Welcome to Dawna Thar.

Aug 7, 2011

မိမိ ကွန်ပျူတာမှာ CD/ DVD Drive ပျောက်ရင် ဘယ်လိုပြန်ဖော်မလဲ

မိမိကွန်ပျူတာမှာ တစ်ခါတစ်လေ အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drive ပျောက်သွားမယ်ဆိုရင် ဘယ်လိုပြန်ဖော်မလဲဆိုတာ ကျနော် ကြုံတွေ့ရလို့ ပြန်လည်မျှဝေတာပါ။ ဒါက vista window သုံးသူများအတွက် ပါ။ တကယ်လို့ ဒီလိုဖြစ်ခဲ့ရင် ဖြေရှင်းတဲ့နည်းလေးပါ။

နည်းလမ်း(၁)

System restore ပြန်လုပ်တဲ့နည်း။ ထုံးစံအတိုင်း search box မှာပဲဖြစ်ဖြစ်၊ all program> accessories> system tool> system restore ကိုပဲဖြစ်ဖြစ် ဖွင့်ပြီး system restore လုပ်ပါ။



နည်းလမ်း(၂)

My computer မှ right click> manage> box တစ်ခု ပေါ်လာရင် Device manager ကို click နှိပ်ပါ။ နောက် CD/ DVD Drive အောက်က CD/DVD Device ကို right click> uninstall လုပ်ပါ၊ တကယ်လို့ enable +Disable အကွက်မှာ enable ဖြစ်နေရင် Disable ပေးပြီး ကွန်ပျူတာကို restart လုပ်ပါ။

နည်းလမ်း(၃)

အပေါ်က (၂) နည်းနဲ့ အဆင်မပြေရင် registry editor မှာ ဖိုင်ကို ၀င်ဖျက်တဲ့နည်းပါ။ ဒီနည်းကတော့ registry မှာ ၀င်ဖျက်မှာ ဖြစ်တဲ့အတွက် သတိထားရပါမယ်။ ဒီအဆင့်မ၀င်ကို file backup လုပ်ထားပါ။ကျနော့် laptop မှာတော့အပေါ်က နည်းလမ်းများနဲ့ မရဘဲ ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်။ win+R> run> regedit> Hkey local machine> system>current control set>control> class >{4D36E965-E325-11CE-BFC1-08002BE10318}
ဒီဟာလေးကို တွေ့အောင်ရှာပါ။
ပြီးရင် select လုပ်ပါ။ နောက် ဘေးဘောက်စ် ထဲမှာ lower fliters နဲ့ upper filters ဆိုတာ တွေ့ရင် lower filters ကို right click နှိပ်ပြီးတော့ Delete လိုက်ပါ။ restart လုပ်ပါ။ CD/ DVD Device ပြန်ပေါ်လာလိမ့်မယ်။ ကျနော်က ကျွမ်းကျင်သူ မဟုတ်တော့ ကျနော် သိတဲ့နည်းလမ်းနဲ့ ပြန်လည်မျှဝေတာပါ။ အဆင်ပြေပါစေ။

Credit : မောင်ပညာ

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!