Welcome to Dawna Thar.

Aug 28, 2011

လေလိုပဲမမြင်ရတဲ့ ကွန်ပျူတာတွေခေတ် ရောက်တော့မလား

ကွန်ပျူတာတွေဟာ ယခင်တုန်းကတော့ အခန်းကြီးတွေအပြည့်ဖြစ်ပါတယ်။ နောက်တော့ ဒီလိုအများအပြည့်နေရာယူနေတာကနေ အရွယ်သေးငယ်လာပြီး   ကျွန်တော်တို့ အလုပ်စားပွဲပေါ် ရောက်လာကြပါတယ်။
ဒီထက်ပိုကြာတော့ ကျွန်တ်ာတို့ အိတ်ထဲကိုတောင် ထည့်ယူသွားလို့ရတဲ့အထိ သေးငယ်လာကြတယ်။ အိတ်ဆောင်ပစ္စည်းလေးတွေ ဖြစ်လာပါတယ်။ မကြာတော့တဲ့ကာလတွေမှာတော့ ဒီလိုအိတ်ဆောင်အရွယ် ကွန်ပျူတာလေးတွေဟာ ကျွန်တော်တို့မျက်လုံးနဲ့တောင် မမြင်နိုင်တော့ဘဲ နေ့စဉ်သုံးပစ္စည်းတွေထဲမှာ ပုန်းအောင်းရောက်ရှိသွားပါတော့မယ်။ နည်းပညာရှေ့ဆောင် ဆီလီကွန်တောင်ကြားဟာ ပြီးခဲ့တဲ့အပတ်ကပဲ ကွန်ပျူတာတက္ကနိုလိုဂျီက လာမယ့်ဆယ်စုနှစ်အတွင်း ကမ္ဘာလောကကို ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ သဲလွန်စပေးတဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ HP (Hewlett-Packard) ကုမ္ပဏီမှပညာရှင်များက သူတို့ဟာ ဆီလီကွန်တောင်ကြားမှာ ရာစုနှစ်ဝက်လောက်နီးပါးလောက် သုံးလာခဲ့တဲ့ Transistor တွေကို အစားထိုးမယ့်ဒဏ္ဍာရီထဲက လီလီပွတ်လူပုလေးတွေလို အလွန်တရာသေးငယ်လှတဲ့ ခလုတ်တစ်ခုကို ဖန်တီးလိုက်လို့ပါ။ ဆိုလိုတာကတော့ အဲ့ဒီခလုတ်ငယ်လေးရဲ့ မိုက်ကရိုချစ်ပ် တစ်ခုစီ ပေါ်မှာသိုလှောင်နိုင်တဲ့ နံပါတ် “၁” နဲ့ “၀” တို့ရဲ့အရေအတွက်တွေဟာ အရှိန်ထပ်မြှင့်တိုးပွားသွားမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ယင်းတီထွင်လိုက်တဲ့ Chip မျိုးဆက်သစ်တိုင်းဟာ အီလက်ထရွန်နစ်ဒီဇိုင်နာတွေကို ကြိုက်သလောက်ဆေးခြယ်ဖို့ (ဖြည့်စွက်တီထွင်ဖို့) ကင်းဗတ်စတစ်ခု ပေးလိုက်တဲ့သဘောပါပဲ။


ဒါဟာ နည်းပညာနယ်ပယ်မှာတော့ Moore's Law လို့ခေါ်တဲ့ ဥပဒေသကို အားဖြည့်ခြင်းပါပဲ။ ဒီဥပဒေကို ၁၉၆၀ နှစ်များစွာ Douglas Engelbart နဲ့ Gordon Moore ဆိုသူပညာရှင်တို့က ဖော်ထုတ်ခဲ့တာဖြစ်ပြီး ၎င်းတို့ဟာ ဥပဒေအရ ကုန်ကျစရိတ်လျှင်မြန်စွာကျဆင်းလာလေ ကွန်ပျူတာတွေရဲ့စွမ်းအားဟာ ပိုအားကောင်းလေလို့ မှတ်ယူထားတာပါ။ ဒါဟာတကယ်တော့ Computing နည်းပညာရဲ့ သမိုင်းလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၅ နှစ်ကဆို (လက်ရှိ Apple ကုမ္ပဏီအကြီး အကဲ) စတိဗ်ဂျော့ဟာ တကိုယ်ရေသုံးကွန်ပျူတာတွေ တည်ဆောက်နိုင်ဖို့ Microprocessor Chip တွေကို ဆက်စပ်သုံးစွဲခဲ့ပါတယ်။ ဒီအိုင်ဒီယာကလည်း ၁၉၇၀ နှစ်များအစောပိုင်းက Xerox ကုမ္ပဏီရဲ့ ပါလိုအယ်လ်တို သုတေသနစင်တာမှ ပညာရှင် Alan Kay နဲ့ သုတေသီအဖွဲ့တစ်ဖွဲ့က နှစ်ပေါင်းများစွာ တီထွင်လာခဲ့တဲ့ အိုင်ဒီယာတစ်ခုပါ။ အဲ့ဒီအချိန်တုန်းကတော့ Nano နည်းပညာခေတ်မဟုတ်တာမို့ လူတစ်ကိုယ်၊ ကွန်ပျူတာ တစ်လုံးသုံးနိုင်ဖို့ဆိုတာ ဘယ်လိုမှတွေးကြည့်လိုတောင်မရတဲ့ စိတ်ကူးဆန်းတစ်ခုဖြစ်နေခဲ့တာကိုး။ (ထိုစဉ်က ကွန်ပျူတာများမှာ အလွန်ကြီးမား၍ အိမ်ခန်းတစ်ခန်းစာရှိခဲ့သည်။) ဒီလိုနဲ့ ၁၉၈၀ နှစ်များတော့ Xerox က သိပ္ပံပညာရှင်တွေဟာ အဲ့ဒီထက်ပိုကောင်းမွန်တဲ့ အိုင်ဒီယာတစ်ခုဖြစ်တဲ့ PC ကွန်ပျူတာတွေ ထုတ်လုပ်ရေးကို အဆိုပြုလာခဲ့ပါတယ်။ ဒီ PC တွေကတော့ သူ့ရှေ့က မျိုးဆက်ဟောင်း Mainframe ကွန်ပျူတာတွေလိုပါပဲ။ ခေတ်ကုန်သွားခဲ့တယ်။ ဒီလိုနဲ့ ကွန်ပျူတာတွေဟာ တစ်ဆင့်ပြီး တစ်ဆင့်သေးငယ်လိုက်လာတာဟာ ယခုတော့ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘ၀ကို ဖန်တီးနေတဲ့ ပစ္စည်းတွေအားလုံးထဲမှာ မပါမဖြစ် “ဆား” လိုပါဝင်နေခဲ့ပါပြီ။ ဒါဟာတကယ်ဖြစ်လာနေတာပါ။ ကျွန်တော်တို့ရဲ့ ဘောပင်တွေ၊ စာရွက်တွေ၊ ကားတွေ၊ ကျွန်တော်တို့ မျက်မြင်သုံးစွဲနေတဲ့အရာတွေ အားလုံးဟာ စမတ်ကွန်ပျူတာပစ္စည်းတွေလို ဖြစ်လာနေပါပြီ။ ပြီးခဲ့တဲ့အပတ်ကတော့ မစ္စတာစတိဂျော့ဟာ ကွန်ပျူတာနာနိုနည်းပညာ ထည့်သွင်းထားတဲ့ iPod နဲ့ Apple TV ဗားရှင်းအသစ်တွေကို ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။ HP ကုမ္ပဏီမှာတော့ လက်ရှိအလွန်တရာသေးငယ်တဲ့ Ultrasmall Switches လို့ခေါ်တဲ့ Memristors မျိုးဆက်သစ်ပစ္စည်းတွေကို တီထွင်မှုမှာ ကုမ္ပဏီရဲ့ပညာရှင်တွေကပဲ ဦး ဆောင်လုပ်ကိုင်နေပါတယ်။ HP ရဲ့ Information and Quantum Systems Lab ရဲ့ဒါရိုက်တာ စတန်ဝီလီယံကတော့ “အခုဖြစ်နေတဲ့ဟာကတော့ ကျွန်တော်တို့ဟာ ဒေတာတွေထဲမှာ နစ်မြုပ်နေတာပါပဲ။ ဒေတာတွေရဲ့ပမာဏဟာ မမှန်းဆနိုင်တဲ့ပမာဏအထိ တိုးပွားလာနေပြီး ကျွန်တော်တို့သာ စနစ်တကျမတီထွင်နိုင်ဘူးဆိုရင် အသုံးမ၀င်တဲ့အရာတွေဖြစ်သွားမှာပါ” လို့ပြောပါတယ်။ သူပြောတာ မှန်တယ် ဆိုရင်တော့ Memristor တစ်ခုဟာ စူပါအစွမ်းနဲ့ ကွန်ပျူတာ Memory တွေကို အလွန်သေးငယ်အောင် ချုံ့နိုင်မှာပါ။ ကွန်ပျူတာချစ်ပ်တစ်ခုဟာ ကနေ့ခေတ်သုံးနေတဲ့ကွန်ပျူတာ Disk Drive တစ်ခုလုံးနီးပါး ဒေတာပမာဏတွေကို သိုလှောင်နိုင်မှာဖြစ်ပါတယ်။ ရှေ့မှာ နာနိုနည်းပညာကြောင့် ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ မတွေးရဲလောက်အောင်ပါပဲ။ ဒါပေမဲ့ ဒီနေ့တီထွင်ထားတဲ့ ကွန်ပျူတာနည်းပညာပါဝင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ်မြူးဇစ်ပလေယာတွေ၊ ကင်မရာတွေ၊ ဆဲလ်ဖုန်းတွေကို ကြည့်ပါလေ။ မစ္စတာဝီလီယံအတွက်ကတော့ ဒေတာပမာဏအများအပြားမှာရှိတဲ့ မြန်နှုန်း Speed ဟာ အလွယ် Access လုပ်နိုင်မှာဖြစ်ပြီး ဒီကိစ္စဟာ Storage ပိုင်းရဲ့ ဒေတာပမာဏလိုပဲ အရေးပါတယ်လို့ဆိုပါတယ်။ ဒီအတွက်ဥပမာကတော့ Central Nervous System for the Earth (CENSE) ပရောဂျတ်ကိုပဲ ကြည့်ပါလို့သူကပြောပါတယ်။ Sensor ပေါင်းသန်းချီရှိတာကို အခြေခံထားတဲ့ CENSE ဟာ ယခင်က မြေအောက်ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေကို ခန့်မှန်းပုံဖော်ကြည့်တာထက် ပိုကောင်း၊ ပိုကြည်လင်တဲ့ သရုပ်ဖော်ချက်တွေကို ပြုလုပ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ နာနိုနည်းပညာလောကအတွက် အန္တရာယ်အစစ်ကတော့ Moore's Laws ဥပဒေသတွေမမှန်ရင်၊ ပျက်စီးသွားရင် ဘာဖြစ်လာမလဲဆိုတာပဲဖြစ်တယ်လို့ Rice တက္ကသိုလ်မှ နာနိုသိပ္ပံပညာရှင် ဂျိမ်းစ်တောကပြောပါတယ်။ ၎င်းက “Moore's Law သာရပ်သွားနိုင်ရင်တော့ Semiconductor တွေဖန်တီးရတာဟာ ကားတွေ၊ ဖိနပ်တွေလုပ်ရသလို ဖြစ်သွားမှာပေါ့” လို့ပြောတယ်။ သူက စွမ်းဆောင်ရည် Performance ပိုင်းမှာ ပုံမှန်တိုးမလာတဲ့ Product တွေကို ရည်ညွှန်းပြောတာပါ။ နောက်တစ်နည်းဆိုရရင်တော့ Computing နည်းပညာနဲ့ပတ်သက်လို့ ပြောင်းလဲမယ့် တစ်ခုထဲသောအရာက ငါးမြီးဆူးတောင်လို ပုံစံချစ်ပ်တွေပါပဲ။
Ref: 'Computers as Invisible as the Air, New Yourk Time.
  credit by...http://www.myanmaryouth.info/

0 comments:

k

}

လစဉ်အလိုက် တင်ခဲ့သောပိုစ့်များ

ဘယ်နိုင်ငံမှ ကြည့်ပါသလဲ

Back to Home!