြပုံကိုလည်း ဖွဲ့သီပြသည်။
မိဘရှိခိုးလင်္ကာ(၄) ဗြဟ္မာကြီးနှင့်တူသော
ရုပ်ရည်တင့်တယ် သင့်အရွယ်၌ တတ်ဘွယ်ပညာ အရာရာကို လိမ္မာစေမှု တတ်အောင်ပြု၍ လူစုပွဲဘောင် တင်တည်အောင်ဟု ထိန်ပြောင်ဆန်းစွာ ၀တ်တန်းဆာကို လိုရာမနှေး ဆင်ဝတ်ပေး၍ ရင်သွေးမောင်မိ တင့်တယ်ဘိဟု ရူးကြည့်မှန်းကာ စိတ်ချမ်းသာ၍ မုဒိတာစစ် မကွာဖြစ်၍ သားချစ်သမီး ပြည့်စုံပြီး၍ သီးခြားအိပ်ရာ နေနိုင်ပါသော် ဥပေက္ခာမူ လျစ်လျူရူး၏၊ လေးခုဗြဟ္မာစိုရ် ပွာပြုထိုကြောင့် ခေါ်ဆိုတသီး ဗြဟ္မာကြီးဟု မြွတ်ချီသညာ ဆိုထိုက်ပါ၏`။
``ဤစတုတ္ထပိုဒ်ဖြင့် သားသမီးတို့ကြီးပွားအောင်မြင်မူးကို အကြောင်းပြု၍ မိဘနှစ်ပါးတို့၏ ၀မ်းမြောက်မှူ မုဒိတာဖြစ်ပုံကိုလည်းကောင်း၊ သားသမီးတို့အိမ်ထောင်ကျ၍ ပြည့်စုံမူရှိလျင် မိဘတို့၏ လျစ်လျူရူးမူး ဥပေက္ခာဖြစ်ပုံကိုလည်းကောင်း ပြဆိုသည်၊ ထိုမှတစ်ဖြာ အထက်အပိုဒ်တို့၌ ပြဆိုသည့်အတိုင်း မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာဟုဆိုအပ်သော ဗြဟ္မာစိုးတရားလေးပါးတို့ကို ပွားများကြသဖြင့် မိဘတို့သည် သားသမီးတို့၏ ဗြဟ္မာကြီးတွေဖြစ်ကြပုံကိုလည်း ဖေါ်ညွန်ပြသည်။
မိဘခြေဖ၀ါး ဦးတင်ပုံ မိဘရှိခိုးလင်္ကာ(၅)
များစွာရှိငြား သမီးသားတို့ ညွတ်တွားကော်ရော် ပူဇော်သမျှ လှူဒါနကို မုချတိုက်ရိုက် ခံယူထိုက်၏၊ သမိုက်ဆန်စွာ ရဟန္တာနှင့် သညာတူမှူ အမည်ပြု၍ အာဟုနေယျ မှန်ပေလှဟု ဗုဒ္ဓမြတ်စွာ ဟောဖေါ်ကြားသည် ကြီးမားဂုဏ်အင် မွေးမိခင်နှင့် ဖခင်တို့အား ရိုညွတ်တွား၍ စိတ်ထားထင်မြင် ဖ၀ါးပြင်ကို ဦးတင်မာန်လျော့ ကန်တော့မြတ်နိုး ရှိခိုးပါ၏`။
ဤပဉ္စမပိုဒ်ဖြင့် ရဟန္တာအရှင်မြတ်တို့သည် အာဟုနေယျ အမည်ရသကဲ့သို့ မိဘတို့သည်လည်း သားသမီးတို့၏ ပူဇော်မူးကို ခံယူထိုက်သဖြင့် အာဟုနေယျမည်ရပုံကို ပြဆိုသည်။ ထိုပြင် ဆိုခဲ့ပြီးသည်အတိုင်း မိဘတို့၏ဂုဏ်ကျေးဇူးကြီးမာပုံတွေ ရှေ့ဦးဆရာဖြစ်ပုံတွေ ရဟန္တာသဘွယ် အာဟုနေယျ မည်ထိုက်ပုံတွေကို တစ်စိမ့်စိမ့်တွေးလျှက် စိတ်ဝယ်ထင်ထင် ဆင်ခြင်ပြီးလျင် မာမာနတို့ကို လျော့ချပြီး မိမိတို့ဦးခေါင်းဖြင့် မိဘတို့၏ ခြေဖ၀ါးတို့ကို မြတ်နိုးစွာ ရှိခိုးကန်တော့ပါ၏ ဟူ၍လည်း ပြဆိုပေသည်။
အထက်ပါ မိဘရှိခိုးလင်္ကာ၌ ‘‘ကြီးမားဂုဏ်အင် မွေးမိခင်နှင့် ဘခင်တို့အား ရိုညွတ်တွား၍ စိတ်ထားထင်မြင် ဖ၀ါးပြင်ကို ဦးတင်မာလျော့ ကန်တော့မြတ်နိုး ရှိခိုးပါ၏’ ဟူသောစာသားအရ သားသမီးတို့သည် မိဘတို့၏ခြေဖ၀ါးတို့ကို ရှိခိုးကြရသည်၊ တစ်အိမ်တည်းမှာ အတူတူနေရာ၌ ရှိခိုးနိုင်သော်လည်း အိမ်ခွဲနေသော်လည်းကောင်း အရပ်ဝေးမှာနေ သော်လည်းကောင်း အဘယ်သို့ရှိခိုးမည်နည်း။
မှတ်ချက် ဆက်လက်ဖေါ်ပြရန်ရှိသေးသည်၊ စောင့်မျော်လျက်ဖတ်ပါ ..

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!