Welcome to Dawna Thar.

Jul 20, 2011

I'm sorry!

၁၇-ရာစု အင်္ဂလန်နိုင်ငံ လေးမြားပစ်ပြိုင်ပွဲတွင် ဖြစ်သည်။ ပထမဦးဆုံး အပျံစားကုတ်အကျီင်္ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက် ထွက်လာပြီး ပစ်သည်။မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော ပန်းသီးကိုမှန်သည်။ ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I'm Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။ သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ထိုသူသည် ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။

"I'm Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို မလိုက်ပြီး ချွန်ထက်သည့်စို့ချောင်းဖြင့်ပစ်သည်။ စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။ ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ တိတ်ဆိတ်နေသည်။ ထိုဗလကြီးကပြောသည်။

"I'm SORRY"

0 comments:

k

}

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!